Thursday, May 21, 2015

ဘင်္ဂါလီဒုက္ခသည်များကို မြန်မာနိုင်ငံက လက်ခံရေးအတွက် အစ္စလာမ်အဖွဲ့အစည်းများ မလေးရှားရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို

မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသူများ(ဓာတ်ပုံ−အီးပီအေ)

လှေစီးဒုက္ခသည် ဘင်္ဂါ လီ(ရိုဟင်ဂျာ)များကို မြန်မာအ စိုးရက လက်ခံပေးရေးနှင့် တရား ၀င်လူမျိုးအဖြစ် အသိအမှတ်ပြု ရေးအတွက် မလေးရှားနိုင်ငံ NGO အဖွဲ့နှင့် မလေးရှားနိုင်ငံဆိုင်ရာ အစ္စလာမ်မစ်ပါတီ (PAS) တို့ က ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် မေလ ၂၁ ရက်က လာရောက်တောင်းဆို ဆန္ဒပြခဲ့ကြောင်း သ တင်းရရှိသည်။ဆန္ဒပြသူများသည် မြန်မာ သံအမတ်ကြီးနှင့် တွေ့ဆုံလို ကြောင်း အတင်းအကျပ်တောင်း ဆိုခဲ့ကြပြီး ၎င်းတို့တောင်းဆို သော စာချွန်လွှာကို မြန်မာသံရုံး က လက်မခံသောကြောင့် သံရုံး ဂိတ်တံခါးကို တွန်းထိုးလှုပ်ယမ်း ခြင်း၊ စာချွန်လွှာကို ဆုတ်ဖြဲ ကာ သံရုံးဝင်းအတွင်းသို့ ပစ်သွင်းခြင်းစသည်ဖြင့် ကြမ်းတမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မေလ ၂၁ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီအတွင်း မလေးရှားနိုင်ငံ MaSSSA (NGO) ၀န်ထမ်း လူ ၅၀ ခန့် သည် မြန်မာသံရုံးရှေ့သို့ လာရောက်ပြီး လှေစီးဒုက္ခသည်များအား မြန်မာအစိုးရက လက်ခံပေးရန်နှင့် တရားဝင်လူမျိုးအဖြစ် အသိအမှတ်ပြုရန် မြန်မာသံရုံးရှေ့သို့ လာရောက်တောင်းဆို ဆန္ဒပြခဲ့ကြသည်။ MaSSSA ဥက္ကဋ္ဌနှင့် ပါလီမန်အမတ်တို့သည် သံအမတ်ကြီးနှင့် တွေ့ဆုံလိုကြောင်း ပြောကြားပြီး ၎င်းတို့ တောင်းဆိုသော အချက်များကို ပြောကြားခဲ့သည်။

နံနက် ၁၁ နာရီတွင် မလေး ရှားနိုင်ငံဆိုင်ရာ အစ္စလာမ်မစ်ပါ တီ (PAS) မှ လူဦးရေ တစ်ရာခန့် သည် မြန်မာသံရုံးရှေ့သို့ ထပ်မံ လာရောက်တောင်းဆိုဆန္ဒပြခဲ့ပြီး PAS ပါတီ ဒုဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးတို့သည် သံအမတ်ကြီးနှင့် တွေ့ဆုံလိုကြောင်းပြောရာ သံအ မတ်ကြီးက တွေ့ခွင့်မပေးသဖြင့် ကြမ်းတမ်းစွာ ဆန္ဒပြတောင်းဆို သွားကြောင်း မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ အဖွဲ့နှစ်ဖွဲ့က တစ်ရက်တည်းတွင် လာရောက် ဆန္ဒပြတောင်းဆိုခဲ့ရခြင်း ဖြစ်သည်။

‘‘အဖွဲ့နှစ်ဖွဲ့က လာပြီးဆန္ဒ ပြတာပါ။ ရိုဟင်ဂျာတွေကို လက် ခံပေးဖို့အတွက် တောင်းဆိုတာ ပါ။ ဒါဟာ ကျွန်တော်တို့ လူမျိုး မှမဟုတ်တာ လက်မခံပါဘူး။ သူ တို့က သံမှူးနဲ့တွေ့ခွင့်တောင်း တယ်။ ကျွန်တော်တို့က မတွေ့ပါ ဘူး’’ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆန္ဒပြသူများသည် Myan-mar out from Malaysia, Save RohinGya စသည့် ဆိုင်းဘုတ် များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ သည်ဟု ဆိုသည်။

‘‘အော်ဟစ်ငိုပြီးတော့ ဆန္ဒပြတာ။ မြန်မာတွေ မလေးရှားကနေ ထွက်သွားဆိုတဲ့ ဆိုင်းဘုတ်တွေ လည်း ကိုင်ထားသေးတယ်။ နောက်ပြီး သံရုံးထဲကိုလည်း ၀င်ဖို့ ကြိုးစားကြသေးတယ်။ ဒီရက်ပိုင်း အတွင်းမှာ မြန်မာတွေ သတိထား ပြီး သွားလာစေချင်တယ်’’ ဟု မြန်မာသံရုံးအနီး နေထိုင်သော မြန်မာလုပ်သားတစ်ဦးက ပြော သည်။

ရွှေ့ပြောင်းဝင်ရောက်လာ သူများနှင့် လှေစီးဒုက္ခသည်များ အရေး ဆွေးနွေးရန် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က ဖိတ်ခေါ်ထားသည့် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာအစိုးရ တက်ရောက် ဆွေး နွေးမည်ဟု သတင်းရရှိသည်။

ထိုင်းနိုင်ငံတောင်ပိုင်းသို့ ၀င် ရောက်လာသူများ၊ ကပ္ပလီပင် လယ်ပြင်နှင့် မလက္ကာရေလက် ကြားတွင် ကမ်းကပ်မရဘဲ ဒုက္ခ ရောက်နေကြသော လှေစီးဒုက္ခ သည်များသည် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်မှ လာရောက်ကြသည့် ရိုဟင်ဂျာများဖြစ်သည်ဟု ထိုင်း ၀န်ကြီးချုပ်က ပြောကြားထား သည်။ လှေစီးဒုက္ခသည်များအား မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် ခွင့် မပြုရန် အမျိုးသားရေးလှုပ် ရှားသူများက မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ဆန္ဒပြကန့်ကွက်ရန် ပြင်ဆင်နေသည်ဟု သတင်းရရှိ သည်။

7Day Daily

0 comments:

Post a Comment