Wednesday, September 9, 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ချင်း စည်ပင်ဝန်ကြီး လိုက်ပါလာသော စက်လှေအား ပစ်ခတ်တိုက်ခိုက်

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက် လိုက်ပါလာသော စက်လှေကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးနှင့်အဖွဲ့ သည် ပလက်ဝမြို့နယ်ရှိ ကျေးရွာတချို့ကို စက်လှေနဲ့ သွားလာနေစဉ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး တပ်မတော်နဲ့ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဝန်ကြီး ဦးစိုးထက်က RFA ကို ပြောပါတယ်။
“နေ့လယ်တစ်နာရီလောက်ကပေါ့၊ ရဟတ်ယာဉ်နဲ့ မဟုတ်ဘူး၊ စက်လှေနဲ့ ကျနော်တို့ သွားတဲ့အချိန်မှာ သူတို့ (AA) က ပစ်တာခတ်တာတွေ ရှိပါတယ်၊ နေရာတော့ ပြောလို့မကောင်းလို့ မပြောတော့ပါဘူး။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ အပြန်အလှန်ပစ်ခတ်တာ နာရီဝက်လောက်တော့ ရှိပါတယ်။”ဟု ပြောကြားခဲ့သည်။
ဝန်ကြီး ဦးစိုးထက်က ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဒေသဖွံ့ဖြိုးရေးအတွက် ပလက်ဝမြို့နယ်ထဲ ရောက်ရှိနေတာဖြစ်ပြီး စက်တင်ဘာ ၈ရက်နေ့ နောက်ပိုင်းဆိုတော့ မဲဆွယ်စည်းရုံးရေးနဲ့လည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။
ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လော က “ရဟတ်ယာဉ်တော့ အပစ်မခံရပါဘူး။ ခလရ ၂၈၉ မှာ ရဟတ်ယာဉ်သွားစောင့်ဖို့ ပလက်ဝမြို့ကနေ အသွား ခလရ ၂၈၉ အဝင်မှာ အပစ်ခံရတာပေါ့။”
ဝန်ကြီး လေယာဉ်စီးရမယ့်နေရာဟာ ပလက်ဝနဲ့ တစ်မိုင်လောက်ဝေးပြီး စက်လှေနဲ့ သွားရတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတေ့ ဝန်ကြီး ဦးစိုးထက်ဟာ ဘေးကင်းလုံခြုံတယ်လို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၁၂ ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောပါတယ်။
ဦးစိုးထက်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်လွှတ်တော် ပလက်ဝမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

0 comments:

Post a Comment