Wednesday, May 6, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်နှင့် ဆာဘီးယား ဘာကြောင့်သွားသလဲ


ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်နှင့် ဆားဗီးယားနိုင်ငံများသို့ ယမန်နေ့က သွားရောက် ရာ ၎င်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်နှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါသွားကြပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံရှိ အစိုးရ ၊ တပ်မတော် တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ့ တပ်မတော်နှင့် ပါကစ္စတန်တပ်မတော်၊ ဆားဗီးယားနိုင်ငံ တပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး အထင်ကရနေရာများနှင့်အကြီးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လေ့လာကြည့်ရှုသွားမည်ဟု သိရသည်။ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပါကစ္စတန် ရေတပ်ဦးစီးချုပ်အပြင် ပါကစ္စတန်နိုင်ငံ National Defence University (NDU) မှ လေ့လာရေးကိုယ်စားလှယ်အဖွဲလာရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး၏ ယခုခရီးစဉ်နှင့် ပတ်သက်ပြီး စစ်ဘက်သတင်းရပ်ကွက်အဆိုအရ စစ်လက်နက်ပစ္စည်း သစ်များ ၀ယ်ယူရေး အတွက် ဖြစ်နိုင်ပြီး၊ ပြီးခဲ့သည့်နှစ်က မြန်မာတပ်မတော်သည် ပါကစ္စတန်နိုင်ငံမှ ရေငုတ်သင်္ဘောဝယ်ယူရန်ကြိုးစားနေပြီး မြန်မာ့တပ်မတော်ရေမှ အုပ်စုတစု လည်း သင်တန်းများ တက်ရောက်နေသည်ဟု ပြီးခဲ့သည့်နှစ်က သတင်းများထွက်ပေါ်ခဲ့သည်။

ဧရာဝတီ

0 comments:

Post a Comment