Sunday, October 13, 2013

နျူကလီးယားအစီအစဉ်စွန့်လွှတ်ရေး အမေရိကန်ကမ်းလှမ်းမှု မြောက်ကိုရီးယားပယ်ချ

နျူကလီးယားကင်းစင် သည့် မကျူးကျော်ရေးစာချုပ် တစ်ခုကို လက်မှတ်ထိုးရန် လွန် ခဲ့သည့် သီတင်းပတ်က အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ပယ်ချခဲ့ သည်။အမေရိကန်သည် မြောက် ကိုရီးယား၏ဖေဖော်ဝါရီလက နျူစမ်းသပ်မှုကို အပြစ်ပေးရန် ရည်ရွယ်သော ပိတ်ဆို့အရေးယူ မှုများနှင့် ကိုရီးယားကျွန်းဆွယ် တွင် စစ်ရေးလေ့ကျင့်မှုအပါအ ဝင် ရန်စမှုများ ရပ်တန့်သင့် ကြောင်း အမျိုးသားကာကွယ် ရေးကော်မရှင်ပြောခွင့်ရ ပုဂ္ဂိုလ် ကပြောကြားခဲ့သည်။

ယခုသီတင်းပတ် အစော ပိုင်းက အမေရိကန်နှင့်တောင်ကို ရီးယားတို့၏ နှစ်ရက်ကြာ ရေ တပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြင်းထန် စွာ ဝေဖန်ခဲ့သည်။ ဂျပန်သို့သွား သော ခရီးစဉ်အတွင်း မြောက် ကိုရီးယားသာ နျူလက်နက်များ စွန့်လွှတ်ပြီး နိုင်ငံတကာ၏ တောင်း ဆိုချက်များကို လိုက်လျောပါက မြောက်ကိုရီးယားနှင့်စေ့စပ်ညှိ နှိုင်းရေးတံခါးကို ဖွင့်ထားကြောင်း ကယ်ရီက ပြောကြားခဲ့သည်။
ကယ်ရီ၏ပြောကြားချက် အပေါ် တုံ့ပြန်သည့်အနေဖြင့် ဩဇာအာဏာကြီးမားသော ကော် မရှင်၏ ကြေညာချက်ပေါ်ထွက် ခဲ့ခြင်းဖြစ်သည်။

နျူလက်နက်စွန့်လွှတ်ပါ က မြောက်ကိုရီးယားနှင့် ငြိမ်း ချမ်းသောဆက်ဆံရေးကို ထူ ထောင်ရန် ဝါရှင်တန်က အသင့် ရှိကြောင်း ကယ်ရီက ပြောကြား ခဲ့သည်။

Yangon Media Group

0 comments:

Post a Comment