Wednesday, September 9, 2020

ဘူးသီးတောင် အကျဉ်းထောင်ထဲမှ လွတ်မြောက်လာသူ ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိဆိုသည့် သတင်းနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ သတင်းမှန်ထုတ်ပြန်

ဘူးသီးတောင် အကျဉ်းထောင်ထဲမှ လွတ်မြောက်လာသူ ၂ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဖော်ပြချက်နှင့်ပတ်သက်၍ ၎င်း အကျဉ်းသား ၂ ဦးသည် ၁၄-၈-၂၀၂၀ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီး။ ၎င်းတို့လွတ်မြောက် ချိန်တွင် ရောဂါဖြစ်ပွားသည့်လက္ခဏာမရှိခဲ့ပါ။ အကျဉ်းထောင်တွင်လည်း ရောဂါဖြစ်ပွားမှုမရှိခဲ့ပါ။
၄င်းလွတ်လူ အကျဉ်းသား ၂ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိကြောင်းကို ၆-၉-၂၀၂၀ ရက်နေ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်၍ ၎င်းအကျဉ်းသား ၂ ဦး အ ကျဉ်းထောင်မှ လွတ်မြောက်ပြီး ၂၄ ရက် ကြာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်သဖြင့် အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ အကျဉ်းထောင်မှ လွတ်မြောက်ပြီး ပြင်ပတွင် သွားလာနေထိုင်စဉ် ရောဂါကူးစက်မှုခံရခြင်းဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
၄င်းတို့ ၂ ဦးသည်။ အကျဉ်းထောင်မှလွတ် မြောက်ပြီး အငူမော်မှ ရေချမ်းပြင်သို့ စက်လှေဖြင့် သွားရောက်ခဲ့ကြောင်း၊ ရေချမ်းပြင်မှ စစ်တွေမြို့သို့ သွားရောက်ပြီး တည်းခိုခန်းတစ်ခုတွင် တည်းခို ခဲ့ကြောင်း၊။ စစ်တွေမှ တောင်ကုတ်သို့ ဆက်လက်သွားရောက်ခဲ့ကြောင်း၊ တောင်ကုတ်တွင် ဈေး၊ ဘီ ယာဆိုင်သို့ သွားခဲ့ကြောင်း၊ တောင်ကုတ်မှ လမူးသို့ လိုင်းကားဖြင့် သွားရောက်ခဲ့သည်ဟု သိရှိရ ပါ သည်။
ဘူးသီးတောင်အကျဉ်းထောင်တွင်ဝန်ထမ်းများ တာဝန်သို့ ဝင်ရောက်ချိန်တွင် အပူချိန် တိုင်းခြင်း၊ Mask တပ်ဆင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှ ဝင်စေပါသည်။
အကျဉ်းသားများကိုလည်း ကျန်းမာရေးပညာပေးခြင်း၊ ဂျင်းပြုတ်ရည်တိုက်ခြင်း၊။ ဆားရေနွေး အာလုတ် ကျင်းစေခြင်း၊ အိပ်ဆောင်များ။။ ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်ပေးပြီး ထောင်တွင်းသို့ ရောဂါပိုး ကူးစက်ခြင်း မရှိစေရေးအတွက် အလေးထားဆောင် ရွက်ထားရှိကြောင်း သတင်းမှန်ဖော်ပြအပ်ပါသည်။

0 comments:

Post a Comment