Wednesday, September 9, 2020

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းရတနာမြေတွင် COVID-19 အတည်ပြုလူနာ ပထမဆုံးတွေ့ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်မှာ COVID-19 ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူတဦးကို စက်ဘာလ ၉ ရက်က ပထမဆုံး စတင်တွေ့ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။
COVID-19 ကူးစက်ခံရတဲ့လူနာဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ လေယာဉ်နဲ့ စစ်တွေ-ရန်ကုန်-မြစ်ကြီးနား ခရီးစဉ် လူနာအမှတ်၇၈၈ နဲ့ လေယဉ်တစီးထဲအတူ လိုက်ပါခဲ့သူဖြစ်ပြီး မြစ်ကြီးနားကနေ ဖားကန့်ကို ကားနဲ့လာရောက်ခဲ့တာလို့ သက်ဆိုင်ရာက ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ဖားကန့်မြို့နယ်ကိုရောက်ရှိလာချိန်မှာ အစိုးရရဲ့ညွှန်ကြားချက် ရောက်လာလာခြင်း အချိန်မီ Quarantine ဝင်ခိုင်းပြီး မြို့နယ်ကျန်းမာရေး ဌာနက စက်တင်ဘာလ ၅ ရက်နေ့က နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေယူပြီး အမျိုးသားဓာတ်ခွဲမှု ဆိုင်ရာ ကျန်းမာရေးဌာနကို ပို့ဆောင်စစ်ဆေးခဲ့ပါတယ်။ ဓာတ်ခွဲစစ်ဆေးချက်တွေ ထွက်လာချိန်မှာ ရောဂါပိုးကူးစက်ခံနေရတာကို သိရတာလို့ ဖားကန့်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ယခုပိုးတွေ့ရတဲ့လူနာဟာ စစ်တွေကနေ ဖားကန့်ရောက်လာပြီး (၂၁)ရက်ကြာမှ ကွာရန်တင်းစခန်းကို ခေါ်ယူပြီးအသွားအလာကန့်သတ်ရတာလို့လည်း ဒေသခံတွေဆီကသိရပါတယ် ။
“လူနာရဲ့အသေးစိပ်အချက်လက်တွေတော့ပြောပြခွင့်မရှိပါဘူးဗျ။ ရခိုင် စစ်တွေပြန်ပေါ့။ စစ်တွေ-ရန်ကုန်-မြစ်ကြီးနား-ဖားကန့် လမ်းကြောင်းတိုင်းလာတဲ့သူပါ။ Facility Quarantine ထားတဲ့သူထဲကတယောက်ပါ “လို့ ဖားကန့်မြို့ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ ကော်မတီက ပြည်ပမှ ပြန်လာသူတွေ၊ ရခိုင်ပြည်နယ်မှဝင်ရောက်လာသူတွေ၊ ပြည်နယ်ကျန်းမာရေးဌာနက ပေးပို့လာတဲ့ ပိုးတွေလူနာနဲ့နီးကပ်ခဲ့သူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ ၁၃ ခုမှာ ပို့ဆောင်ထားသူ ၅၉ ဦးရှိတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၉ ရက်နေ့မနက်ပိုင်းက ကိုဗစ်-၁၉ လူနာသစ် ၉၈ ရှိခဲ့ရာမှာ လူနာအများစုက ရန်ကုန်မြို့ကဖြစ်ပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်က တဦးစီ တွေ့ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ကူးစက်ခံရသူပေါင်း ၁၈၀၇ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးအထိ ရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
Crd : ဇော်မိုးထက် (ဖားကန့် )

0 comments:

Post a Comment