Wednesday, September 9, 2020

ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာလေလံမှ ရရှိငွေထဲမှ ကျပ် ၅၃၇ သိန်းအား ဝင်ငွေခွန် ဆောင်ပြီးဖြစ်

ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှ လေလံပစ် ရောင်းချခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာလေလံမှ ရရှိငွေ ကျပ်သိန်း ၂၄၀၀ ထဲမှ နိုင်ငံတော်အတွက် ဝင်ငွေခွန် ကျပ် ၅၃၇ သိန်းပေးဆောင်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကဗျာလေလံကို ကြမ်းခင်းစျေး ၅၄ သိန်းကနေ လေလံ အဆင့်ဆင့်အပြိုင်ပေးခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့ည၉ နာရီမှာ လေလံပြိုင်ပွဲ စတင်ခဲ့ရာ အမည်မဖော်လိုသူတစ်ဦးမှ ငွေကျပ် သိန်းပေါင်း ၂၄၀၀ ဖြင့် လေလံအောင်သွားခဲ့ခြင်းဖြစ်သည်။
ဝင်ငွေခွန်‌ဆောင်ပြီး ကျန်ရှိငွေများအား ရွေးကောက်ပွဲတွင် NLD ပါတီ ဗဟို အောင်နိုင်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment