Wednesday, September 9, 2020

COVID-19ကပ်ရောဂါအခြေအနေအရ လိုအပ်လျှင် ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ရွှေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးပြောကြား

COVID-19ကပ်ရောဂါ အခြေအနေအရ လိုအပ်လျှင် ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွှေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားလိုက်သည်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက စက်တင်ဘာ ၈ ရက်နေ့တွင် ကမာရွတ်မြို့နယ် ပြည်သူ့ပါတီ ရုံးခန်းတွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ထိုကဲ့သို့ပြော ဆိုခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ပါတီအောင် နိုင်ရေးကိစ္စအတွက်ပြောနေတာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ကျန်း မာရေး စိတ်ချရတဲ့အခြေအနေ ထိ၊ အကယ်၍ဖြစ်မယ်ဆိုရင် ဒီ လွှတ်တော် ငါးနှစ်သက်တမ်း မပြည့်ခင်မှာ ရွေးကောက်ပွဲရလဒ် ကြေညာနိုင်တဲ့အချိန်အထိ ကျွန် တော်တို့ ရွှေ့လို့ရတယ်။ ဒါဟာ အများပြည်သူကျန်းမာရေးနဲ့ပတ်သက်တဲ့ အဓိကလိုအပ်ချက်ဖြစ် ပါတယ်’’ ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ညီညွတ်သောတိုင်းရင်း သားလူမျိုးများဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက် ပွဲနောက်ဆုတ်ပေးသင့်ကြောင်း ပြောသည်။
‘‘ဒီကာလကြီးတစ်ခုတည်းမှာလာပြီး ရွေးကောက်ပွဲလုပ်နေတာက ရှင်းရှင်းပြောရရင် တန်း တူရည်တူမရှိဘူး။ အင်အားကြီး ပြီး တည်ဆောက်ပြီးသားပါတီတွေက သူ့မှာက လူတွေအဆင် သင့်ရှိပြီးသား။ ပါတီငယ်တွေ၊ ပါတီသစ်တွေအားလုံးက ပြင် ဆင်ချိန်လည်းမရဘူး။ အခြေခံ လည်း ပြည့်ပြည့်ဝဝမရလို့ ရှုံးမှာပဲ။ ဒါကြောင့် တန်းတူရည်တူဖြစ် စေချင်ရင်တော့ ရွေးကောက်ပွဲကို နောက်ဆုတ်ပေးမှရမယ်။ လွတ်လွတ်လပ်လပ်နဲ့ အားလုံး စည်းရုံး ဟောပြောခွင့်ရမယ့် အနေအ ထားတစ်ခုရှိမှ ရွေးကောက်ပွဲလုပ် ပေးတာကောင်းတယ်’’ ဟု ဦးဒေး ဗစ်လှမြင့်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲကို လက်ရှိအချိန်ထိ ရွှေ့ဆိုင်းရန် မရှိသေးဘဲ ကြေညာထားသည့် နိုဝင်ဘာ ၈ ရက်တွင် ပုံမှန်အတိုင်း ကျင်းပမည်ဖြစ်ပြီး ရွှေ့ဆိုင်းရန် ရှိပါက အောက်တိုဘာလတွင် ကြေညာမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က စက်တင်ဘာ ၃ ရက်က ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြော ဆိုသည်။
COVID-19 နှင့်ပတ်သက် ပြီး မဲဆွယ်ရေးခက်ခဲမှုကိစ္စများ နှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံ ရေးပါတီများ၊ အရပ်ဘက်အဖွဲ့ အစည်းတို့ တွေ့ဆုံဆွေးနွေးရန် ပြည်သူ့ပါတီက စာပေးပို့တောင်းဆိုမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

0 comments:

Post a Comment