Wednesday, September 9, 2020

နိုင်ငံတော်သမ္မတနှင့်အတိုင်ပင်ခံတို့အား ကိုဗစ်စစ်ဆေးရာ Negative အဖြေထွက်ပြီး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရ

ယနေ့ နံနက်ခင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သမ္မတရုံးက လက်ထောက်ညွန်ကြားရေးမှုးအဆင့် အရာရှိတစ်ဦးမှာ ကိုဗစ်ပိုးတွေ့တာကြောင့် နိုင်ငံတော်သမ္မတနဲ့ အတိုင် ပင်ခံပုဂ္ဂိုလ်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်သူအားလုံးကို မနေ့ကရော၊ ဒီနေ့ရော စစ်ဆေးတာမှာ အားလုံး Negative ဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
“ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကျန်းမာရေးကောင်းမွန်ပါတယ်။ စိတ်ပူစရာမရှိပါဘူး။ လုပ် ငန်းတာဝန်တွေ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ် ” လို့ ဆိုပါတယ်။
ဒါ့အပြင် သမ္မတအိမ်တော်က ကျန်တဲ့ဌာနတွေ၊ သမ္မတရုံးက ကျန်တဲ့ဌာနတွေက ဝန်ထမ်းတွေကို တစ်ဝက်နား တစ်ဝက်ဆင်းစနစ်နဲ့ ဆောင်ရွက်နေပြီး ယန္တရားပုံမှန်လည်ပတ်နေတယ်လို့လည်း ပြောပါတယ်။
ပိုးတွေ့တဲ့ လက်ထောက်ညွန်ကြားရေးမှုးအဆင့်အရာရှိဟာ လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ရသူမဟုတ်ဘူးလို့လည်း သိရ ပါတယ်။ သူနဲ့အတူ ဌာနက ၁၁ ဦး ကို စစ်းဆေးတာမှာ ၁၁ ဦးလုံး Negative အဖြေထွက်တယ်လို့ ဆိုပါတယ်။ ပိုးတွေ့သူနဲ့ တွေ့တဲ့သူတွေရော၊ မတွေ့ပေမယ့် နေရာနီးတဲ့သူတွေ အားလုံးကိုလည်း Quarantine ဝင်ခိုင်းပြီး စစ်ဆေးထားတာဖြစ်တယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က သမ္မတအိမ်တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူတဲ့ သတင်းထောက်တွေကိုလည်း မနက်ဖြန်မှာ ပိုးရှိ မရှိ စစ်ဆေးသွားမှာဖြစ်ပါတယ်။

0 comments:

Post a Comment