Wednesday, September 9, 2020

ဝေဖန်ကန့်ကွက်မှုများမြင့်တက်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် COVID-19 ရောဂါစစ်ဆေးခြင်းအစီအစဉ်များအား ဖျက်သိမ်း

လက်ရှိအချိန်တွင် ကူးစက်ပျံ့ပွားမှုနှုန်းမြင့်တက်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် COVID-19 ရောဂါစစ်ဆေးခြင်းအစီအစဉ် ဝေဖန်ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းလိုက်ကြောင်း လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှ ပြောသည်။
အဆိုပါ မြို့နယ်အသီးသီးတွင် ကိုယ်အပူချိန်တိုင်းကိရိယာပါရှိသော ကားများဖြင့် လှည့်လည်ကာ ကျန်းမာရေးစစ်ဆေးသည့်အစီအစဉ်ကို ဝေဖန်ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းလိုက်ကြောင်း လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှ မဇ္စျိမသတင်းဌာနကို ပြောကြားခဲ့သည်။
COVID-19 ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုယ်အပူချိန်တိုင်း ကိရိယာပါရှိသော ကားများဖြင့်လှည့်လည် ကာ ကျန်းမာရေးစစ်ဆေးသည့်အစီအစဉ်ကို ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၈ ရက်နေ့တွင် သင်္ဃန်းကျွန်း မြို့နယ်နှင့် ယနေ့ နေ့လည်ပိုင်းတွင် တာမွေမြို့နယ်တို့တွင် ပြုလုပ်ခဲ့ရာ လူစုလူဝေးများဖြစ်ပေါ်လျက်ရှိသည်။
အလားတူပင် စက်တင်ဘာ ၁၀ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်တွင်ပြုလုပ်ရန် စီစဉ်ထားရာ ဝေဖန်ကန့်ကွက်မှုများကြောင့် အစီအစဉ်ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

0 comments:

Post a Comment