Tuesday, October 8, 2013

ဦးကျော်သူပြောတဲ့ ပရဟိတနဲ့ ရုပ်အလှ သာမက စိတ်အလှပါထုတ်ဖော်ပြသတဲ့ အလှမောင်မယ်များအကြောင်း


နိုင်ငံတကာမှာ Miss  ဆုရရှိထားတဲ့ အလှမယ်များဟာ မဖြစ်မနေ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ကြရပါတယ်။ ဒီလိုပရဟိတ လုပ်ဆောင်နေချိန်အတွင်းဟာ လည်း သူတို့အတွက် အလှဆုံးအချိန်တွေပါပဲ။ မြန်မာနိုင်ငံမှာလည်း ပရဟိတ လုပ်ငန်းတွေကို အလှမယ်များက စိတ်ဝင်တစားနဲ့လုပ်ကိုင်လာ ကြပါတယ်။ Miss Myanmar ဂုဏ်ရည်အေးကျော်ကလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)ကို သွားရောက် လေ့လာခဲ့ကြောင်း အဲဒီလိုသွားရောက် ခဲ့တဲ့အတွက် အသင်းမှာ လုပ်အားပေးခြင်း၊ အသင်းသား အဖြစ်ဝင်ရောက်မှုတွေနဲ့ ပတ် သက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ ကို မေးမြန်းကြည့်တော့..

” Miss တွေပဲဖြစ်ဖြစ်၊ ကာယဗလမောင်ပဲဖြစ်ဖြစ် ဘယ်သူမဆို ကျွန်တော်တို့ဆီလာရင် ကျွန်တော်တို့က ကြိုဆိုတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မရွေး ကျွန်တော်တို့က ကူညီ နေရတဲ့သူတွေလေ။ လူမှုရေး စိတ်ဓာတ်ရှိလို့လာတာကို ကြို ဆိုပါတယ်။ ဒါပေမဲ့ ရေရှည် လုပ်နိုင်ဖို့က အရေးကြီးတယ်။ အခု နောက်ပိုင်း ပရဟိတ ကို ပိုပြီးစိတ်ဝင်စားလာတာက တိုင်းပြည်က ဆင်းရဲ နွမ်းပါး ကုန်ကြလို့၊ ဒုက္ခသုက္ခတွေ ရောက်လာလို့ ဖြစ်လာတဲ့အခါ လူသားချင်း စာနာစိတ်တွေ ပေါ်ပေါက်လာတယ်။ ကိုယ့် အသင်းအဖွဲ့ မထူထောင်နိုင် သေးလို့ လက်ရှိတည် ရှိနေတဲ့ အသင်းအဖွဲ့တွေမှာလာ ရောက် ပူးပေါင်း လုပ်အားပေးကြ တာ။ ဒါတွေက ကောင်းပါ တယ်။ အခု ဂုဏ်ရည်အေး ကျော်က ကျွန်တော်တို့ဆီမှာ လာပြီးတော့လေ့လာတယ်။ ကျွန်တော်တို့ရဲ့အသင်း စည်း မျဉ်းစည်းကမ်းတွေကိုတော့ ပြောပြထားပါတယ်။ အနု ပညာ ရှင်တွေဆို ကိုဆောင်း ဦးလှိုင်၊ ဦးရဲလွင်၊ နန်းခင်ဇေ ယျာတို့ဆို အများပြည်သူ သိတဲ့ အနုပညာရှင်တွေ အနေနဲ့အချိန်မရွေးလက် ကမ်းလာပြီး လုပ်အားပေး နိုင်တယ် လို့ထားထား တယ်။ ကျန်တဲ့ အသင်းသူ၊ အသင်း သားတွေကတော့ သင်တန်း ဆရာတွေနဲ့ သင်တန်း ၇ ပတ်လောက်တက်ပြီးမှ ဂျူတီ ချပေးပြီး အသင်းသား အဖြစ် နောက်ပိုင်း ကတ်ပြားထုတ် ပေးတာ။

ကျွန်တော်တို့ အစည်း အဝေးထိုင်ပြီး ဂုဏ်ရည်အေး ကျော်ကို အကြောင်းပြန်မှာ ပါ။ကျွန်တော်တို့ဆီမှာ အရင် တုန်းက ဘောလုံးသမားတွေ လာပြီးလုပ် အားပေးဖူး တယ်။ ဌာနဆိုင်ရာ  လူကြီးတွေ တောင်မှ လာလုပ်အား ပေး တာရှိတယ်။  ဘယ်သူမဆို လုပ်အားပေးချင်ရင်ကြိုဆိုမှာ ပဲ။ရေရှည်အသင်းသား အနေ နဲ့လုပ်ချင်ရင် သင်တန်း စည်းကမ်းအတိုင်းသင်တန်းတက် ရပါမယ်” လို့ပြောပြခဲ့ပါတယ်။

  မေမွန်မောင်

Popular Journal

0 comments:

Post a Comment