Wednesday, September 9, 2020

ယနေ့ စစ်ဆေးမှုအရ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၂) ဦး တွေ့ရှိရပြီး၊ စုစုပေါင်း အတည်ပြုလူနာ (၁,၈၈၉) ဦးရှိပြီ ဖြစ်

၁။ (၉-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၇၅)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၀၂) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၆၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁၈၈) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၆) ခု
- စုစုပေါင်း (၁,၂၂၆)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၂) ဦး တွေ့ရှိရပါသည်။
၂။ (၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၈၈၉) ဦးရှိပြီ ဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံးဆင်းလူနာ (၉၃) ဦးရှိသဖြင့် စုစုပေါင်း (၅၅၃) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
၄။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၂)ဦး ရှိပါသည်။
၅။ (၈-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၉-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၆၇) ဦးရှိပါသည်။
၆။ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန် မည်ဖြစ်ပါသည်။
Source : Ministry_of_Health_and_Sports

0 comments:

Post a Comment