Wednesday, September 9, 2020

COVID-19ကပ်ရောဂါ ကာကွယ်နိုင်ရေးအတွက် မန္တလေးမြို့ အဝင်၊ အထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

COVID-19 ရောဂါ ကာကွယ်နိုင်စေရန်အတွက် မန္တလေးသို့လာရောက်သည့် ခရီးသည်များနှင့်ကုန်စည်ပို့ဆောင် ပေးနေသော ကုန်ကားများ၊ အိမ်စီးကားများကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများ၊ တိုင်းဒေသကြီးအစိုးရကချမှတ်ထားသည့် စည်းကမ်းများအတိုင်း သက်ဆိုင်ရာအဖွဲ့အစည်းဝင်များက စစ်ဆေးလျက်ရှိပါသည်။
အဲဒီလိုစစ်ဆေးရာတွင် တိုင်းဒေသကြီးအတွင်း ဝင်လာသည့်သူများကို ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ ရခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် Home Stay သတ်မှတ်ထားသောနေရာများမှ လာသည့်သူများကို Quarantine ဝင်နိုင်ရန်အတွက် ချိန်ဆက်ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်လျက်ရှိကြပါသည်။

0 comments:

Post a Comment