Wednesday, September 9, 2020

ချင်းအမျိုးသားတပ်ဦး (CNF)၏ အခြေချနယ်မြေအတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမည်ဆိုပါက ကြိုတင်ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF)၏ အခြေချနယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်မည်ဆို ပါက ကြိုတင်ခွင့်ပြုချက်ရယူခြင်း ဖြင့် ချိတ်ဆက်ဆောင်ရွက်သွား ကြရန် တိုက်တွန်းကြောင်း ချင်း လက်နက်ကိုင်အဖွဲ့ CNF က သတင်းထုတ်ပြန်သည်။
CNF၏ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သတင်း ထုတ်ပြန်ချက်ကို စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ချင်းအမျိုးသားတပ်ဦး၏ ဗဟို ဌာနချုပ်သည် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း တည် ရှိသည်။ ယခုထုတ်ပြန်ချက်တွင် ၎င်းတို့ အခြေချနယ်မြေကို မည် သည့်ဒေသ မည်သည့်မြို့နယ်ဟူ ၍ဖော်ပြမထားပေ။
ယင်းနှင့်ပတ်သက်ပြီး ထုတ် ပြန်ချက်၌ ဖော်ပြထားသည့် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက် နီထံသို့ ဆက်သွယ်ရာအဆက် အသွယ်မရပေ။
CNF နည်းတူ NCA လက် မှတ်ထိုးထားသည့် ရှမ်းလက်နက် ကိုင်အဖွဲ့ (RCSS)ကလည်း နိုင်ငံ ရေးပါတီများ အနေဖြင့် ၎င်းတို့ကို အကြောင်းကြားပြီးမှ မဲဆွယ် စည်းရုံးရန်ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးက ‘‘အဲဒါသည် တစ်နည်းတစ်ဖုံ သူတို့ရဲ့သြဇာကို လွှမ်းမိုးဖို့ ကြိုးစားတယ်လို့မြင် တယ်။ ရွေးကောက်ပွဲဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ဒီမိုကရေ စီ အသွင်ကူးပြောင်းတာ ခိုင်မာဖို့ လုပ်တာ။ အဲဒါတိုင်းရင်းသား လက်နက်ကိုင်နဲ့ လုံးဝမသက်ဆိုင် ဘူး။ သူတို့အနေနဲ့လည်း ဒါကို သြဇာသက်ရောက်ဖို့ မကြိုးစား သင့်ဘူး’’ဟု မှတ်ချက်ပြုသည်။
လက်နက်ကိုင်အဖွဲ့များက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရွေးကောက်ပွဲဖြစ်စဉ်အပေါ် သြ ဇာသက်ရောက်ရန် လုပ်ဆောင် ပါက လွတ်လပ်မျှတသည့် ရွေး ကောက်ပွဲဖြစ်မည် မဟုတ် ကြောင်း ၎င်းကဆိုသည်။
CNF ၏ ထုတ်ပြန်ချက်တွင် လာမည့်ရွေးကောက်ပွဲကို ကြိုဆို ကြောင်းနှင့် ရွေးကောက်ပွဲကို ဒီမို ကရေစီကျင့်စဉ်နှင့်အညီ လွတ် လပ်၍ သန့်ရှင်းပြီး တရားမျှတစွာ ကျင်းပကြရန် တိုက်တွန်းနှိုး ဆော် ကြောင်း ဖော်ပြထားသည်။
CNF အနေဖြင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူ ရေးနှင့် ဒီမိုကရေစီအခွင့်အရေး များ အပြည့်အဝရှိသည့် ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည် ရွယ်လုပ်ဆောင်နေသည့် မည် သည့်နိုင်ငံရေးပါတီ အဖွဲ့အ စည်း၊ ပုဂ္ဂိုလ်နှင့်မဆိုလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်းပါရှိသည်။
၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အချို့သော နိုင်ငံရေး ပါတီများနှင့် လူပုဂ္ဂိုလ်များသည် CNF ၏စာတမ်းများ၊ သဘော ထားများကို ထပ်ဆင့်ကူးယူပြော ဆိုရေးသားပြီး ၂၀၂၀ ရွေး ကောက်ပွဲတွင် အနိုင်ရရှိရေး အတွက် လိုရာဆွဲအသုံးချနေ ကြောင်းကြားသိရ၍ CNF က တရားဝင်ထုတ်ပြန်ထားသော စာ တမ်းများ၊ သဘောထားများအား ခွင့်ပြုချက်မရှိဘဲ ထပ်ဆင့်ကူးယူ ပြောဆိုရေးသား ဖြန့်ချိအသုံးချ ခြင်းမပြုကြရန် အသိပေးအပ် သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment