Saturday, May 23, 2015

အိမ်ထောင်ပြုလိုက်တဲ့အခါ ဒီလို ကျန်းမာရေးကောင်းကျိုးတွေကို ရရှိခံစားနိုင်တာ


အိမ်ထောင်ပြုလိုက်တဲ့အခါ လူတွေသတိထားမိတာက ဘယ်မှာအတူနေကြသလဲ။ ကလေးဘယ်နှစ်ယောက် ယူကြမှာလဲ စတာတွေပါပဲ၊ တကယ်တော့ အိမ်ထောင်ပြုလိုက်တဲ့အခါ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။၁။နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်းနည်းပါးသွားမယ်။

လေ့လာတွေ့ရှိချက်တွေအရ အိမ်ထောင်သည်တွေဟာ တစ်ကိုယ်တည်းသမားတွေ၊ အိမ်ထောင်ကွဲတွေ၊ မုဆိုးဖို၊ မုဆိုးမ စသူတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်း နည်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးမှာ တစ်ဦးအပေါ် တစ်ဦး နာလည်မှု မပေးနိုင်တာကြောင့် စိတ်ညစ်နေရသူတွေ၊ စိတ်ဓာတ်ကျနေသူတွေ ဆိုရင်တော့ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါမျိုးတွေ ဖြစ်ပွားနိုင်တာကိုလည်း သတိထားရမှာပါ။

၂။အရိုးအဆစ် ပိုကျန်းမာလာမယ်။

အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ အရိုးအဆစ်ပိုင်းဆိုင်ရာ ကျန်းမာမှုဟာ သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ ဆက်နွယ်နေတယ်လို့လည်း ဆေးပညာပိုင်းဆိုင်ရာ သုတေသီတွေက ဆိုထားပါသေးတယ်။ အရိုးအဆစ်တွေ ပိုသန်မာလာတယ်ဆိုတာကိုတော့ အသေအချာ ပြောပြထားပါတယ်။

၃။သောက်တတ်တဲ့ အိမ်ထောင်သည် အမျိုးသမီးတွေက အမျိုးသမီးတွေကတော့ အရင်ထက် ပိုသောက်နိုင်လာမယ်။

နောက်တစ်ချက်ကတော့ သောက်တတ်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ တစ်ကိုယ်တည်းသမားတွေ၊ အိမ်ထောင်ကွဲအမျိုးသမီးတွေထက် ပိုသောက်နိုင်လာပါတယ်တဲ့။ ဒါဟာ အမျိုးသားကြောင့်လည်း ဖြစ်နိုင်သလို၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည် အမျိုးသားတွေကကျတော့ အိမ်ထောင်ကွဲ အမျိုးသားတွေ သောက်သလောက်ကို မသောက်နိုင်တော့ဘူးလို့လည်း သိရပါတယ်။

၎။အိမ်ထောင်ရေးသာယာတာနဲ့အမျှ ခန္ဓာကိုယ်အချိုးအစားပိုင်းလည်း ပိုလှလာကြတယ်။

သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အချိုးအစားပိုင်း ပိုမိုလှပကြတယ်လို့လည်း သိရပါတယ်။ ငေးလောက်အောင် မလှရင်တောင် အိမ်ထောင်ပြုလိုက်လို့ ဖြစ်သလိုနေထိုင်သလိုမျိုး ပုံပျက်သွားတာမျိုး မရှိပါဘူးတဲ့။

၅။အိမ်ထောင်သည် အမျိုးသားတွေကတော့ ၀ိတ်တက်မှာကို ပိုဂရုစိုက်သင့်တယ်။

အိမ်ထောင်ပြုလိုက်ရင် အမျိုးသမီးတွေပဲ ၀လာတယ်လို့ ပြောလေ့ရှိပါတယ်၊ အမှန်တကယ်က အိမ်ထောင်သည် အမျိုးသားတွေဟာ တစ်ကိုယ်တည်းသမားတွေထက် ၀ိတ်ပိုတက်လေ့ရှိတာမျိုးကိုလည်း သုသေတီတွေက စာရင်းပြုစုထားပါသေးတယ်။

Ref:womenshealthmag.com
ဟန်နီ 
Trend Myanmar

0 comments:

Post a Comment