Monday, November 23, 2020

ဆိုင်ထိုင်ရောင်းချခွင့်ပြုရာတွင် လူဦးရေကန့်သတ်ချက်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဟုဆို

 

လာမယ့် ဒီဇင်ဘာလဆန်းပိုင်းမှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ဖို့ စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေရာ အရင်ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေအပြင် လူဦးရေ ကန့်သတ်ချက်နဲ့သာ ရောင်းချခွင့်ပြုမယ့် စည်းကမ်းချက်တစ်ခုထပ်တိုးထားတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

Sunday, November 22, 2020

အကယ်ဒမီ မိုးဒီ Covid- 19 ရောဂါ ကူးစက်ခံရ

 

သရုပ်ဆောင် မိုးဒီ ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က နေမကောင်းဖြစ်ခဲ့တာကြောင့် ဧရာဝတီစင်တာမှာ ကိုဗစ်ပိုး ရှိ/ မရှိ စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး Positive အဖြေထွက်လာခဲ့တယ်လို့သိရပါတယ်။

Friday, November 20, 2020

မြို့နယ်အခြေပြုကွာရန်တင်းစင်တာများတွင် ကျွေးမွေးရေးခက်ခဲနေ

 

မြို့နယ်အခြေပြုကွာရန်တင်းစင်တာတွေ (CBFQ) မှာလှူဒါန်းသူတွေ နည်းလာတဲ့အတွက် ကျွေးမွေးရေးအခက်အခဲ တွေရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိမှုအပေါ် ကြိုဆိုဟု မဟာမိတ် ၃ ဖွဲ့ ကြေညာ၊ တပ်မတော်၏ အပစ်အခတ်ပ်စဲရေးနှင့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦး ဆောင်သော ၅ ဦးပါ ငြိမ်းချမ်းရေး အဖွဲ့ကိုလည်း ကြိုဆို

 

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိမှုကို ကြိုဆိုကြောင်း AA ၊ TNLA နှင့် MNDAA ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာချက် တစ်ရပ် နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

NLD ပါတီဝင် ၃ ဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းပြီး အမြန်ဆုံးပြန်လွှတ်ပေးမည်ဟု AA ထုတ်ပြန်

 

ရခိုင်တပ်တော် AA က ဖမ်းဆီးထားသော NLD ပါတီဝင် ၃ ဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း AA က ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

ရွေးကောက်ပွဲ အောင်မြင်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် သဝဏ်လွှာပေးပို့

 

ရွေးကောက်ပွဲအောင်မြင်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ထံသို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုက ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။

ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး မြေစာပိပြီးသေဆုံး

 

ကချင်ပြည်နယ် ဖာကန့်မြို့နယ်အတွင်းမှာ နိုဝင်ဘာ(၂၀)ရက် မွန်းလွဲပိုင်းက ရွှေမျောတိုက်တဲ့ ရေမဆေးကျောက် ရှာဖွေသူတစ်ဦး မြေစာပိပြီးသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရွေးကောက်ပွဲအနိုင်ရမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်ဝန်ကြီးချုပ် ဂုဏ်ပြုစကားပြောကြား

 

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီ၏ ခေါင်းဆောင် မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၂၀ နံနက်တွင် ဆက်သွယ်စကားပြောခဲ့သည်။

Wednesday, November 18, 2020

ကိုဗစ်ချေးငွေ တတိယသုတ်တွင် လုပ်ငန်း (၆၉၈) ခုအား ကျပ် ၂၂ ဘီလီယံကျော် ထုတ်ယူခွင့်ပြု

ဒုတိယအကြိမ် COVID-19 ချေးငွေ တတိယအသုတ်တွင် လုပ်ငန်း (၆၉၈)ခုအား ကျပ် ၂၂ ဘီလီယံကျော် ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်း ကော်မတီမှ သိရသည်။

မန္တလေးဆေးရုံကြီးတွင် COVID-19 ပိုးတွေ့ရှိသူ နေ့စဉ် ၃၀ ကျော်ရှိ

 

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID-19 သံသယလူနာများနေ့စဉ် ၁၀၀ ကျော်လာရောက်ပြသလျက်ရှိရာ ယင်းထဲတွင် ပိုးတွေ့သူ ၃၀ ကျော်ရှိကြောင်း မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး ထံကသိရသည်။

ခရစ္စမတ် မတိုင်မီ ကာကွယ်ဆေး ဖြန့်ဖြူးနိုင်ဖွယ်ရှိဟု Pfizer-BioNTech ကုမ္ပဏီတို့ ပြောဆို

 

နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှု ရလဒ်တွေအရ ထိရောက်မှုနှုန်း ၉၅ ရာခိုင်နှုန်းရှိကာ ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးမရှိကြောင်း တွေ့ရှိခဲ့အပြီးမှာ Pfizer နဲ့ BioNTech ကုမ္ပဏီတို့ဟာ သူတို့ရဲ့ ကာကွယ်ဆေးကို အမေရိကန်နဲ့ ဥရောပမှာ နောက်လကစပြီး အရေးပေါ် အသုံးပြုမှုဆိုင်ရာ ခွင့်ပြုချက်ရနိုင်ကြောင်း ယင်းဆေးဝါးကုမ္ပဏီတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း၂၅၀၀၀၀ ကျော်ရှိလာပြီး နယူးယောက်မှာ စာသင်ကျောင်းတွေ ပြန်ပိတ်



အမေရိကန်နိုင်ငံဟာ ဗုဒ္ဓဟူးနေ့ ( နိုဝင်ဘာ ၁၈ ရက်နေ့ ) မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၅၀၀၀၀ ကျော်လွန်သွားခဲ့ပြီး နယူးယောက်မြို့မှာ ဗိုင်းရပ်စ်ကူးစက်နှုန်းတွေ ခုန်တက်လာခြင်းကြောင့် နယူးယောက်စီးတီးမှာ အစိုးရစာသင်ကျောင်းတွေရဲ့ အခန်းတွင်းသင်ကြားမှုတွေကို ရပ်တန့်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းရွေး/ကော်အဖွဲ့ခွဲအဆင့်ဆင့်မှအယောက်၇၀ကျော်ပိုးကူးခံရ

 


ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က ကော်မရှင်အဖွဲ့ခွဲရုံးတွေက ၇၁ဦးဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ချိန်မှာ COVID-19ရောဂါပိုး ကူးစက်ခံရတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ပါတယ်။

Thursday, September 10, 2020

မန္တလေးမြို့သို့ ရောက်ရှိလာသည့် မီးရထားစီးခရီးသွားပြည်သူများအား ကျန်းမာရေးဆိုင်ရာ စစ်ဆေး

COVID-19ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်၀င်ရောက်လာသူများအား ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိနေရာ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက အမှတ်(၅)အဆန် ရန်ကုန်-မန္တလေးရထားဖြင့် စီးနင်းလိုက်ပါလာကြသော ခရီးသည်များအား လိုအပ်သည့်ကျန်းမာရေးဆိုင်ရာ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တရုတ်၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘရာဇီးက ယခုနှစ်အတွင်း စတင်အသုံးပြုနိုင်ဖွယ်ရှိ

တရုတ်၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘရာဇီးတွင် လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ ရလဒ်များ အလွန်ကောင်းမွန်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံမှုကို အစောဆုံး ယခုနှစ် ဒီဇင်ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ဆော်ပေါ်လိုပြည်နယ်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁၀ တွင် ပြောကြားခဲ့သည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ လှည့်လည် စည်းရုံး

ပြည်​ထောင်စုနယ်​မြေ ​နေပြည်​တော် ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်အချို့မှာ စက်တင်ဘာလ(၁၀) ရက်နေ့ ညနေပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင်များဟာ ပထမဆုံးအကြိမ်နဲ့ ပဏာမအဖြစ် ​ဇမ္ဗူသီရိ မြို့မ​ပေါ်မှာ လှည်လည်စည်းရုံးခဲ့ကြကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တာမာနိုအိ နပန်းသင်တန်းကျောင်းမှ ဆူမိုနပမ်းသမား ၁၉ ဦး COVID-19 ကူးစက်ခံနေရ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တာမာနိုအိ နပန်းသင်တန်းကျောင်းမှ ဆူမိုနပမ်းသမား ၁၉ ဦး COVID-19 ကူးစက်ခြင်းခံထားရကြောင်း ဂျပန်ဆူမိုအသင်းကြီးမှ ယမန်နေ့(စက်တင်ဘာ ၁၀)က ကြေညာသည်။ သင်တန်းဆရာတစ်ဦးနှင့် သင်တန်းသား ၁၈ ဦးတို့ဖြစ်ကြပြီး ၁၂ ဦးကို ဆေးရုံတင်ကုသမှုပြုထားကြောင်းသိရသည်။

မြန်မာအမျိုးသားလေကြောင်း ပြည်တွင်းခရီးစဉ်များအား စက်တင်ဘာလ (၁၁) ရက်မှ (၃၀) ရက်အထိ ခေတ္တရပ်ဆိုင်း

မြန်မာနိုင်ငံအတွင်းမှာ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ မြန်မာအမျိုးသားလေကြောင်းရဲ့ ပြည်တွင်း လေယာဉ်ခရီးစဉ်တွေကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁၁) ရက်မှ (၃၀) ရက်အထိ ခေတ္တရပ်ဆိုင်း သွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁) ရက်မှာ ပြန်လည်ပျံသန်းပြေးဆွဲသွားမှာဖြစ်ကာ ပြောင်းလဲမှုရှိရင်လည်း အချိန်နှင့်တပြေးညီ ကြေငြာပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

COVID-19 လူနာများအတွက် ဖောင်ကြီးဆေးရုံကြီးကိုထပ်မံတိုးချဲ့လျက်ရှိသည့်အပြင် လိုအပ်ပါကပုဂ္ဂလိ ကဆေးရုံတစ်ရုံကိုလည်း အသုံးပြုနိုင်ရန်ပြင်ဆင်နေ

COVID-19 လူနာများအတွက် ခုတင် ၅၀၀ ပြင်ဆင်ထားသည့် ဖောင်ကြီးဆေးရုံကြီးတွင် ၄၉၅ ဦး၊ ဝေဘာဂီဆေးရုံကြီး၌ ခုတင် ၉၀ တွင် ၆၇ ဦး၊ တောင်ဥက္ကလာ ဆေးရုံကြီး၌ ခုတင် ၆၀ တွင် ၅၇ ဦး တက်ရောက်ကုသနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

လူနာသစ် (၁၁၅) ဦး ထပ်မံ တွေ့ရှိ၊ စုစုပေါင်း အတည်ပြုလူနာ (၂,၂၆၅)ဦး ရှိလာ

၁။ (၁၀-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၀၀၅) ခု၊

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၂,၁၅၀) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉ .၁ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၂၈.၃ သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၉၁၃,၂၀၉) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၂၈,၃၁၅,၀၁၀) ဦး ရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

Wednesday, September 9, 2020

COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သဖြင့် မန္တလေးတိုင်းအတွင်းရှိ တရားရုံး(၄)ရုံးမှ တရားသူကြီးများ အပါအဝင် တရားရေး ဝန်ထမ်း(၁၇)ဦး Q ဝင်နေရ

ယခု ရက်ပိုင်းအတွင်း COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သဖြင့် မန္တလေးတိုင်းအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံး လေးရုံးမှ တရားသူကြီးများ အပါအဝင် တရားရေးဝန်ထမ်း (၁၇)ဦးသည် Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်လျှက်ရှိကာ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊မရှိ စစ်ဆေးမှု ခံယူနေကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်၊ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်စန်းသီရိရွှေ က ပြောသည်။

ကျောက်ဆည်မြို့တွင် လွှတ်တော်ပြင်ပအဂတိလိုက်စားမှု့တိုက်ဖျက်ရေးနှင့်ပြည်သူ့ဘဝမြှင်တင်ရေး အဖွဲ့အစည်းမှ စီမံခန့်ခွဲရေးနှင့် အကြံပေးအရာရှိဆိုသူ အသတ်ခံရ

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ တံတားလည်ရပ်ကွက်၌ နေထိုင်သော လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု့ တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင်တင်ရေး အဖွဲ့အစည်းမှ စီမံခန့်ခွဲရေးနှင့် အကြံပေးအရာရှိဆိုသူ ဦးခင်အောင်ထွန်း(ခ) ဦးဂျာလေးအား ၎င်း၏နေအိမ်ခြံဝင်းတိုက်ခန်းအတွင်း၌ ဝင်ရောက်၍သတ်သွားကြောင်း သိရပါသည်။

နိုင်ငံတော်သမ္မတနှင့်အတိုင်ပင်ခံတို့အား ကိုဗစ်စစ်ဆေးရာ Negative အဖြေထွက်ပြီး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရ

ယနေ့ နံနက်ခင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သမ္မတရုံးက လက်ထောက်ညွန်ကြားရေးမှုးအဆင့် အရာရှိတစ်ဦးမှာ ကိုဗစ်ပိုးတွေ့တာကြောင့် နိုင်ငံတော်သမ္မတနဲ့ အတိုင် ပင်ခံပုဂ္ဂိုလ်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်သူအားလုံးကို မနေ့ကရော၊ ဒီနေ့ရော စစ်ဆေးတာမှာ အားလုံး Negative ဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဘူးသီးတောင် အကျဉ်းထောင်ထဲမှ လွတ်မြောက်လာသူ ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိဆိုသည့် သတင်းနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ သတင်းမှန်ထုတ်ပြန်

ဘူးသီးတောင် အကျဉ်းထောင်ထဲမှ လွတ်မြောက်လာသူ ၂ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဖော်ပြချက်နှင့်ပတ်သက်၍ ၎င်း အကျဉ်းသား ၂ ဦးသည် ၁၄-၈-၂၀၂၀ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီး။ ၎င်းတို့လွတ်မြောက် ချိန်တွင် ရောဂါဖြစ်ပွားသည့်လက္ခဏာမရှိခဲ့ပါ။ အကျဉ်းထောင်တွင်လည်း ရောဂါဖြစ်ပွားမှုမရှိခဲ့ပါ။

ဝေဖန်ကန့်ကွက်မှုများမြင့်တက်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် COVID-19 ရောဂါစစ်ဆေးခြင်းအစီအစဉ်များအား ဖျက်သိမ်း

လက်ရှိအချိန်တွင် ကူးစက်ပျံ့ပွားမှုနှုန်းမြင့်တက်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် COVID-19 ရောဂါစစ်ဆေးခြင်းအစီအစဉ် ဝေဖန်ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းလိုက်ကြောင်း လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှ ပြောသည်။

ယနေ့ စစ်ဆေးမှုအရ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၂) ဦး တွေ့ရှိရပြီး၊ စုစုပေါင်း အတည်ပြုလူနာ (၁,၈၈၉) ဦးရှိပြီ ဖြစ်

၁။ (၉-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၇၅)ခု၊

ချင်းအမျိုးသားတပ်ဦး (CNF)၏ အခြေချနယ်မြေအတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမည်ဆိုပါက ကြိုတင်ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF)၏ အခြေချနယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်မည်ဆို ပါက ကြိုတင်ခွင့်ပြုချက်ရယူခြင်း ဖြင့် ချိတ်ဆက်ဆောင်ရွက်သွား ကြရန် တိုက်တွန်းကြောင်း ချင်း လက်နက်ကိုင်အဖွဲ့ CNF က သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်သို့ ရခိုင်နှင့် ရန်ကုန်မှ လာမည့်သူများ Quarantine ၁၄ ရက် နေထိုင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ် ငါးသောင်း ပေးရမည်

မွန်ပြည်နယ်သို့ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ လာရောက်ကြမည့်သူများအားလုံး သတ်မှတ်ထားသည့် Quarantine Centre တွင် ၁၄ ရက်ကြာ နေထိုင်ရမည်ပြီး ကုန်ကျစရိတ် ငါးသောင်းကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ချင်း စည်ပင်ဝန်ကြီး လိုက်ပါလာသော စက်လှေအား ပစ်ခတ်တိုက်ခိုက်

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက် လိုက်ပါလာသော စက်လှေကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် အစိုးရအဖွဲ့အားအယုံအကြည်မရှိကြောင်း ဆန္ဒပြ၊ဆန္ဒပြသူများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အယုံအကြည်မရှိကြောင်းအပါအဝင် အချက်၅ ချက်ကို စက်တင်ဘာလ ၉ ရက် ယနေ့နံနက်က ရခိုင်ပြည်ကျောင်းသားသမဂ္ဂများမှ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင်ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

COVID-19ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း များပြားလာမှုကြောင့် အင်္ဂလန်တွင် လူစုလူဝေးပြုလုပ်ခွင့်အား (၆)ဦးအထိ လျော့ချ ကန့်သတ်

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များနေတဲ့အတွက် လူစုလူဝေး ပြုလုပ်မှုတွေကို တင်းတင်းကျပ်ကျပ် တားမြစ်သွားမှာဖြစ်ကြောင်း၊ အထူးသဖြင့် လူငယ်တွေ စုဝေးမှုကို အလေးထားပြီး တားမြစ်မယ်လို့ အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

အာဖဂ္ဂန်ဒုတိယသမ္မတ Amrullah Saleh ကဘူးလ်မြို့ဗုံးခွဲတိုက်ခိုက်မှုမှ ကံကောင်းထောက်မစွာလွတ်မြောက်လာခဲ့

အာဖဂ္ဂန်ဒုတိယသမ္မတ Amrullah Saleh သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကဘူးလ်မြို့ရှိ ဗုံးခွဲတိုက်ခိုက်မှုတစ်ခုမှ လွှတ်မြောက်လာခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ ထုတ်ပြန်ခဲ့ပါသည်။

COVID-19ကပ်ရောဂါအခြေအနေအရ လိုအပ်လျှင် ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ရွှေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးပြောကြား

COVID-19ကပ်ရောဂါ အခြေအနေအရ လိုအပ်လျှင် ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွှေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားလိုက်သည်။

COVID-19ကပ်ရောဂါ ကာကွယ်နိုင်ရေးအတွက် မန္တလေးမြို့ အဝင်၊ အထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

COVID-19 ရောဂါ ကာကွယ်နိုင်စေရန်အတွက် မန္တလေးသို့လာရောက်သည့် ခရီးသည်များနှင့်ကုန်စည်ပို့ဆောင် ပေးနေသော ကုန်ကားများ၊ အိမ်စီးကားများကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများ၊ တိုင်းဒေသကြီးအစိုးရကချမှတ်ထားသည့် စည်းကမ်းများအတိုင်း သက်ဆိုင်ရာအဖွဲ့အစည်းဝင်များက စစ်ဆေးလျက်ရှိပါသည်။

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းရတနာမြေတွင် COVID-19 အတည်ပြုလူနာ ပထမဆုံးတွေ့ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်မှာ COVID-19 ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူတဦးကို စက်ဘာလ ၉ ရက်က ပထမဆုံး စတင်တွေ့ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။

၅ ကြိမ်မြောက် အာဆီယံစွန့်ဦးတီထွင်ဆုကို မြန်မာ့စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ရရှိ

မြန်မာနိုင်ငံမှ KBZ ဘဏ်လီမိတက်၏ဒုတိယအမှုဆောင်အရာရှိချုပ်ဒေါ်နန်ခမ်းနွန်သည်အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးတွင် ၅ ကြိမ်မြောက်အာဆီယံစီးပွားရေးစွမ်းဆောင်ရှင်ဆုကို ၂၀၂၀ တွင်ရွေးချယ်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာလေလံမှ ရရှိငွေထဲမှ ကျပ် ၅၃၇ သိန်းအား ဝင်ငွေခွန် ဆောင်ပြီးဖြစ်

ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှ လေလံပစ် ရောင်းချခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာလေလံမှ ရရှိငွေ ကျပ်သိန်း ၂၄၀၀ ထဲမှ နိုင်ငံတော်အတွက် ဝင်ငွေခွန် ကျပ် ၅၃၇ သိန်းပေးဆောင်ခဲ့ကြောင်း သိရပါသည်။

ကျောက်မဲမြို့ ဟိုင်းဝေးတိုးဂိတ်အနီးရှိ တည်းခိုခန်းတစ်ခုမှ မန်နေဂျာလင်မယား ၂ ဦးအသတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ လားရှိုးမြို့ဘက်အထွက် ပန်ပေါင်းကျေးရွာ၊ အိုရီယင်တယ်ဟိုင်းဝေးတိုးဂိတ်အနီးတွင်ရှိသော နီလွင်တည်းခိုခန်းမှ မန်နေဂျာလင်မယားသည် စက်တင်ဘာ ၈ ရက်နေ့ညက ၂ လောင်းပြိုင်အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအထောက်အကူဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသော ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးအား ပေးအပ်လှူဒါန်း


ထုတ်ပြန်ခဲ့ပြီးသော COVID-19 ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၉၇)ဦးနှင့် ပတ်သက်သည့် အချက်အလက်များ

၁။ ယမန်နေ့ (၈-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၃၁၇)ခု အားစစ်ဆေးခဲ့ပြီး
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၉၇) ဦး တွေ့ရှိခဲ့ပါသည်။

Sunday, September 6, 2020

ရန်ကုန်ရှိ Square Office Tower ရှိ တယ်လီဖုံးအော်ပရေတာကုမ္ပဏီမှဝန်ထမ်းပိုးတွေ့လို့ ယနေ့ နံနက်မှ စတင်ကာပိတ်

ရန်ကုန်ရှိ Square Office Tower ရှိ တယ်လီဖုံးအော်ပရေတာကုမ္ပဏီမှဝန်ထမ်းပိုးတွေ့လို့ ယနေ့ နံနက်ပိုင်းမှာ စတင်ကာ ရုတ်တရက် ပိတ်လိုက်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။

သာစည်ပိုးတွေ့လူနာ အင်းစိန်တွင် ၁ လကျော်ကြာ ဖုန်းပြင်သင်တန်း တက်ရောက်ခဲ့

မန္တလေးတိုင်း၊ သာစည်မြို့ အမှတ် ၄ ရပ်ကွက်က ပိုးတွေ့လူနာဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ဖုန်းပြင်ဆိုင်တခုမှာ ၁ လကျော်ကြာ ဖုန်းပြင်သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး ထိတွေ့ခဲ့သူ အယောက် ၂၀ ကျော်ကို သာစည်ဆေးရုံမှာ Quarantine ထားရှိထားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ဖျက်သိမ်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာလ ၈ ရက်နေ့ ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်သို့ သွားရောက်ရန် စီစဉ်ထားမှုကို ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ဖျက်သိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ထိုင်းနိုင်ငံမှဖြတ်၍ ဝင်ရောက်နိုင်မည့် တူးမြောင်းအသစ်အား တရုတ်နိုင်ငံမှအလိုရှိ

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ တင်းမာမှုများမြင့်တက်လာချိန်၌ပင် တရုတ်နိုင်ငံ အနေဖြင့် အိန္ဒိယသမုဒ္ဒရာဆီသို့ဝင်ရောက်ရာတွင် ခရီးအကွာအဝေး ကီလိုမီတာပေါင်း ၁,၁၀၀ အား ချုံ့ပစ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ Kra Isthmus မှတစ်ဆင့်ဖြတ်သန်း၍ တူးမြောင်း ဖောက်လုပ်ရန်ဆန္ဒရှိနေကြောင်း အင်တာနက်သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စားသောက်ဆိုင်အားလုံး ပါဆယ်စနစ်ဖြင့်ရောင်းရန် ညွှန်ကြား

ရန်ကုန်တိုင်းထဲမှာ ရှိတဲ့စားသောက်ဆိုင်တွေအားလုံး ပါဆယ်စနစ်နဲ့ပဲ ပြန်ရောင်းကြဖို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ဧရာဝတီတိုင်းအတွင်း ထပ်တိုးပိုးတွေ့လူနာ ၂ ဦးမှာ ရဲတပ်ကြပ်တစ်ဦးနှင့် ရန်ကုန်ပြန်တစ်ဦးဖြစ်နေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက်မနက် ၈ နာရီ ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့သည့် ဧရာဝတီတိုင်းမှ ထပ်တိုးလူနာ ၂ ယောက်ထဲတွင် ကျုံပျော်မြို့နယ်မှ တစ်ဦးကတော့ အခေါင်မြို့ မှော်ထူရွာကဖြစ်ပြီး ရန်ကုန်ကအပြန် အသွားအလာကန့်သတ် စောင့်ကြည့်ကန့်သတ်နေရင်း ၁၀ ရက်အကြာမှာ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်း စစ်ဆေးမှု COVID-19 လူနာ (၄၅) ဦး ထပ်တိုး၊ ကူးစက်ခံရသူ (၁,၄၆၄)ဦးနှင့် သေဆုံးသူ (၈) ဦးအထိရှိလာ

၁။ (၆-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၉၈၇)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၁၄၁၉) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈.၈ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၂၇ သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၈၈၇,၀၉၄) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၂၇,၂၇၅,၂၈၆) ဦးရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။