Tuesday, October 8, 2013

သံတွဲပဋိပက္ခတွင် အထောက်အထားမရှိဘဲ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရန် ရခိုင်အမတ်များ သမ္မတထံ တင်ပြမည်

 သံတွဲမြို့ ပဋိပက္ခနှင့် ပတ်သက်၍ အထောက်အထားမရှိဘဲ ဖမ်းဆီးခံထား ရသူများရှိပြီး ၄င်းတို့ လွတ်မြောက်ရေး အတွက် သမ္မတထံ တင်ပြပေးသွားမည် ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

လူအသေအပျောက်ရှိခဲ့သည့် သံတွဲမြို့အကြမ်းဖက် ဖြစ်ပွားမှုကို အ ဖြေရှာရန် ရခိုင်တိုင်းရင်းသား လွှတ်တော် အမတ်များ ဖြစ်သော ဦးဖေသန်း၊ ဦး ထွန်းအောင်ကျော်၊ ဦးဘရှိန်နှင့် ဒေါက် တာအေးမောင် တို့က အောက်တိုဘာလ ၇ ရက်နေ့မှ စတင်၍ သံတွဲသို့ ၃ ရက် ကြာ ခရီးသွားရောက်နေခြင်းဖြစ်သည်။

လက်ရှိတွင် အဖမ်းခံထားရသူ ဦး ရေ ၅ဝ ဝန်းကျင်ခန့်ရှိနေပြီး ယင်းထဲ၌ အမျိုးဘာသာ သာသနာအဖွဲ့ဝင် ၂ဝ ခန့်ရှိနေကြောင်း ဦးဖေသန်းက ပြော သည်။

ကိုယ်စားလှယ်များက အဆိုပါ ပဋိပက္ခဖြစ်စဉ်ကိုင်တွယ်နေသည့် ရဲမှူး ကြီးနှင့် တွေ့ဆုံရာတွင် ရဲမှူးက ”ဖမ်း တာလည်း သူတို့အစီအစဉ်မဟုတ်ဘူး။ စစ်ဆေးတာလည်း သူတို့ အစီအစဉ် မဟုတ်ဘူး။ အထက်က ဖမ်းခိုင်းလို့ ဖမ်း ရတာပါ”ဟု ဆိုကြောင်း ဦးဖေသန်းက ပြန်ပြောင်းပြောသည်။

အဆိုပါ အမတ်များသည် သံတွဲ မြို့၌ ဖမ်းဆီးခံထားရသော မိသားစုဝင် များ၊ ခရိုင်ရဲမှူးများနှင့် တွေ့ဆုံခဲ့ပြီး ဒေသခံများ၏ ပြောကြားမှုအရ အဆိုပါ ပဋိပက္ခသည် အကွက် ချဆောင်ရွက်မှုဟု ယူဆရကြောင်း ဦးဖေသန်းက ပြော သည်။

”ဒေသခံတွေ ရထားတဲ့ စာရင်း ရှိ တယ်။ တိုင်တန်းခံရပြီး အဖမ်းခံရတဲ့ လူတွေရဲ့ စာရင်းက အဲဒီစာရင်း။ စီနီ ယာမပျက် တူတယ်လို့ သိရတယ်။

ဒီ တော့ နောက်ထပ်ကျန်တဲ့ သူတွေလည်း အဖမ်းခံရဦးမယ်ဆိုတဲ့ သဘောဖြစ်နေ တော့ စိုးရိမ်နေကြတယ်”ဟု ၄င်းက ဖြစ် ပေါ်နေသော အခြေအနေကို ပြော သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၄င်း တို့သိရှိသမျှကိုလွှတ်တော်သို့လည်း တင်ပြ သွားမည်ဟု ¤င်းက ဆက်ပြောသည်။


ဝေမာထွန်း
Popular Myanmar News Journal

0 comments:

Post a Comment