Thursday, October 20, 2016

ခရီးသည်များ အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ ရေယာဉ်တိမ်းမှောက်မှု ထိရောက်စွာ အရေးယူဆောင်ရွက်ရေး

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်မှာ ချစ်တွင်းမြစ်အတွင်း ဟုမ္မလင်းမြို့နဲ့ မုံရွာမြို့သွား အောင်စိုးမိုးကျော်ရေယာဉ် ကျောက်ဆောင်တစ်ခုကို ကွေ့ရှောင်ရင်းက နစ်မြုပ်ခဲ့ပါတယ်။ သဘောင်္စီးခရီးသည် ၇၀ ကျော် ရေနစ်သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်မတန် ထိတ်လန့်ကြေကွဲဖို့ကောင်းတဲ့ အဖြစ်အပျက်ပဲဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီသတင်းကြောင့် တတိုင်းပြည်လုံးက ပြည်သူတွေလည်း ၀မ်းနည်းကြေကွဲကြရပါတယ်။ ရေနစ်ကွယ်လွန်သွားကြရတဲ့ ကာယကံရှင်များရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေအဖို့လည်း...

Wednesday, October 19, 2016

ထိုင်းအိမ်ရှေ့စံမင်းသား နန်းခံပါက မိဖုရား ဘယ်သူဖြစ်မည်ကို မသိကြသေးဟု ဆို

အသက် ၆၄ နှစ်ရှိ ထိုင်းအိမ်ရှေ့မင်းသား ၀ဇီရာလောင်ကွန်း၏ ရှုပ်ထွေးသော အချစ်ဇာတ်လမ်းများနှင့် ပတ်သက်၍ လူသိ ရှင်ကြား ပြောကြားခြင်း မရှိသော်လည်း ဝေဖန်သူများကမူ အိမ်ရှေ့ မင်းသား၏ ချစ်သူများစွာနှင့် ဇာတ်လမ်းများမှာ တော်ဝင်အချစ် ဇာတ်လမ်း မျှသာ မဟုတ်ဘဲ နိုင်ငံကို ဦးဆောင်ရန် သင့်တော်သည့် စရိုက်လက္ခဏာ ရှိမရှိ ဆိုသော မေးခွန်းများ ပေါ်ပေါက်စေမည်ဟု ထိုင်းနိုင်ငံရေး လေ့လာသူများက ဆိုသည...

Tuesday, October 18, 2016

အစိုးရကိုင်တွယ်နေတဲ့ မောင်တောအရေး

ဒီတကြိမ် ရခိုင်ပြည်နယ်၊ မောင်တောဘက် ပြဿနာတက်တော့ အစိုးရက အလျင်အမြန် ကိုင်တွယ်ဖြေရှင်းတာ တွေ့ရသလို သတင်းထုတ်ပြန်တာလည်း မြန်တယ်။ အကျိုးဆက်က အကြမ်းဖက်တိုက်ခိုက်မှု ဆိုတာ ထင်ထင်ရှားရှား ပေါ်လွင်ခဲ့ပြီး ခုချိန်ထိ တခြား အရေးဘက် ကူးစက်မသွားဘူး။ အောက်တိုဘာ ၁၇ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ မောင်တောအရေး သတင်းစာရှင်းလင်းပွဲကလည်း အစိုးရ ကိုင်တွယ်လုပ်ဆောင်နေပုံတွေ ပိုပြီး သိလာရတယ...

Monday, October 17, 2016

ချင်းတွင်းမြစ်ထဲမှာ... သူတို့ ချင်းတွင်းမြစ်ထဲမှာ

(၁) ‘‘အဲဒီနေ့က ကျွန်မကိုယ်တိုင် က လေးတွေနဲ့အတူ အမြန်ယာဉ်ဆိပ် ကို လိုက်ပို့ကြတာ။ သီတင်းကျွတ် အခါ ကျောင်းပိတ်ရက်ဆိုတော့ ကျွန်မတို့ အထက်ချင်းတွင်းတစ် ကြောမှာ တာဝန်ကျတဲ့ဆရာမ တွေအားလုံးလိုလို အိမ်ပြန်ကြ တာလေ။  မုံရွာ၊ စစ်ကိုင်းနဲ့ တခြား မြို့နယ်တွေကနေလာပြီး တာဝန် ထမ်းဆောင်ကြရသူတွေပေါ့။ ခု တော့သူတို့တတွေ သူတို့အိမ်ကို လည်း မရောက်နိုင်ကြတော့ဘူး။ သူတို့ စာသင်ပြနေတဲ့ သူတို့ရဲ့ တပည့်လေးတွေရှိတဲ့ စာသင် ကျောင်းတွေဆီကိုလည်း ပြန်မ လာနိုင်ကြတော့ဘူး။ ချင်းတွင်း...

ပြည်သူချစ်တဲ့ ထိုင်းဘုရင်မင်းမြတ် ကံအကုန်နဲ့ အနာဂတ်ထိုင်းနိုင်ငံအရေး

ထိုင်းပြည်သူလူထု တရပ်လုံးက လေးစားကြည်ညို တန်ဖိုးထား အလေးအမြတ်ထားခဲ့တဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်တဲ့ ဘူမိဘောအဒူလျာဒက်ကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်မှာ နတ်ရွာစံ သွားခဲ့ပြီ ဖြစ်ပါတယ်။ နတ်ရွာစံချိန်မှာ အသက် ၈၈ နှစ်ရှိပြီ ဖြစ်ပါတယ...

Wednesday, October 12, 2016

ထိုင်းဘုရင် ကံတော်ကုန်မည့်နေ့

ဘုရင်ဘူမိဘော ကျန်းမာရေးအတွက် ဆုတောင်းနေသော ထိုင်းပြည်သူများ (Athit Perawongmetha/reuters) ထိုင်းနိုင်ငံသည် နိုင်ငံတစ်သက် တွင်တစ်ခါ ကြုံရမည့်ဖြစ်ရပ်တစ် ခုတွက် ပြင်ဆင်နေကြသည်။ ဘုရင်နတ်ရွာစံ ကံတော်ကုန်တော့မည့်အရေးဖြစ်သည်။ ထိုင်းပြည်သူလူထု လွန်စွာ မြတ်နိုးလေးစားကြသော ထိုင်းဘုရင် ဘူမိဘောသည် ဆီရာရာတ်ဆေးရုံကြီး၌ နတ်ရွာစံရန် အလွန် နီးကပ်နေပြီး နိုင်ငံ၏ ဦးသျှောင် အဖြစ် သူ၏တာဝန်များကို မထမ်းဆောင်နိုင်တော့ဟုဆိုသည်။...

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားခြင်းက မြန်မာအတွက် ဘာထူးလာမလဲ (အမေရိကန်သံအမတ်နှင့် သီးသန့်အင်တာဗျူး)

(မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scot Marciel နဲ့ မဇ္ဈိမရဲ့ Managing Director ဦးစိုးမြင့်တို့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဖို့ အခွင့်အလမ်းကြီးကြီးမားမား ရှိနေတယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးလိုက်တာကြောင့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေ ပိုထွက်လာမယ်လို့လည်း Scot Marciel က ပြောပါတယ်။ ဤအင်တာဗျူးကို စီးပွားရေးနဲ့ ပတ်သက်တဲ့အပိုင်းတွေကို ထုတ်နုတ်တင်ပြထားတာဖြစ်ပြီး...

Tuesday, October 11, 2016

လူအများ ကန့်ကွက်မှု ရှိနေသော်လည်း ကန်တော်ကြီး အတွင်းရှိ ယခင်ငါးပြတိုက်ဟောင်း နေရာတွင် ပြုလုပ်မည့် မိုးပျံပူဖောင်း စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်က ခွင့်ပြုပေးခဲ့

ကန်တော်ကြီး အတွင်းရှိ မိုးပျံပူဖောင်း စီမံကိန်း ပြုလုပ်မည့် နေရာအား တွေ့ရစဉ် လူအများ ကန့်ကွက်မှုများ ရှိနေသော်လည်း ယခင်ကန်တော်ကြီး ငါးပြတိုက်ဟောင်း နေရာတွင် ရန်ကုန်မြို့၏ မြင်ကွင်းအား အပေါ်စီးမှ ကြည့်ရှုနိုင်မည်ဆိုသည့် Hydrogen Ballon မိုးပျံပူဖောင်း စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသ...

Monday, October 10, 2016

မြစ်ဆုံမှာ ပေးခဲ့တဲ့ ကတိတွေ မမေ့ကြပါနဲ့

မြစ်ဆုံ စီမံကိန်း ဆိုင်းဘုတ်ကို တွေ့ရစဉ် မြစ်ဆုံရေကာတာစီမံကိန်း ယာယီရပ်ဆိုင်းထားတာ ၅ နှစ်ရှိပြီဖြစ်ပေမယ့် ဒေသခံ ကချင်တိုင်းရင်းသား တဦးဖြစ်တဲ့ ဦးမုန်ရာကတော့ စီမံကိန်းကို အပြီးသတ် ရပ်ဆိုင်းစေချင်တာကြောင့် ယနေ့ထိ မကျေနပ်နိုင်သေးဘူးလို့ ပြောပါတယ်။ စီမံကိန်းစတင်ချိန်က ပြောင်းရွှေ့မရလို့ ထားခဲ့ရတဲ့ သူ့ရဲ့ လယ်တွေ၊ ကျွဲတွေနဲ့ ဝါးရုံပင်တွေကို ပြန်လိုချင်တယ်လို့ မကြာခဏ မြည်တွန်တောက်တီးနေပါတ...

Saturday, October 8, 2016

ပြည်သူ့ဘက်တော်သား လူ့အခွင့်အရေးကော်မရှင် အလိုရှိသည်

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလူငယ်တစုက စက်တင်ဘာ ၂၁ရက်နေ့ နေ့လည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ) မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်ပြီး အရင်က လူတွေ သိပ်မသိခဲ့ကြပါဘူး။ ဒါပေမယ့် အင်းဝအပ်ချုပ်ဆိုင် အိမ်တွင်းအလုပ်သမား မိန်းကလေးငယ်နှစ်ယောက်ကို နှိပ်စက်ညှင်းပမ်းမှုအပေါ် ကော်မရှင်က ၀င်ရောက်ဖြေရှင်းခဲ့ရာမှာ နည်းလမ်းမမှန်လို့ လူဝေဖန်ခံရပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေရဲ့...

Friday, October 7, 2016

ဖိလစ်ပိုင် သမ္မတကို အမေရိကန် ကြိုးစား လျစ်လျူရှုနေရ

စက်တင်ဘာ ၃၀ ရက်နေ့က ဒါဗာအို နိုင်ငံတကာ လေဆိပ်တွင် တွေ့ရသော ဖိလစ်ပိုင် သမ္မတ ဒူတာတေး (ဓာတ်ပုံ - Reuters) ယခုအခါ အမေရိကန် အရာရှိများမှာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ ရန်လိုသော စကားများကို လျစ်လျူရှုရန် အကောင်းဆုံးကြိုးစားပြီး သူသည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လျှော့ချရန် စကားများကို လက်တွေ့ အကောင်အထည် မဖော်သေးသဖြင့် စိတ်သက်သာရာ ရနေကြသည်။ အမေရိကန် အနေဖြင့် သမ္မတသစ်ကို ထပ်မံ ဒေါသပေါက်ကွဲမှု ဖြစ်စေရန် အခြေအနေမျိုး မပြုလုပ်မိရန်...

Thursday, October 6, 2016

ဝနဲ့ မိုင်းလား တကယ်ပြေလည်မှာလား

UWSA ၏ စစ်ရေးပြအခမ်းအနားတခု (ဓာတ်ပုံ – SHAN) မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲ အင်အားအကြီးဆုံးအဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) နဲ့ သူ့ရဲ့ အနီးကပ်ဆုံး ညီနောင်မဟာမိတ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) တို့အကြားမှာ စက်တင်ဘာလကုန်ရက်ပိုင်းက အများမျော်လင့်မထားတဲ့ စစ်ဘက်ဆိုင်ရာ ပြဿနာ တရပ်ဖြစ်ပွားခဲ့ပါတယ်...

အစိုးရသစ် ခေါင်းခဲစရာ လူကုန်ကူးမှုပြဿနာ

လူကုန်ကူးရာတွင် အသုံးပြုသော သင်္ဘောတစီးကို ၂၀၁၅ ခုနှစ်အတွင်း ဖမ်းဆီးရမိရာ ကုလသမဂ္ဂ အရာရှိများ စစ်ဆေးနေစဉ် (ဓာတ်ပုံ – Reuters) ပြီးခဲ့တဲ့ စက်တင်ဘာလ က အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ ပိတ်ဆို့ခဲ့တဲ့ GSP- (Generalized System of Preference) အကျိုးခံစားခွင့်ကို ပြန်လည်ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတ...

“ရွှေကို စုဆောင်းမှု အတွက် ရင်းနှီးမြှုပ်နှံမှု တခုအနေနဲ့သာဝယ်ပါ”

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးအောင်ဆန်းဝင်း ( ဓာတ်ပုံ- မြတ်ပြည့်ဖြိုး/ ဧရာဝတီ) ၂၀၁၆ခုနှစ်၊ အောက်တိုဘာ ပထမပတ် အတွင်းမှာ ဒီနှစ်အတွက် စံချိန်တင်ရွှေဈေး ဖြစ်တဲ့ ၈၉၉၈၀၀ ကျပ် အထိ ဖြစ်သွားခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးအတက်အကျက ဘာတွေပေါ် မူတည် ပြောင်းလဲနေတာလဲဆိုတာ သိရှိဖို့အတွက် အောင်သမာဓိ ရွှေဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းမှ တာဝန်ရှိသူတဦးဖြစ်သလို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်က ဗဟိုအလုပ် အမှုဆောင်တဦးဖြစ်တဲ့...

Wednesday, October 5, 2016

မီးဖိုချောင်သန့်ရှင်းဖို့ သင့်မှာ ရှိထားသင့်တဲ့ အကျင့် (၇) ခု

မီးဖိုချောင်ပစ္စည်းတွေ နေရာချမှုကလည်း အရေးကြီးပါတယ်။ play ၁ - ပေါင်းမရှင်းနဲ့ အားလုံးချက်ပြုတ်ပြီးမှ ပေါင်းရှင်းတာမျိုး မလုပ်ပါနဲ့။ ချက်ရင်းပြုတ်ရင်း တွေ့တဲ့အမှိုက်ကို အမှိုက်ပုံးထဲ ထည့်ရင်း ရှင်းသွားပ...

Sunday, October 2, 2016

မနက်စောစောမှာ ကော်ဖီလုံးဝ မသောက်သင့်တဲ့ အကြောင်းရင်း

ကျန်းမာရေးအရ ကော်ဖီလုံးဝ မသောက်သင့်တဲ့ အချိန်တွေ ရှိပါတယ်။ play မနက်ခင်းမှာ ကော်ဖီသောက်တာဟာ လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာရေးအတွက် လုံးဝမကောင်းမွန်ကြောင်း သုတေသီတွေက ထောက်ပြလိုက်ပြန်ပါတယ်။ အထူးသဖြင့် မနက်အစောပိုင်း(အိပ်ရာထပြီးကာစ) အချိန်မှာ ကော်ဖီ မသောက်သင့်ဘူးလို့ ဆိုပါတယ...

ဒူတာတီ ဘယ်သူလဲ

ယခုမနက် မူးယစ်ဆေးဝါး နှိမ်နင်းရေး အကြောင်းကို ဆွေးနွေးပါမယ်။ မူးယစ်ဆေးဝါးကို ဘယ်လိုနှိမ်နင်းရမယ်ဆိုတာကို ဆွေးနွေးမှာတော့ မဟုတ်ပါဘူး။ ဘယ်လိုမနှိမ်နင်းရဘူးဆိုတာကို ဆွေးနွေးမှာပါ။ ကိုင်စွဲရမယ့် အခြေခံမူက တစ်ခုတည်းဖြစ်ပါတယ်။ ဒူတာတီနောက်ကိုမလိုက်ဖို့...

အခွန်ကောက်ခံမှုဖြင့် တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်ရေးကို အလေးပေး လုပ်ဆောင်သင့်

မြန်မာနိုင်ငံ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အလုံးစုံ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ပြည်သူ များ အနေဖြင့် လက်ရှိအစိုးရကို ယုံကြည်ကိုးစားစွာဖြင့် ရွေးချယ် တင်မြှောက်ခဲ့ကြပြီး ဖြစ်သည်။ ထိုကဲ့သို့ ဘက်စုံ တိုးတက် ဖွံ့ဖြိုးရန် အတွက် ဆောင်ရွက်နိုင်ရန်လိုအပ် သောဘဏ္ဍာငွေ များ ရရှိအောင် ရသင့်ရထိုက်သည့် အခွန်များကို ထိထိရောက်ရောက်ကောက်ခံနိုင် ရန်မှာ အရေးကြီးသော လိုအပ်ချက် တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း အခွန်ထမ်း များ အတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်အောင် စိစစ်ကြပ်မတ်...

ခိုးကူးခွေပပျောက်ရေး ရက်တစ်ရာစီမံချက်နှင့် ပြည်သူ့အသံ

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှ ထွက်ပေါ်လာသည့် အကောင်အထည်ဖော်ရန် အချက်ရှစ်ချက်အနက် တစ်ခုအပါအ၀င်ဖြစ်သော ခိုးကူးခွေပပျောက်ရေး ပညာပေးရက်တစ်ရာစီမံချက်ကို အောက်တိုဘာ ၁ ရက်တွင် စတင်နေပြီဖြစ်ပြီး ပညာပေးကာလအရေးယူမှုမရှိသေးသော်လည်း ဖမ်းဆီးမှုများ စတင်နေပြီဖြစ်ရာ မြို့နယ်အသီးသီးတွင် နိုင်ငံခြားဇာတ်ကား အများစုသာရောင်းချလေ့ရှိသည့် လမ်းဘေးအခွေဆိုင်လေးများမှာ ယင်းစီမံချက်မတိုင်မီ စက်တင်ဘာလကုန်ပိုင်းကပင် ပိတ်သိမ်းထားပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားဇာတ်ကားများ၊...

အဲယားကွန်း နှင့် အိပ်စက်လျှင်

တစ်နေ့သော နံနက် စောစောတွင် ရန်ကုန်မြို့မှ စာရေးသူ၏ မိတ်ဆွေလည်းဖြစ် အလင်းသစ် စာပေနှင့် စာအုပ်တိုက် ပိုင်ရှင်လည်း ဖြစ်သူ ဦးဉာဏ်အောင် ထံမှ ဖုန်းဆက်လာသည်။ သူသည် ကျန်းမာရေးကို အထူး ဂရုစိုက်သူ ဖြစ်ပြီး အနေအထိုင်ရော ၊ အစားအသောက် ပါ ဆင်ခြင်သူလည်း ဖြစ်သည်။ မန္တလေးသို့ သူ၏ ကုန်သွယ်ရေးနှင့် သက်ဆိုင်သော သင်တန်း ပို့ချရန် ရောက်ရှိသော အခါတွင်လည်း စာရေးသူ၏ မုဒြာအကြောပြင် ဆေးခန်းသို့ အမြဲမပြတ် ၀င်လာပြီး သူ့ ကျန်းမာရေး အခြေအနေကို တင်ပြလေ့ ရှိသူဖြစ်သည်။ တစ်နေ့...

ဒါတွေဖြစ်နေပြီဆိုရင် အချိုလျှော့စားပါ

ဒီအချက်တွေ ခံစားနေရပြီဆိုရင် အချိုလျှော့စားဖို့ လိုအပ်နေပါပြီ။ play ၁။ ဦးနှောက်ထိုင်းမှို...

စီးပွားရေးနှေးကွေးလေးလံမှု ပြယုဂ်ဖြစ်နေသော ဒေါ်လာဈေးမြင့်တက်မှု

|| ၀သန် ||မြန်မာနိုင်ငံ၏ ငွေလဲနှုန်းသည် စက်တင်ဘာလ ၂၉ ရက်နေ့ ပြင်ပဈေးကွက် တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၂၆၀ ကျပ်ရှိကြောင်း သိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၁,၂၆၅ ကျပ် အထိ ပြင်ပပေါက်ဈေး တွင် ရှိလာခဲ့သည်။ အဆိုပါနှုန်းထားမှာ သမ္မတ ဦးသိန်းစိန် လက်ထက်က တစ်ဒေါ်လာ ၁,၃၀၀ ကျပ် အထိ ဖြစ်ခဲ့ပြီးနောက် ပိုင်းတွင် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ တစ်ဆက်တည်းတွင် အစိုးရသစ်လက်ထက် စီးပွားရေးနှေးကွေး လေးလံ မှုနောက်တွင် ယခု ဒေါ်လာဈေးတက်မှုနှင့် ကမ္ဘာ့ရွှေဈေး...

Friday, September 30, 2016

တစ်ရေးနိုးချိန်မှာ ဖုန်းကို စစ်ဆေးခြင်းက ကျန်းမာရေးကို ထိခိုက်စေ

လူအများစုက နိုးတာနဲ့ ဖုန်းကို မကြည့်ဘဲ မနေနိုင်ကြပါဘူး။ play ဒါဟာ သူ့အလိုလို ဖြစ်တတ်တဲ့ကိစ္စပါ။ ညဥ့်နက်သန်းခေါင် အိပ်ရာက ရုတ်တရက်နိုးလာချိန်မှာ ဘာရယ်လို့ မဟုတ်ဘဲ ဖုန်းကို ချက်ချင်းကောက်ကိုင်ပြီး စစ်ဆေးတတ်ကြပါတယ...

သင့်အသက်အရွယ်နဲ့ သင့်ရဲ့ ရင့်ကျက်မှု ထပ်တူ ကျရဲ့လား

သင့် ဦးနှောက်နဲ့ သင့် အသက် ထပ်တူညီမျှ ရှိလား မရှိလား သိချင်ရင် ဒီ Quiz လေးကို ခုပဲ ဖြေကြည့်လိုက်ပါ။ သင့် ရဲ့ ရင့်ကျက်မှု ကို လိုက်ပြီး သင့် အသက်အရွယ်ကို ခန့်မှန်းကြည့်ရအောင် . . . သင့်ဦးနှောက် အသက် ဘယ်လောက် ရှိပြီလဲ . ....

Wednesday, September 28, 2016

မြန်မာ့သစ်တော ထိမ်းသိမ်းရေးအတွက် အရေးပါတဲ့ စီမံခန့်ခွဲမှု

ရေရှည်ခံမယ့် သစ်တော ပြုပြင်ထိမ်းသိမ်းရေး အတွက် အရေးပါတဲ့ စီမံခန့်ခွဲမှုစံနစ် အကြောင်း သစ်တောပညာရှင် ဦးဝင်းမော်က ပြောပြပေးမှာပါ။ သစ်တော သယံဇာတနဲ့ နံမယ်ကြီးတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိမှာ သစ်တော စီမံခန့်ခွဲရေးနဲ့ ပါတ်သက်ပြီး ဘာတွေ လိုအပ်နေပါသလ...

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ ‘ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာရပ်’ဟောပြောပွဲမှ ဆွေးနွေးဟောပြောချက်များ

ဖြိုးထက်အောင် စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ လွှတ်တော်မီဒီယာခန်းမတွင်ပြုလုပ်ခဲ့သော ပါမောက္ခ ဒေါက် တာ အောင်ထွန်းသက်၏ ဟောပြောပွဲတွင် ”ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာရပ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောချက်များမှ သိသင့် သိထိုက် သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်သင့် မလုပ်သင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတစ်ခု လုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ သိထားရမှာတစ်ခုက ကိုယ့်နိုင်ငံတစ်ခုတည်း ပြုပြ...

ငွေကြေးဖောင်းပွမှုနဲ့ နှုတ်ဆိတ်နေတဲ့ဗဟိုဘဏ်

ဗဟိုဘဏ်ဥပဒေအရ ဒါရိုက်တာအဖွဲ့တွင် ဥက္ကဌတဦး၊ ဒုဥက္ကဌ ၃ ဦးနှင့် အစိုးရက ခန့်အပ်သော ဘဏ်လုပ်ငန်း ပညာရှင် ၅ ဦး စုစုပေါင်း ၉ ဦး တာဝန်ထမ်းဆောင်နေပါသည်။ (ဓာတ်ပုံ – Global New Light of Myanmar) ဗဟိုဘဏ်ဆိုတာ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အင်စတီကျူးရှင်း တခုဖြစ်သလို အစိုးရကို စီးပွားရေး၊ ငွေရေး ကြေးရေးနဲ့ ပတ်သက်ပြီး အကြံပေးရတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ဒါအပြင် တိုင်းပြည်ရဲ့ငွေရေးကြေးရေးစနစ် တည်ငြိမ်ဖို့နဲ့ စီးပွားရေးတိုးတက်လာဖို့အတွက် ပံ့ပိုးပေးရတဲ့...

Tuesday, September 27, 2016

ဒီမိုကရေစီ နိုင်ငံတော် နှင့် ဒီမိုကရေစီ ရဲတပ်ဖွဲ့

ရဲတပ်ဖွဲ့သမိုင်းအစ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သမိုင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ “ရဲတပ်ဖွဲ့”လို့ အမည် မပြောင်းခင် ပုလိပ် (Police) တပ်ဖွဲ့ကို စာရေးသူတို့ မြန်မာနိုင်ငံမှာ ထူထောင်ခဲ့တာ နှစ်ပေါင်း ၁၂ဝ နီးပါး ရှိခဲ့ပါပြီ။ ဒီကနေ့ မြန်မာ့တပ်မတော် ဖွဲ့စည်းခဲ့တာထက် နှစ်ပေါင်း ၆ဝ လောက်စောပြီး သက်တမ်း ရှည်ခဲ့တဲ့ တပ်ဖွဲ့...

ငြိမ်းချမ်းရေး အလှမ်းကျယ် အလယ်မလပ်စေလိုပါ

အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ကြည့်တဲ့အခါ a period of truce, esp one that is temporary and a preliminary step to establishing a more permanent peace on agreed terms ဆိုတဲ့ အချိန်ကာလတစ်ရပ် သတ်မှတ်ပြီး နှစ်ဖက် အပစ်ခတ်ရပ်စဲသာဖြစ်ပြီး ထာဝရ ငြိမ်းငြိမ်းချမ်းရေးကို သွားဖို့ ပထမအဆင့်အနေနဲ့ သဘောတူတာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုင်းရင်းသား...

ရင်ခွင်ပိုက် ကလေးငှားသည်

နံနက်စောစောဆိုလျှင်ပင် လှည်းတန်းခုံးကျော်တံတားအောက်တွင် ကြီးတော်အလုပ်ရှုပ်နေပြီ ဖြစ်သည်။ ကြီးတော်ဘေးတွင် ဆယ်နှစ်သားဝန်းကျင်အရွယ် ကောင်လေး သုံးဦးလည်းပါသည်။ ကောင်လေးသုံးဦးတွင်  အနှီးပတ်ထားသော လသားကလေးတစ်ဦးလည်း ပါလာသည်။  မကြာမီ အဖြူရောင်အင်္ကျီတစ်ခုကို ခေါင်းပေါင်းထားပြီး လွယ်အိတ်စလွယ်သိုင်း လွယ်ထားသည့် အမျိုးသမီးတစ်ဦးသည် ကြီးတော်ရှိရာသို့ ရောက်လာ၏။ ထို့နောက် ကလေးများထံမှ လသားကလေးကို ခေါင်းပေါင်းနှင့် အမျိုးသမီးထံ ကြီးတော်က လက်လွှဲပေ...

အနှိမ်ခံ အိမ်ဖော်များဘဝ

(CNN) မလေးရှားနိုင်ငံရောက် အင်ဒိုနီးရှား အိမ်ဖော်မလေး ဆူမာစရီ (ရေနွေးပူဖြင့် အလောင်းခံရပြီး နှိပ်စက်ခံထားရသည်) လူ့အခွင့်အရေး ထောက်ခံအားပေးနေသူများက ဟောင်ကောင်တရားရုံး၏ လုပ်ဆောင်မှုများကို ထောက်ခံခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ဟောင်ကောင်တရားရုံးသည် အင်ဒိုနီးရှား အိမ်ဖော်မလေးတစ်ဦး၏ အမှုကို တရားမျှတစွာ စီရင်ပေးခဲ့သောကြောင့် ဖြစ်ပါသ...

Monday, September 26, 2016

လော်နဲ့ အော်ပြီး မနှိပ်စက်ပါနဲ့

လော်စပီကာနှင့် အလှူခံသူများ (ဓာတ်ပုံ – သော်ဟိန်းထက်/ဧရာဝတီ) မန္တလေးမြို့မှာ ကမ္ဘာလှည့်ခရီးသွားတယောက် ဓမ္မာရုံက အသံချဲ့စက်ဖွင့်တဲ့ ကြိုးတွေကို ဆွဲဖြုတ်ခဲ့တာကြောင့် ပုဒ်မ ၂၉၅ အရ အမှုဖွင့်ထားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်း စက်တင်ဘာ ၂၃ ရက် ညပိုင်း (၁၀း၄၅ နာရီ)လောက်မှာ ဖြစ်ခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ အဓိက ပြဿနာက ဓမ္မစကြာ တရားတော်တွေရွတ် ဖတ်လို့ ဖြစ်တာမဟုတ်ဘဲ...

ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် ပြည်သူလူထု ငွေကြေးဆုံးရှုံးမှုများကြောင့် ဝေဖန်မှုများ မြင့်တက်နေသော Multi-level Marketing- MLM (ဆင့်ပွား ရောင်းဝယ်ရေး လုပ်ငန်း) များနှင့် ပတ်သက်၍ ယင်းဈေးကွက်ရေးရာပိုင်းကို နားလည် တတ်ကျွမ်းသူ တစ်ဦးဖြစ်သည့်အပြင် ဥပဒေရေးရာ ပညာရှင် တစ်ဦးဖြစ်သည့် ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံ၍  ယင်းလုပ်ငန်း၏ လူထုအပေါ် ဆိုးကျိုး သက်ရောက်စေမှုနှင့် မည်သို့ အရေးယူ ဆောင်ရွက်သင့်ပုံများကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ Voice : MLM...

Sunday, September 25, 2016

ဒီချုပ်အဖြေထုတ်ရမယ့် ပုစ္ဆာ

မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်မှာ ဥပဒေပြဋ္ဌာန်းခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ အမိန့်အမှတ် (၂၃/ ၂၀၁၄) နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ် ပါတယ်။ အခုဆိုရင် သက်တမ်း အားဖြင့် ၂ နှစ်ကျော်လာခဲ့ပါပြီ။ ဥပဒေအရ သူ့ရဲ့သက်တမ်းက တော့ ငါးနှစ်ဖြစ်ပါတယ်။ သို့ပေ မဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ် ဦးနဲ့ ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကို ရာထူးက ရပ်စဲနိုင်တယ်လို့လည်း   ဥပဒေက ပြဋ္ဌာန်းထားပါတယ...

အခက်စုံမဲ့ပင်လုံ

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ‘ရင်လေးဖွယ်ပင်လုံ’ အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ အခုနောက်ဆက်တွဲ တွေ့ရှိချက်အချို့နဲ့ အမြင်အချို့ကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဟာ ၂၁ ရာစုဆိုတဲ့ အမည်အတိုင်း ခေတ်တစ်ခုရဲ့ နောက်ဆုံး သုံးသပ်ချက်အမြင်များအဖြစ် ထူးခြားကွဲပြားစွာ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ယေဘုယျ ခြုံကြည့်ရင် အဖွဲ့အသီးသီးဟာ အမြင့်ဆုံးသော တောင်းဆိုချက်တွေနဲ့စပြီး ဈေးဖွင့်ခဲ့ကြတဲ့ သဘောပဲ ဖြစ်ပါတယ်။ သမိုင်းခေတ်...

Multi-level Marketing ဘာလဲ၊ ဘယ်လဲ

မြန်မာနိုင်ငံသို့ ၂ဝဝဝ ပြည့်နှစ်ခန့်က စတင် ဝင်ရောက်ခဲ့ပြီး မှေးမှိန်ပျောက်ကွယ် သွားခဲ့ရာမှ ၂ဝ၁၅ နှောင်းပိုင်းမှ စတင်၍ Multi-level Marketing (ဆင့်ပွား ရောင်းဝယ်ရေး လုပ်ငန်း) ကုမ္ပဏီများ ပြန်လည်ပေါ်ထွက် လာခဲ့သည်။ တရားမဝင်ဟု စီးပွားရေး ကျွမ်းကျင် ပညာရှင်များက ပြောဆိုနေသည့် ထို Multi-level Marketing ကုမ္ပဏီများ၏ လုပ်ကိုင်ပုံ စနစ်များ၊ ထိုကုမ္ပဏီများကြောင့် ထိခိုက်ရပုံနှင့် ထိုကုမ္ပဏီများ၏ ဈေးကွက် ဝင်ရောက် လာပုံများကို သိရှိနိုင်စေရန် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အမြင်များကို The Voice က ကောက်နုတ်ဖော်ပြ လိုက်ပါသည်။ “MLM က ဘာကောင်းကျိုးမှ မရှိဘူး။ ဆိုးကျိုးတွေပဲ...

အောင်မြင်သူတွေ ပိတ်ရက်တွေမှာ အလုပ်မလုပ်ကြတဲ့ အကြောင်းရင်း

အလုပ်ကို အမြဲတမ်း လုပ်နေမှ အောင်မြင်သူတစ်ယောက် ဖြစ်မှာမဟုတ်ပါဘူး။ play...

Saturday, September 24, 2016

သင့်ကျန်းမာရေးအတွက် အုန်းရည်သောက်မယ်ဆို သိထားသင့်တဲ့ အချက် (၃) ချက်

ကာဗွန်ဟိုက်ဒရိတ်နဲ့ ကယ်လိုရီ ပါဝင်ပါတယ်။ play ၁ - ကယ်လို...

UMFCCI ဥက္ကဋ္ဌသစ် ဦးဇော်မင်းဝင်းနှင့် တွေ့ဆုံခြင်း

ပုံမှန်အားဖြင့် မြန်မာနိုင်ငံသို့ လာသော နိုင်ငံတကာ စီးပွားရေး အသင်းအဖွဲ့တိုင်း ဦးတည် တွေ့ဆုံသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဖြစ်သည်။ အသင်းချုပ် ဥက္ကဋ္ဌမှာ နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံခွင့် သာမက ပြည်တွင်း လုပ်ငန်းများ အပေါ်တွင်လည်း သြဇာ ကြီးမားသည်။ ဒုတိယ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း များစွာ တာဝန်ယူခဲ့သော ဦးဇော်မင်းဝင်းမှာ စက်တင်ဘာ ရွေးကောက်ပွဲပြီးနောက် ဥက္ကဋ္ဌ ဖြစ်လာသည်။ တစ်ချိန်တည်းတွင် မြန်မာ့ စီးပွားရေးအတွက် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ဖွင့်လှစ်မည်ဟူသည့် သတင်းစကားများကိုလည်း ကြားရသည်။ ထိုအခါ...

အောက်အဆင့်များအတွက် မွဲဆေး - မြစ်ပွားနာ စီးပွားရေး

ခြစ်ကုပ် စုဆောင်းထားသည့် ချွေးနှဲစာအပြင် ချေးထားသည့် ငွေများကို ပြန်ဆပ်ပြီးနောက် မပိုပို တစ်ယောက် ရန်ကုန်မြို့ကို ကျောခိုင်းလိုက်ရပြီ ဖြစ်သည်။ သူနာပြု အောင်လက်မှတ် သင်တန်း တက်ပြီး သက်ကြီးရွယ်အိုကို ပြုစု စောင့်ရှောက်သည့် အလုပ် လုပ်ရာမှ မိတ်ဆွေ တစ်ယောက်၏  မိတ်ဆက်ပေးမှုဖြင့် အပြောအရ မယုံနိုင်လောက်အောင် ကောင်းမွန်သော စီးပွားရေး အခွင့်အလမ်း တစ်ခုကို ငွေဆယ်သိန်းဖြင့် စတင် လုပ်ကိုင်ခဲ့သ...

Thursday, September 22, 2016

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ နိုင်ဖဲတချို့ကို တရုတ်က ကိုင်ထားနိုင်တာရှိတယ် – စာရေးဆရာကျော်ဝင်း

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံပြင်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်ခဲ့သလို လက်ရှိမှာလည်း အမေရိကန်နိုင်ငံကို သွားရောက်ပြီး သမ္မတ အိုဘားမားအပါဝင် နိုင်ငံခေါင်းဆောင် အတော်များများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂမှာလည်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီ၊ မြန်မာ-တရုတ် ဆက်ဆံရေး၊ မြန်မာ-အမေရိကန်ဆက်ဆံရေး...

''ဒီလို အင်းဝဆိုင် ပိုင်ရှင်တွေရဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကို ကော်မရှင်က တစ်ခုမှ ဝင်ရောက်ပြောဆိုခဲ့ခြင်း မရှိဘူး'' Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းနှင့် တွေ့ဆုံခြင်း

အင်းဝ အပ်ချုပ်ဆိုင်မှ အိမ်အကူ မိန်းကလေး နှစ်ဦးကို ဆိုင်ရှင် မိသားစုက ညှဉ်းပန်း နှိပ်စက်မှုကို စုံစမ်းဖော်ထုတ်ခဲ့ရုံ သာမက ရဲစခန်းနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့သူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို The Voice က သီးသန့် တွေ့ဆုံ၍ ၎င်းစုံစမ်း ဖော်ထုတ်ခဲ့မှု အခြေအနေ၊ ရဲစခန်းနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ အမှုဖွင့် တိုင်ကြားခဲ့ရာတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများကို တွေ့ဆုံမေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြပါသည်။ Voice : မိန်းကလေးတွေ...

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာဝယ် ဘယ်အချက်တွေက လျှောက်ထားသူတွေကို အကျပ်ရိုက်စေခဲ့သလဲ

၂ဝ၁၆ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သော တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ၏ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာများကို ၁၈-၈-၂ဝ၁၆ ရက်မှ ၃၁-၈-၂ဝ၁၆ ရက်နေ့အထိ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များ အပါအဝင် ပိတ်ရက်မရှိ ရန်ကုန်ပညာရေး တက္ကသိုလ် အားကစားရုံကြီးတွင် လက်ခံပေးခဲ့ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် သတ်မှတ်ရက်လွန် လျှောက်ထားသူများကိုလည်း အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ၌ လက်ခံပေးလျက် ရှိသည်ကို သတိ ပြုမိပါသည်။...

Wednesday, September 21, 2016

အစိုးရသစ်အတွက် အရေးတကြီး စိန်ခေါ်မှုသည် ငြိမ်းချမ်းရေးရဖို့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အစိုးရသစ်အတွက် စိန်ခေါ်မှုကြီးဖြစ်ပြီး ခက်ခဲရှုပ်ထွေးသည့် လုပ်ငန်းဖြစ်ကာ နိုင်ငံအတွက် အရေးကြီးဆုံးကိစ္စရပ်သည် ငြိမ်းချမ်းရေး ရရှိရန်ပင်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည...

မတရားမှုအတွက် အဖြေ

နှိပ်စက်ခံထားရသည့် မိန်းကလေးငယ်က ၎င်း၏ ဒဏ်ရာများကို ပြသနေစဉ် (ဓာတ်ပုံ − နစ်ကီ) ပြီးခဲ့သည့်ရက်က  Myanmar Now သတင်းအေဂျင်စီ မှ သတင်းထောက်တစ်ဦး၏ ဖော်ထုတ်ရေးသားသည့် သတင်းတစ်ပုဒ်က လူထုအကြား လှုပ်ခတ်သွားခဲ့သည်။ သတင်းက အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးငယ်နှစ်ဦး မတရား နှိပ်စက်ခံရသည့် သတင်းဖြစ်သည...

နေအိမ်အတွင်းမှ အသံတိတ်လူသတ်သမား

အညှော်နံ့နှင့် မီးခိုးငွေ့များက ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်စေပါသည်။ (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)) သင်တို့၏ မီးဖိုချောင်တွင် အသံတိတ်လူသတ်သမား ရောက်နေပါပြီလား။ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် လူဦးရေ လေးသန်းခန့် နှစ်စဉ်အသက်ဆုံးရှုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုသည့် မီးသွေး၊ ထင်း၊ နွားချေး၊ ကျောက်မီးသွေး၊ ဇီဝလောင်စာ စသည်တို့မှထွက်သည့် မီးခိုးငွေ့များက အိမ်တွင်းလေထုညစ်ညမ်းခြင်းကို...

Tuesday, September 20, 2016

ချစ်ခင်သူတွေနဲ့ ဝေးကွာစေနိုင်တဲ့ လုပ်ရပ် (၁၂) ခု

ကိုယ့်အတွက် အရေးပါတဲ့သူတွေအပေါ် မထီမဲ့မြင်လုပ်ရပ်တွေ မလုပ်သင့်ပါဘူး။ အိမ်ထောင်ရေး၊ အချစ်ရေးအပြင် မိဘ၊ မောင်နှမ၊ သားသမီး၊ သူငယ်ချင်းစတဲ့ သင့်ဘဝအတွက် အရေးပါတဲ့ ဆက်ဆံရေးတွေ အများကြီးရှိပါတယ်။ ကိုယ့်စိတ်အလိုလိုက်ပြီး ပြုလုပ်လိုက်တဲ့ ဖြစ်ရပ်တွေက ဘယ်လိုဆက်ဆံရေးမျိုးအပေါ် သက်ရောက်စေနိုင်ပြီး ဆက်ဆံရေးတစ်ခု အက်ကြောင်းထင်သွားတဲ့အခါ ဘယ်သူမှလည်း စိတ်မချမ်းမြေ့ရပါဘူ...

လူ့ချွေးမှ စွမ်းအင် ထုတ်ယူနိုင်သည့် နည်းလမ်းများ တီထွင်

လူသား၏ ချွေးနှင့် နှလုံးခုန်နှုန်းများကတစ်ဆင့် စွမ်းအင် ထုတ်လုပ်နိုင်မည့် နည်းစနစ် တစ်ခုကို မြောက်ကာရိုလိုင်းနားပြည်နယ် တက္ကသိုလ်မှ ပညာရှင်များက တီထွင် နိုင်ခဲ့ကြောင်း Science ဂျာနယ် သတင်းတွင် ဖော်ပြထားသည်။  ယင်းတက္ကသိုလ်မှ ပညာရှင်များသည် ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် ကိုယ်ခန္ဓာက ထွက်လာသော ချွေးများကို အခြေခံသည့် စွမ်းအင် တစ်မျိုးကို တီထွင်လျက် ရှိပြီး ဝတ်ဆင်ထားသည့် နာရီ သို့မဟုတ် စမတ်ဖုန်းများကို လုံလောက်စွာ စွမ်းအင် ပြန်ပေးနိုင်သော...

Monday, September 19, 2016

အမေရိကန်ကုမ္ပဏီများ မလာခင် ဘာတွေပြင်ထားမလဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတအိုဘားမား စက်တင်ဘာ၁၄ရက်က အိမ်ဖြူတော်ရှိ ဘဲဥပုံခန်းမအတွင်း တွေ့ဆုံနေစဉ် (ဓာတ်ပုံ-အီးပီအေ) အမေရိကန်ကုမ္ပဏီများ မြန်မာ နိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၅ရက်တွင် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ ဆုံစဉ်ဖိတ်ခေါ်လိုက်သည...

ဆေးလိပ်ဖြတ်လိုက်ရင် သင့်ရုပ်ရည် ဘယ်လိုပြောင်းလဲသွားမလဲ

လိုအပ်နေတဲ့တစ်ရှုးတွေဆီ သွေးကြောတွေက အောက်ဆီဂျင်ကို လုံလုံလောက်လောက်မပို့နိုင် တာကြောင့် ဖြစ်ပါတယ်။ play ၁ - ရုပ်ရင့်ခြင်း ဆေးလိပ်သောက်ခြင်းဟာ သွေးကြောကျဉ်းစေပါတယ်။ သွေးလည်ပတ်မှုမကောင်းတာကြောင့် သင့်အသားအရေညစ်နွမ်းပြီး နဂိုရှိရင်းစွဲထက် ရုပ်ကပိုရင့်ပါတယ်။ ဆေးလိပ်ကို တစ်လလောက်ဖြတ်ကြည့်လိုက်ရင် သင့်အသားအရေက သိသိသာသာ ပြောင်းသွားပါလိမ့်မယ...