Sunday, October 13, 2013

ကျော်ကြားခဲ့တဲ့ ဂြိုလ်သားဖြစ်ရပ်တွေထဲက တစ်ခု

ကျော်ကြားခဲ့တဲ့ ဂြိုလ်သားဖြစ်ရပ်တွေထဲက တစ်ခု

၁၂ ရာစုက အင်္ဂလန်နိုင်ငံ Suffolk ဒေသနားက လယ်သမားတစ်ယောက်ဟာ ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။လယ်ကွင်းထဲမှာ ကောင်ကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်နဲ့ကို တွေ့ရှိခဲ့ပြီး သူတို့ရဲ့အသားအရေတွေက အစိမ်းရောင်တွေဖြစ်နေပါတယ်။ကလေးတွေကို သူကအိမ်ခေါ်သွားပါတယ်။သူတို့ကထူးဆန်းတဲ့ ဘာသာတစ်ခုကို ပြောဆိုကြပြီးတော့ ၀တ်ဆင်ထားတာတွေကလဲ သတ္တုနဲ့လုပ်ထားတဲ့အင်္ကျီပျော့တွေပါ။ကောင်လေးကတော့ အစာမစားနိုင်ဖြစ်ပြီးတော့ မကြာခင်သေဆုံးသွားပါတယ်။ကောင်မလေးကတော့ ပဲစေ့နဲ့အခြားအရာလေးတွေကို စားသောက်ပြီး ကြီးပြင်းခဲ့ပါတယ်။နောက်ပိုင်းအခြားအစားအစာတွေနဲ့ နို့တွေကိုသောက်ပြီး အသက်ကြီးလာတော့ အသားအရောင်ပြောင်းသွားခဲ့ပါတယ်။နောက်ပိုင်း အင်္ဂလိပ်စကားကို သင်ပေးပြီးတော့ မေးကြည့်တဲ့အခါမှာတော့ သူမက နေမရှိတဲ့မှောင်မဲနေတဲ့ နေရာတစ်ခုကပါတဲ့။သူတို့လူတွေ အားလုံးဟာ အစိမ်းရောင်တွေပါ။သူတို့နှစ်ယောက်ဟာ မိဘတွေမသိအောင် ခိုးထွက်ရင်းကနေ ဒီကိုရောက်ရှိလာတာပါ လို့ဆိုပါတယ်။

အလားတူဖြစ်ရပ်မျိုးကို ၁၈၈၇ စပိန်နိင်ငံ Banjos မှာဖြစ်ပွားခဲ့ပါတယ်။ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ကို အနီးအနားက ဂူတစ်ခုမှာတွေ့ပါတယ်။အသားအရေတွေလဲ စိမ်းနေပြီးတော့ မျက်လုံးတွေကတော့ အာရှတိုက်သားတွေနဲ့တူနေပါတယ်။နေရောက်နဲ့တွေ့တဲ့အခါမှာ မေ့လဲကုန်ကြပါတယ်။ကောင်လေးက သေဆုံးသွားပြီးတော့ ကောင်မလေးကတော့ စားသောက်ပြီး ကြီးပြင်းကာ စပိန်ဘာသာကိုလဲ သင်ယူနိုင်ခဲ့ပါတယ်။။သူမ ပြောပြတာကတော့ သူတို့ရဲ့အလင်းမရှိတဲ့ ကမ္ဘာအကြောင်းဖြစ်ပြီးတော့ သူတို့နှစ်ယောက်ဆော့ကစားနေစဉ် လေပွေလို အရာတစ်ခုထဲမြောပါပြီးတော့ ဒိကိုရောက်လာတာပါတဲ့။အဲဒီကောင်မလေးကတော့ ၁၈၉၂ မှာ သေဆုံးသွားပါတယ်။

ဒီအကြောင်းကို ပညာရှင်တွေက အမျိုးမျိုးယူဆကြပါတယ်။တစ်ချို့က ဂြိုလ်သားတွေ၊တစ်ချို့က မြေအောက်မှာနေတဲ့ လူမျိုးတွေနဲ့ ဆရာဝန်တွေကတော့ malnourishment ရောဂါတစ်မျိုးကြောင့် အသားအရေအစိမ်းရောင်ဖြစ်တာလို့ဆိုလိုပါတယ်။

ဒါပေမယ့် လူအများစုကတော့ ဂြိုလ်သားတွေလို့ယုံကြည်ကြပြီးတော့ နောက်ပိုင်း ဇတ်လမ်းတွေနဲ့ ၀တ္တုတွေမှာတောင် အဲလို ကောင်လေးနဲ့ကောင်မလေးကို ထည့်ရိုက်တတ်ကြပါတယ်။

မောင်စိုင်း
(ကနောင်)

၁၂ ရာစုက အင်္ဂလန်နိုင်ငံ Suffolk ဒေသနားက လယ်သမားတစ်ယောက်ဟာ ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။လယ်ကွင်းထဲမှာ ကောင်ကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်နဲ့ကို တွေ့ရှိခဲ့ပြီး သူတို့ရဲ့အသားအရေတွေက အစိမ်းရောင်တွေဖြစ်နေ ပါတယ်။ကလေးတွေကို သူကအိမ်ခေါ်သွားပါတယ်။
သူတို့ကထူးဆန်းတဲ့ ဘာသာတစ်ခုကို ပြောဆိုကြပြီးတော့ ၀တ်ဆင်ထားတာတွေကလဲ သတ္တုနဲ့လုပ်ထားတဲ့အင်္ကျီပျော့တွေပါ။ကောင်လေး ကတော့ အစာမစားနိုင်ဖြစ်ပြီးတော့ မကြာခင်သေဆုံးသွားပါတယ်။ကောင်မလေးကတော့ ပဲစေ့နဲ့အခြား အရာလေးတွေကို စားသောက်ပြီး ကြီးပြင်းခဲ့ပါတယ်။နောက်ပိုင်းအခြားအစားအစာတွေနဲ့ နို့တွေ ကိုသောက်ပြီး အသက်ကြီးလာတော့ အသားအရောင်ပြောင်းသွားခဲ့ပါတယ်။နောက်ပိုင်း အင်္ဂလိပ်စကားကို သင်ပေးပြီးတော့ မေးကြည့်တဲ့အခါမှာတော့ သူမက နေမရှိတဲ့မှောင်မဲနေတဲ့ နေရာတစ်ခုကပါတဲ့။သူတို့လူတွေ အားလုံးဟာ အစိမ်းရောင်တွေပါ။သူတို့နှစ်ယောက်ဟာ မိဘတွေမသိအောင် ခိုးထွက်ရင်းကနေ ဒီကိုရောက်ရှိလာတာပါ လို့ဆိုပါတယ်။

အလားတူဖြစ်ရပ်မျိုးကို ၁၈၈၇ စပိန်နိင်ငံ Banjos မှာဖြစ်ပွားခဲ့ပါတယ်။ကောင်လေးတစ်ယောက် နဲ့ကောင်မလေးတစ်ယောက်ကို အနီးအနားက ဂူတစ်ခုမှာတွေ့ပါတယ်။အသားအရေတွေလဲ စိမ်းနေပြီးတော့ မျက်လုံးတွေကတော့ အာရှတိုက်သားတွေနဲ့တူနေပါတယ်။နေရောက်နဲ့တွေ့တဲ့အခါမှာ မေ့လဲကုန်ကြပါတယ်။ကောင်လေးက သေဆုံးသွားပြီးတော့ ကောင်မလေးကတော့ စားသောက်ပြီး ကြီးပြင်းကာ စပိန်ဘာသာကိုလဲ သင်ယူနိုင်ခဲ့ပါတယ်။။သူမ ပြောပြတာကတော့ သူတို့ရဲ့အလင်းမရှိတဲ့ ကမ္ဘာအကြောင်းဖြစ်ပြီးတော့ သူတို့နှစ်ယောက်ဆော့ကစားနေစဉ် လေပွေလို အရာတစ်ခုထဲမြောပါပြီးတော့ ဒိကိုရောက်လာတာပါတဲ့။အဲဒီကောင်မလေးကတော့ ၁၈၉၂ မှာ သေဆုံးသွားပါတယ်။

ဒီအကြောင်းကို ပညာရှင်တွေက အမျိုးမျိုးယူဆကြပါတယ်။တစ်ချို့က ဂြိုလ်သားတွေ၊တစ်ချို့က မြေအောက်မှာနေတဲ့ လူမျိုးတွေနဲ့ ဆရာဝန်တွေကတော့ malnourishment ရောဂါတစ်မျိုးကြောင့် အသားအရေအစိမ်းရောင်ဖြစ်တာလို့ဆိုလိုပါတယ်။

ဒါပေမယ့် လူအများစုကတော့ ဂြိုလ်သားတွေလို့ယုံကြည်ကြပြီးတော့ နောက်ပိုင်း ဇတ်လမ်းတွေနဲ့ ၀တ္တုတွေမှာတောင် အဲလို ကောင်လေးနဲ့ကောင်မလေးကို ထည့်ရိုက်တတ်ကြပါတယ်။

မောင်စိုင်း
(ကနောင်)
Scientist Myanmar

0 comments:

Post a Comment