Wednesday, September 9, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအထောက်အကူဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသော ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးအား ပေးအပ်လှူဒါန်း

ထိုသို့ ဒေသခံများ၏ တင်ပြချက်များနှင့် အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးကို လှူဒါန်းခဲ့ပြီး အဆိုပါယာဉ် ၂ စီးသည် စက်တင်ဘာလ ပထမအပတ်တွင် အင်းလေးဒေသသို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၈ ရက်တွင် ယာဉ်များအား အင်းလေးကန်အတွင်း စမ်းသပ်မောင်းနှင်၍ အမှိုက်၊ ဒိုက်နှင့် ဗေဒါများကို စတင်ရှင်းလင်းလျက်ရှိပြီး အင်းလေးဒေသ ရေရှည်သန့်ရှင်းတည်တံ့ရေးဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဒေသခံများနှင့် သက်ဆိုင်ရာဌာနများသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment