Friday, October 11, 2013

သေခြင်းနှင့် ယှဉ်၍ လောင်းသည်…(ဇာတ်သိမ်း)

အပေါ်ထပ်လည်း ရောက်ရော..အလင်းကို ဘုရားစင်ရှေ့ မှာ လှဲချခိုင်းလိုက်တယ်။ ပြီးတော့ ရေတစ်ခွက်တောင်းပြီး ကျွန်တော် ကိုးင်္သချိုင်း သံဓါးတွေကို ထုတ်ပြီး ရေခွက်ထဲ ပစ်ချလိုက်တယ်။ ပြီးတော့… အနော် ရွတ်နေကြ “နတ်ချစ်ဂါထာ” ကို သက်စေ့ကို
ရွှတ်ပလိုက်တာ။ ပြီးတော့ အဲဒီေ၇နဲ့ အလင်း တစ်ကိုယ်လုံးကို လိုက်ဖြန်းလိုက်တယ်။ ပြီးတော့ သူ့ကို အဲဒီရေ တိုက်လိုက်တယ်။

အဲဒီတော့မှ သူက…ကျွန်တော်ကို ဒီလိုပြောတယ်။
“ဇူး… ငါအိပ်ချင်တယ်” တဲ့လေ။ ကျွန်တော်ကလည်း “အင်း” ဆိုပြီး… သူကို အိပ်ယာပေါ်မှာ လှဲပေးထားလိုက်တယ်။
ပြီးတော့ ပါးပါး စိတ်နေကြ ပုတီးကို တောင်းပြီး သူလည်ပင်းမှာပါ။ ဆွဲပေးထားလိုက်တယ်ဗျာ။ ပြီးယော။ အလင်းလည်း ချက်ခြင်း အိပ်ပျော်သွားတယ်။ အဲဒီတော့မှ ကျွန်တော်လည်း စိတ်လျှော့လိုက်ရတယ်။ ၀ူ…လူက တော်တော်ကို မောပန်းသွားတာဗျာ။ စိတ်မောမျိုးပိုဆိုးတယ်။ အခုတော့ စိတ်ချရသွားပါပြီ။

အနော်လည်း ခြေပစ်၊ လက်ပစ် ကြမ်းပြင်ပေါ်မှာ လဲချလိုက်တယ်။ အားလုံးက ၀ိုင်းမေးကြတယ်။ ခြံစောင့်အဖိုးကြီး (အပါး) တို့လည်း ရောက်လာကြတယ်။ အားလျန်လည်း ပါလာတယ်။ ပြီးတော့ မြို့ ထဲလမ်းကို ဖြတ်မောင်းလာတုန်းက အဲဒီလမ်းတစ်လျှောက်လုံးက သူငယ်ချင်းတွေချည်းပဲဆိုတော့… ဘာဖြစ်တာလဲ။ ဘာညာနဲ့ လိုက်လာကြတာနဲ့တင်။ အိမ်မှာ လူတော်တော်များသွားတယ်။
အားလုံးက အနော်ကို ၀ိုင်းမေးနေတော့…မားမားက ထ အော်ယော…
“ဟဲ့။ နင်တို့ လူလို့ နားမလည်ကြဘူးလား။ ဒီမှာ ငါ့သား ဘာဖစ်လာလဲ။ ငါတောင် မသိဘူး။ နင်တို့က တစ်မျိုး။ ခဏ အမောဖြေပါစေအုံးဟယ်” ဆိုတော့ မှ ၀ိုင်းမေးတဲ့ သူတွေ ပါးစပ်ပိတ်တော်မူတယ်။

ငါးမိနစ်လောက် အမောဖြေနေတယ်။ အနော်လေ။ အားလုံးက အနော်ကို ရုပ်ရှင် မင်းသားလိုဝိုင်းကြည့်နေကြတယ်။ ဘာဖစ်လာတာလဲ သိချင်လို့။ အဲဒီလို စိတ်လျှော့ပြီး ကျွန်တော်…လဲနေရင်းနဲ့…ကျွန်တော် သတိ တစ်ချက်တစ်ချက်။ လွတ်ချင်နေတယ်ဗျ။ အဲဒါ အဟုတ်။
ဘာဖစ်တာလဲ ဆိုတာ ကျွန်တော် စဉ်းစားနေတာ။ မျက်စိသာမှတ်ထားတာ။ အဲဒါကို တွေးနေတာလေ။ နောက်တော့မှ…
“ဟိုက်! ငါ ရေမသောက်ရသေးဘူး” ဆိုပြီး ကိုးင်္သချိုင်းသံတွေ စိန်ထားတဲ့ ရေကို အနော် အငမ်းမရသောက်ချလိုက်ရတယ်။ အဲဒိတော့မှ လူက လန်းသွားတယ်ဗျ။ လူလည်း လန်းသွားရော။ စိတ်က တိုလာရော။ အယိုးမ မျက်လှည့်ဆရာ။ မသိလို့ မှားတာကို… နှစ်ယောက်စလုံးကို ဆော်လွှတ်လိုက်တယ်။ ဟုတ်တယ်ဗျ။ အဲဒါ အစိမ်းတိုက်တယ်ခေါ်တယ်။ အလင်းကို ၀င်ပူးချင်နေတာ…အရင်ဆုံး။
ဒါပေ့မယ်…အလင်းကလည်း စိတ်မာတယ်။ ပြီးတော့…သူသတိကလည်း တစ်ချက်သိလိုက်၊ တစ်ချက်မသိလိုက်နဲ့ ဖြစ်နေတုန်းမှာ အနော်က ရေတိုက်ချလိုက်ပြီး ပုတီးပါ ပတ်ပေးလိုက်တော့… ၀င်လို့လည်း မရတော့ယော။ အနော်ဆီကို ၀င်တာ။ Target ကအနော်တို့ နှစ်ယောက်ဆိုတော့လေ။ ပြီးတော့ အနော်အမြဲဆောင်ထားတဲ့ သံကျိုးသံစတွေက ရေခွက်ထဲေ၇ာက်နေတော့ အနော်က အကာအကွယ်မဲ့သလိုဖြစ်နေတယ်။ နောက်တစ်ခုက ဒီအတိုင်းလှဲအိပ်နေပြီတာ။ ပိုးလို့ပက်လက်လေ။ သူအတွတ် အခွင့်ကောင်းဆိုပြီး
တေချင်းဆိုး တရဲက ၀င်ပူးတာ။ ဒါပေ့မယ် သတိနဲ့ ထိမ်းနေတော့ ၀င်ချင်တိုင်း ၀င်မရဘူး ဖစ်နေယော။ အဲဒီအချိန်မှာ..အနော်ကလည်း ရေထသောက်လိုက်တော့…အစိမ်းတိုက်ထားတဲ့ သရဲ ငုတ်တုတ်မေ့သွားတယ် :D ။

အဲဒီလိုလည်း အစီအစဉ်တကျစဉ်းစားမိယော ကျွန်တော်လည်း…အစီအစဉ်တကျ တိုက်စစ်ပြန်ဆင်ရတာပေါ့ဗျာ။ သောက်ရူးများမှတ်နေလားမသိဘူး ငဇူးကို။ အယိုးမ မျက်လှည့်ဆရာ။ အနော်တော်တော်တင်းတာ။ ဖဲ့ချင် ဒဲ့လာဖဲ့ပေါ့ဗျာ။ ဘယ်နှယ့်…ကိုယ်အချစ်ရဆုံး သူငယ်ချင်းကိုပါရောဖဲ့သွားတယ်။ ကျွန်တော်လည်း ဘာမှ မပြောနေတော့ပဲ ချက်ခြင်း ပါးပါးကို ထပြောတယ်။ ပါးပါးက စရောက်လာကတည်းက တစ်ခွန်းမှ ၀င်မပြောဘူး။ ကျွန်တော်ကိုပဲ ကြည့်နေတာ။ သူကတော့ ၇ိပ်မိနေပါပြီ။
ပြီးတော့ သူ့ သမီးအခြေအနေကောင်းသွားပြီဆိုတာလည်း သိတယ်။ ကျွန်တော် ပက်လက်ကြီး သတိလစ်လိုက်၊ ပြန်ဝင်လာလိုက်ဖစ်နေတယ်ဆိုတာကိုလည်း သိတယ်။ အဲဒီတော့ သားအဖ နှစ်ယောက်ပေါင်းကြံလိုက်ရတယ်။ ရှမ်းကြီးတို့ပါ အစစ်ပါသွားတယ်။ ဟီး :D ။
“ပါးပါး…အိမ်တံခါး ပိတ်လိုက်ပါ။ တစ်ယောက်မှ မထွက်စေနဲ့။ ရှမ်းကြီး အိမ်ရိုက်သံသွားယူ။ ဝေး…နင်တို့ ဒီရေကို ပွားပြီး အိမ်ထဲ နေရာလပ်မကျန် အကုန် လိုက် ပက်စမ်းဟာ။ ငါ သံရိုက်ပီးမှ ပက်” ဆိုပြီး။ လုပ်ငန်းစဉ်ကို အစီအစဉ်ဆွဲလိုက်တယ်။ အဲဒီအချိန်မှာ
ကျွန်တော် ခြံစောင့်အဖိုးကြီး(အပါး)က ၀င်လာပြီးတော့ ပြောတယ်။
“ဇူး နင် သံရိုက်လိုက်။ ငါ လုပ်မယ်။ အဲဒီဟာကို” ဆိုပြီး ထကြမ်းပါယောလာဗျား။ အပါးက ရှမ်းဆိုတော့ အဲဒီလို အတတ်ပညာတွေ နည်းနည်းပါးပါး သိတယ်ဗျာ။ အထက်လမ်းပါ။ အ

အဲဒါနဲ့ ကျွန်တော်က အိမ်တံခါးပေါက်ကို ပိတ်ပြီး ရှမ်းကြီး ယူလာပေးတဲ့ သံနှစ်ခေါင်းကို ဟိုဘက် တစ်ခု၊ ဒီဘက် တစ်ခု ရိုက်ချလိုက်တယ်။ အဲဒါတွေဘာတွေက ဂါထာ၊ မန္တုန်တွေ ရွှတ်ရတယ်ဗျာ။ အနော်ကတော့ ကိုယ်ရွှတ်နေကြ နတ်ချစ်ဂါထာကိုပဲ ရွတ်တာပါ။ ပြီးတော့  ဒီလို ဆုတောင်းလိုက်တယ်
“ ဒီနတ်ချစ်ဂါထာ အစွမ်းကြောင့် အိမ်ထဲကို ၀င်ရောက်နေသော…နာနာဘာဝအား… အပြင်သို့ ပြန်ထွက်ခွင့်အား ယာယီသဖြင့်ပိတ်ထားပေးပါရန် အိမ်စောင့်နတ်မင်းနှင့်တကွ နတ်အပေါင်းတို့ အား ပန်ကြားအပ်ပါတယ်ခင်ဗျား”  ဒီလောက်ပဲ တော်ကီလွှတ်လိုက်တယ်။ :D ။ အဲဒီလောက်ဆို နတ်တွေလည်း သဘောပေါက်တယ်။ အနော်ငဇူး ဘာကို အလိုချိတယ်ဆိုတာလေ။
လူတွေကလည်း အိမ်ထဲမှာ အများကြီးပဲဗျ။ ဒါပေ့မယ် တိဝူး။ တစ်ယောက်မှ ပေးမထွက်ဝူး။ သူငယ်ချင်းတွေကလည်း နေရာအနှံလိုက်ဖျန်းတာ။ ဟိုရေခွက်ထဲကေ၇နည်းနည်းကို ဇလားခွက်အကြီးကြီးတွေထဲ ရေအပြည့် ဖြည့်ပြီးလေ။  ကျန်တဲ့ သူတွေကတော့ ဘုမသိ၊ ကုန်းမသိ၊ ဟိုကြည့်၊ ဒီကြည့် ယောင်တောင် ပေါင်တောင်ပေါ့ဗျာ။

အဲဒီမှာ… ခြံစောင့်အဖိုး(အပါး) က ဖယောင်းတိုင် တစ်တိုင်ကို မီးထွန်းလိုက်တယ်။ ပြီးတော သူအကျီကို ချွတ်လိုက်တယ်။ ရင်ဘတ်မှာ စမအင်းတွေ ထွက်လာတယ်။ အဲဒီတစ်ခါပဲ သူလုပ်တာ အနော် မြင်ဖူးသေးတယ်။ အဟုတ်။ ပြီးတော့ ဆန်နည်းနည်းတောင်းတယ်။ အဲဒီဆန်ကို သူ့ပါးစပ်ထဲထည့်ပြီး ၀ါးလိုက်တယ်။ ပြီးတော့ အဲဒီဟာကို လက်ပေါ်တင်ပြီး ဖယောင်းတိုင် ရှေ့ က ကြမ်းပြင်မှာ အင်းကွက်ချတယ်။ ဆန့်မှုန့်နဲ့ အင်းပေါ့ဗျာ။ ပြီးတာနဲ့…ဖယောင်းတိုင်ဘေးမှာ အမွှေးတိုင် တစ်တိုင်ထွန်းတယ်။
“ဒီအိမ်ထဲမှာ ရှီနေတဲ့ အစိမ်း၊ အခု ထွန်းထားတဲ့ အမွှေးတိုင် တစ်ဝက်မကျိုးခင် အတွင်း။ နင်လာရင်လာ။ မလာရင်တော့ ၀ိဥာဉ်ပါချေဖျက်ပစ်ရလိမ့်မယ်နော်။ ငါလုပ်ထားတဲ့ဟာတွေကိုကြည့်ပြီး နင်သဘောပေါက်လောက်ရောပေါ့။ နင့်ကို ဘာမှ မလုပ်ဘူး။ မေးချင်တာ မေးမယ်။ မြန်းချင်တာ မြန်းမယ်။ မှဲ့ တစ်ပေါက်မစွန်းစေရဘူးလို့ ငါဂတိပေးတယ်”  ဆိုပြီး ပြောလိုက်တယ်။

အဲဒီလိုပြောပြီး ဘယ်လောက်မှ မကြာဘူး။ ထိုင်နေတဲ့ လူအုပ်အတွင်းက တစ်ယောက်က နတ်ပူးသလို လှုပ်လာတယ်။ ဘယ်သူလဲဆိုပြီး သေသေချာချာကြည့်လိုက်တော့… “မနှင်းယု”။ ပါးပါးတို့ အိမ်ဘေးက တရုတ်မ။ အလင်းသူငယ်ချင်း။ သရဲက သူ့ဝင်ပူးတာ။ သူက ပူးပြီးတာနဲ့ လှုပ်လီ၊ လှုပ်လဲ့နဲ့ အပါ့နား ရောက်သွားတယ်။ ကျန်သူတွေက ၀ိုင်းကြည့်ပေါ့ဗျာ။ အနော်ကလည်း ဒီလိုလုပ်လို့ရတာ သိတယ်။ တစ်ခါမှ မစမ်းဖူးဘူး။ ဒီတစ်ခေါက်မှ စိတ်တိုလို့ လုပ်လိုက်တာ။ အခုလိုကြီး မြင်ရတော့ ကြက်သီးတော့ ထတယ်ဗျ။ ဟီး။
အဖိုးကမေးတယ်။
“ကဲ! ပြော။ မှန်မှန်ဖြေနော်။ နင်ဘယ်သူလဲ။ ငါမြေးတွေကို ဘာလို့နှောက်ယှက်ရတာလဲ”
အဲဒီမှာ သူက ကျွန်တော်ကို လက်ညိုးထိုးပြီး…

မနှင်းယု။ ။ “အဲဒီကောင်လေးက အရင်လာနှောက်ယှက်တာ။ ဆရာက သူဘာသာသူ ကျွန်မကို သီချင်းဆိုခိုင်းနေတာ။ အဲဒါကို သူက သူပညာနဲ့ ၀င်လာတာ။ အဲဒီဟာကြောင့် ဒီလိုလုပ်ရတာ။ သူကို မကျေနပ်ဘူး။ ဟင်းဟင်း”…

ငဇူး။ ။ “ဘောပဲ”
မနှင်းယု။ ။ “ဆရာကလည်း နင့်ကို မကျေနပ်ဘူး။ အသေဆော်လိမ့်မယ်။ ဟင်းဟင်း”
ငဇူး ။  ။ “နှစ်ယောက်လုံး ဘောပဲ”

(ဒီနေရာမှာ အားလုံးကို ကျွန်တော်ရိုင်းပြခြင်းအတွတ် တောင်းပန်ပါတယ်။ တကယ်လည်း အဲဒီတုန်းက ကျွန်တော် အဲဒီလို ပြောခဲ့တယ်)
အဖိုးက သူနဲ့ ကျွန်တော်နဲ့ ပြောနေတုန်းမှ တစ်ခွန်းမှ ၀င်မပြောဘူးဗျ။ အစက သရဲမက ကျွန်တော်ကို ဖြဲခြောက်တာ အနော်က သူ့ကို လှိမ့်ဆဲနေတော့…သူ တော်တော်လန့်သွားတယ်။ ထင်တယ်။ ဘောပဲ တစ်ခါပြောရင်။ နောက်ကိုတစ်ခါ တွန့်သွားတယ်။ နှစ်ယောက်လုံးကို ပြောလိုက်တော့…၀ပ်ကျသွားတယ် :D ။ ဘောကြောက်တယ်ထင်ပါတယ်ဗျာ။ ကျွန်တော်လည်း သူက ဒီမှာလာပြီးဖြဲနေတော့ စိတ်မရှည်တော့တာနဲ့…. ရှမ်းကြီးဆီက သံတွေစိမ်ထားတဲ့ ရေခွက်ကို လှမ်းယူလိုက်တယ်။
အဲဒါလည်း မြင်ယောဗျာ…

မနှင်းယု။ ။ “အဟီးဟီး။ မလှုပ်ပါနဲ့ ရှင်။ တောင်းပန်ပါတယ်။ မလုပ်ပါနဲ့။ ရှီကြီးခိုးပါရဲ့ ။ အနားမယူလာပါနဲ့။ ကြောက်လွန်းလို့ပါ”

ငဇူး ။ ။ “ဘာအခုမှ ကြောက်ပြီလဲ။ ငါဒါကို တစ်လမ်းလုံးယူလာတာ။ နင်ဒီရောက်အောင်လိုက်လာပြီးမှ…ဘာတွေ လာပြောနေတာလဲ”
မနှင်းယု။ ။ “ဆရာက လိုက်သွားဆိုလို့ပါရှင်။ ကျွန်မ အသက်ကို သူပိုင်လို့ပါ။ ခိုင်းတဲ့ အတိုင်းမလုပ်ရင် သူ ဒဏ်ခတ်ပါလိမ့်မယ်”
အဖိုး။ ။ “ဒါဆို နင်က မလုပ်ချင်ပဲ လုပ်နေရတယ်ပေါ့။ ဟုတ်လား”
မနှင်းယု။ ။ “ဟုတ်ပါတယ်ရှင်။ ကျွန်မ ကျတ်ကုန်းမှာနေပါတယ်။ မိဘတွေလည်းရှီပါတယ်။ ဒီဆရာက ကျွန်တော် လက်ဖျံရိုးကို ယူထားလို့ပါ။ အဟီးဟီး။ အခု အဘပညာ ကြည့်ရတာ ဆရာထက်သာပါတယ်။ ကျွန်မကို ကယ်နိုင်ရင် ကယ်ပါ အဟီးဟီး” ဆိုပြီး ငိုပါယောလား။ အဖိုးလည်း တိုင်ပတ်သွားတယ်။
အဖိုး။ ။ “ဟဲ့ မသာမ။ ငစဉ်းလဲမ။ နင်က နင့်ဆရာနဲ့ ငါ့ကို ရန်တိုက်နေလာတား” ။
မနှင်းယု။ ။ “မဟုတ်ရပါဘူးရှင်။ တကယ်ပြောတာပါ”
အဖိုး။ ။ “အခု နင့်ဆရာ ဘယ်မှာရှိနေတုန်း”

သရဲမက ခဏလေး ငြိမ်သွားတယ်ဗျ။ မျက်စိကို မှိတ်ပြီးလေ…ပြီးတော့မှ
မနှင်းယု။ ။ “ဟို သရဲမယုံတဲ့ ကောင်လေးတွေ့သရဲ ပြဖို့ဆိုပြီး ခေါ်သွားနေပါတယ်။ နောင်ချိုနဲ့ မေမြို့ ကြားက တောတန်းကိုပါ”

ကျွန်တော် “ဟိုက်” ခနဲ ဖြစ်သွားတယ်။ တေချမ်း။ အလင်းကို စိတ်ပူနေတာနဲ့ အဲဒီငနဲ့တွေကို သတိပေးဖို့ မေ့သွားတယ်။ အဖိုးက ကျွန်တော်ကို မော့ကြည့်တယ်။ အဲဒိတော့မှ ကျွန်တော်လည်း ပြောပြလိုက်ရတယ်။ ဟိုသရဲမယုံတဲ့ကောင်လေးတစ်စု ပြန်လှည့်သွားတယ်ဆိုတာတွေကိုယောပေါ့။ အစအဆုံး ပြောပြဖို့ဆို တော်တော်ကြာမှာလေ။ အဲဒါနဲ့ အကျွန်တော်လည်း အကျုဉ်းချုပ်ပြောပြလိုက်ရတယ်။ အားလုံးလည်း အဲဒီတော့မှ “သြ” “အင်း” တွေ ဖစ်ကုန်တယ်ဗျ။ ဒါပေ့ မယ် အဲဒီလို ပြောပြလိုက်တဲ့ အချိန်က နည်းနည်း ယူသွားတဲ့ အတွတ် သရဲမကို သိပ်မမေးလိုက်ရဘူး။ ဘာလို့လဲဆိုတော့ မနှင်းယုကို အကြာကြီး ၀င်ပူးနေရင်။
လက်ရှီလိပ်ပြာ ဒုက္ခရောက်သွားနိုင်တယ်လေ။ အဲဒါနဲ့ သရဲမကို ပြန်မောင်းထုတ်လိုက်ရတယ်။ အဖိုးက ပြောလိုက်တယ်။

“နင့်နောက်တစ်ခါ။ ဒီလိုမျိုးတွေ လုပ်ရင် နင်သေပီသာမှတ်ပေတော့။ ဟုတ်ပြီလား။ အခု နင့်လက်ဖျံ၇ိုးကို နင်ပြန်သယ်လာနိုင်ရင် နင်ကျွတ်ဖို့ လွတ်ဖို့ကို ငါကူညီပေးမယ်။ ဒီလိုမျိုးက ကူညီလို့လည်း ကောင်းတယ်။ နင့်ဆရာဆီကတော့ ငါသွားပြန်မလုနိုင်ဘူး။ အခုလည်း ဂတိပေးထားတဲ့အတိုင်း နင့်ကို မှဲ့တစ်ပေါက် မစွန်းပဲ ပြန်လွတ်တယ်။ နင်ကျွတ်ချင် လွတ်ချင်တယ်ဆိုရင် မနက်ဖြန်ည (၁) နာရီ တိတိမှာ ဒီခြံရှေ့ မှာ နင့်လက်ဖျံရိုးကို ယူလာပေး။ ငါနင့်ကို ကောင်းအောင် ဘုန်းကြီးပင့်ပြီး အမျှဝေပေးမယ်။ ဟုတ်ပြီလား။ နင့်နာမည်ပြောခဲ့”

မနှင်းယု။ ။ “ယမင်းပါရှင့်”
အဖိုး။ ။ “ဟုတ်ပီ။ သွားတော့”  ။

အဖိုးက အဲဒီလိုမောင်ထုတ်လိုက်တော့…အနော်လည်း ခြံဝမှာရိုက်ထားတဲ့ သံတွေကို ပြန်နှုတ်ပေးလိုက်တယ်။ စိတ်ထဲကလည်း
သွားခွင့်ပြုလိုက်ပါပြီခင်ဗျားပေါ့။ နတ်တွေကို လှမ်းပြီး ကြေးနန်းရိုက်လိုက်ရတယ် :D ။ သရဲမလည်း ဒိုး သွားတယ်ထင်ပါတယ်။

အဲဒီအချိန်မှာ အဖိုးက ကျွန်တော်ကို
“ငဇူး။ ရှမ်းကြီး နင်တို့တွေ ဟိုကောင်လေးတွေကို သွားကယ်ချေဟ။ သေကုန်တော့မှာပဲ။ ခုခေတ်ခလေးတွေဟာလေ။ ပြောရခက်ပါဘိ။ နင်နဲ့ အလင်း သွားကြည့်တာ ကျတ်ကုန်းဟ။ မျက်လှည့်ဆရာက ကျတ်ကုန်းကဟာတွေကို ဒီလိုပဲ ခိုင်းစားနေတဲ့ မှော်ဆရာ ဖြစ်မယ်။ မြန်မြန် သွားချေ” ဆိုပြီး လွတ်တာ။ ကျွန်တော်ကတော့ ချက်ခြင်းပဲ။ သံတို။ သံစတွေကို ယူပြီး ရှုံ့ အိတ်ထဲ ပြန်ထည့်လွယ်အိတ်မှာ ပြန်လွယ်တယ်။ ပြီးတော့ ဆိုင်ကယ်ဆီကို ဒိုးတာပေါ့။ ခက်တာက ရှမ်းကြီးနဲ့ အနော် သူငယ်ချင်းတွေ။ နောက်က မလိုက်လာဘူး။ အနော်လှည့်ကြည့်တော့ အနော်နောက်မှာ တစ်ယောက်မှ ပါမလားဘူးလေ။ အနော်လည်း တစ်ယောက်တည်း မသွားရဲဘူး။ ဟီး :D ။
အဲဒါနဲ့…. “ဝေး။ ရှမ်းကြီး။ နင်တို့ နားကန်းနေလား။ အပါ့ပြောတာမကြားဘူးလား။ သွားမယ်လေ” ဆိုတော့…သူတို့တွေက ဘာပြန်ပြောတယ်ထင်တုန်း။
“မသာဂေါင်။ နင်က သွားရဲတာပေါ့။ နင့်မှာအဆောင်ပါတာကိုး။ ငါတို့က ဘယ်လိုသွားမှာလဲ။ ဘာမှ မပါတဲ့ဟာကိုး။ ဟင့်” ဆိုပြီး တွန့်နေတယ်။ အဲဒီတော့မှ အဖိုးက ရယ်ရယ်ပြုံးပြုံးနဲ့….
“အောင်မြတ်လေးဟဲ့။ ဗန္ဓုလသတ္တိတွေ” ဆိုပြီး အပ်ချည်ကြိုးတောင်းတယ်။ ပြီးတော့ ဂါထာမန်းပြီး သူတို့လက်မှာ ချည်ပေးလိုက်တယ်ဗျ။ အဲဒီတော့မှ ဒီကောင်တွေလည်း ရဲရဲတင်းတင်းလိုက်ရဲတော့တယ် :D ၊

လူကမရှီဘူးဆို… အနည်းဆုံး လေးဆယ်ကျော်တယ်ဗျ။ ဟေးဟေး။ ပျော်ချာကြီး။ ယောင်္ကျားလေးတွေချည်းပဲ သွားကြတာ။ တစ်ချို့ ဒီလိုမျိုး မြင်တွေ့ဖူးချင်တဲ့လူကြီးတွေကလည်း..လိုက်လာကြတယ်။ အဖိုးဆီက အပ်ချည်ကြိုး ယူပြီးလေ။ အများကြီးဗျာ။ အများကြီး။ အနော်က ရှေ့ ဆုံးက ပျော်လည်း တော်တော် ပျော်ဖို့ကောင်းတယ်ဗျ။ ဟီး။ ဆိုင်ကယ်မီးတွေနဲ့တင် လမ်းက ထင်းနေတာပဲ။ မျက်လှည့်ဆရာကို တွေ့လို့ကတော့ အနော်က တီးမှာ အသားကုန် မသာကြီး။ လူတွေကို ဒုက္ခလိုက်ပေးနေတယ်။
အဲဒီလိုနဲ့ လစ်လာတာ ကျွန်တော်တို့ ပွဲဈေးတွေ့တယ်ဆိုတဲ့ ကျတ်ကုန်းနားရောက်လာတယ်ဗျ။ အဲဒီမှာ ဘယ်သူမှ မတွေ့ဘူးရယ်။
အဲဒါနဲ့ ကျွန်တော်က အားလုံးကို အော်ပြောတယ်။ ကျွန်တော်တို့ ဖြစ်ခဲ့တာ ဒီနားမှာလို့။ အခုတစ်ယောက်မှ မတွေ့ဘူးခင်ဗျ။ ဆိုတော့
အသက်ခပ်ကြီးကြီးလူတစ်ယောက်က…
“ခုန ဟိုသရဲမ ပြောသွားတာက….သူတို့ကို တောတန်းလေးထဲ ခေါ်သွားတယ်လို့ ပြောသွားတယ်နော်” တဲ့။  အဲဒါမှ သေယော။ တောတန်းက အများကြီး ဘယ်တောတန်းထဲကို ခေါ်သွားမှန်း မသိတာ။ အဲဒါ လူစုခွဲပြီး ရှာကြရတယ်။ ဖြန့်ပြီးတော့ပေါ့နော်။ ဒါပေ့မယ် တစ်အုပ်စုကို ဆယ်ယောက်လောက်ရှိတယ်။ ဟီး :D ။ လေးငါးယောက်တောင် ဘယ်သူမှ မသွားရဲဝူး။ ဟိဟိ :D ။ ဒီလိုနဲ့ ကျွန်တော်တို့လည်း…ရှာရင်း၊ ရှာ၇င်းနဲ့ ဘယ်သူကို အရင်သွားတွေ့လဲသိလား။ အဲဒီသရဲမယုံထဲက တစ်ယောက်ကို သွားတွေ့တယ်ခင်ဗျ။
ခေါင်းဆောင် ကောင်လေးတော့မဟုတ်ဘူး။ အဲဒီတွေ့တဲ့ ကောင်လေးက ဘာလုပ်နေလဲဆိုတော့…သစ်ပင်တစ်ပင်အောက်မှာ ငုတ်တုတ်ထိုင်နေတယ်။ ပြီးတော့ အရှေ့ ကို လက်ညှိုးထိုးပြီး…ပါးစပ်ကလည်း တစ်ခုခုကို ရွှတ်နေတာဗျာ။ အဲဒါ အနီးအနားကို ကပ်သွားပြီး…အနော်က
“ဟေ့ရောင်၊ ဟေ့ရောင်…” ဆိုပြီး တိုးတိုးလေး ခေါ်လိုက်တယ်။ သူက ကျွန်တော်ကို လှည့်ကြည့်တယ်။ “ရှူး” ဆိုပြီး လက်နဲ့ တိုးတိုးနေဆိုတဲ့ အထာလုပ်ပြတယ်။ ပြီးတော့ ကျွန်တော်တို့ကို လှမ်းခေါ်တယ်။ လက်နဲ့ပါပဲ။ လာခဲ့ဆိုပြီးလေ။ ကျွန်တော်တို့ကလည်း “အင်း” ဆိုပြီး သူ့အနားကို သွားလိုက်တယ်ဗျာ။ သူ့ အနားရောက်တော့ ကျွန်တော်က..
“မင်း…ဘာလုပ်နေတာလဲ။ မင်းတို့ အဖွဲ့ တွေယော။ ဘယ်မှာလဲ” ဆိုတော့…။ သူက ကျွန်တော်ကို…မျက်စောင်းထိုးပြီး ရှုး ဆိုတာပဲ ထပ်လုပ်ပြတယ်။ ပြီးတော့…သူ့ရှေ့ တည့်တည့်ကို လက်ညိုးထိုးပြတယ်ဗျ။ အနော်တို့ ။ ရှမ်းကြီးတို့ကလည်း…ဘာလဲပေါ့။ လိုက်ကြည့်တာပေါ့။ ဘာမှ တော့ မတွေ့ဘူးဗျ။ မှောင်မှောင်မဲမဲကြီး ဆိုတော့ ဘာတွေ့မှာတုန်း။ အဲဒါနဲ့…ကျွန်တော်က စိတ်မရှည်တော့ဘူး။ သူရင်ဘတ်ကို ဆွဲပြီး ခါလိုက်တယ်။…ပြီးတော့….
“မင်း ဘာလုပ်နေတာလဲ။ မင်းလူတွေ ဘယ်မှာလဲလို့ မေးတာ မကြားဘူးလား။ ဟေ့ကောင်” ဆိုပြီး အော်ထည့်လိုက်တယ်။
အဲဒါတောင်ဗျာ။ ဒီကောင်က ကျွန်တော်ကို…
“အာ…ရှုး…တိုးတိုး နေပါဆိုဗျာ။ ခင်ဗျားတို့ကလည်း။ ဟိုမှာ ကြည့် ။ တွေ့လား” ဆိုပြီး လုပ်ပြတယ်။ အနော်တို့က သူပြနေတဲ့နေရာကို တစ်ခါပြန်ကြည့် ရတယ်ဗျ။ ဘာမှလည်း မမြင်ရတာနဲ့..ရှမ်းကြီးက ကျွန်တော်ကို အသာနေဆိုတဲ့ ပုံစံနဲ့ ဒီကောင်နားကပ်သွားပြီး။
“မင်းဘာပြနေတာလဲ။ ငါတို့ ဘာမှ မမြင်ရဘူးဟ” ဆိုတော့…. ဒီကောင်က ဘာပြောလဲ သိလား?
“သရဲလေဗျာ။ သရဲ။ မတွေ့ဘူးလား။ အရှင်းကြီးကို” ဆိုပြီး ထအော်ပြီး ပြောထည့်လိုက်တာဗျာ။ ခုနပဲ ဒီကောင်က ငြိမ်ငြိမ်နေဆိုလို့။ အားလုံးက ငြိမ်နေတော့…ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတာပေါ့။ အဲဒါကို ဒီကောင်က ဒီလိုမျိုးကြီး ထအော်တော့…ရှမ်းကြီးမပြောနဲ့။
အနော်တို့ တစ်အုပ်လုံး ပြေးတာ။ အနော်လည်း ပါတယ်။ ဟီး :D ။ အေးလေ။ သူ့ပုံစံက သရဲပူးနေသလိုလို၊ ဘာလိုလိုနဲ့။ ပြီးတော့ ညကြီး လက်ညိုးကြီး ထိုးပြီး ပြောနေတာ။ ဟင့်နော်။ ကြောက်ပါတယ်ဆိုမှ။ သိပ်တော့ ဝေးဝေး မပြေးလိုက်ပါဘူး။ လှည့်ကြည့်လိုက်တော့.. ရှမ်းကြီး မပါလာတာနဲ့။ ကျွန်တော်အားလုံးကို အော်ပြောလိုက်တယ်။
“ဝေး။ ရှမ်းကြီးရော။ ရှမ်းကြီးရော” ဆိုတော့…အားလုံးက အခုမှ ဒီကောင် မပါလာမှန်း သိတော့တယ်။ အဲဒါနဲ့ ချက်ခြင်း ဒီကောင်ကျန်ခဲ့တယ်ထင်ပြီး အဲဒီနေရာကို ပြန်သွားရှာတော့…. ဒီကောင်က ဘာလုပ်နေလဲ သိလား? ။
အဲဒီသရဲမမြင်ဘူးလို့ ပြောတဲ့ ကောင်ရဲ့ ရင်ဘတ်ကို ကိုင်ထားပြီး။ ရုပ်တည်ကြီးနဲ့ ကြည့်နေတာ။ အနော်တို့တောင် ကြောင်သွားတယ်။
အဲဒီကောင်ကလည်း တော်တော် ခေါင်းမာတယ်။ ရှမ်းကြီး ဒီလောက်သူ့ကို စားမတတ်၊ ၀ါးမတတ်ကြည့်နေတာကို သူက စပ်ဖြီးဖြီးနဲ့ ခုန သူ ကြည့်နေတဲ့ နေရာကိုပဲ လက်ညိုးထိုးပြီး… “တွေ့လား။ သရဲ အကြီးကြီးနော်။ ကြောက်စရာကြီး” ဘာညာနဲ့ လုပ်နေသေးတယ်။
အဲဒီမှာ ကျွန်တော်က ရိပ်မိသွားပြီ။ သွားပြီလို့ တစ်ယောက်တော့။ သည်းခြေပျက်သွားတယ်ထင်တယ်။ မျက်လှည့်ဆရာ ဘယ်လိုလုပ်လိုက်လဲမသိဘူး။ အဲဒါနဲ့..ရှမ်းကြီးကို…
“ရှမ်းကြီး…ဒီကောင်တော့” ဆိုပြီး စကားစရုံရှိသေးတယ်။ ရှမ်းကြီးက ကျွန်တော်ကို လက်လှမ်းပြတယ်။ သိတယ်ဆိုတဲ့ အထာပေါ့နော်။
ဒါပေ့မယ် အဲဒီကောင်ကို ကြည့်နေတဲ့ မျက်လုံးတွေကတော့ လုံးဝ ကျွန်တော်တို့ဘက်ကို လှည့်မလာဘူးနော်။
အားလုံးကလည်း သူတို့နှစ်ယောက်ကို ဓါတ်မီးနဲ့ ၀ိုင်းထိုးထားတော့ အသိသာကြီး။ အနော်တောင် ရှမ်းကြီးများ သရဲပူးနေသလား ထင်သွားတယ်။ ဒီကောင်ပုံစံက စားမတတ်၊ ၀ါးမတတ်ကြည့်နေတာကိုး။ ဟိုမှာ သရဲ ဆိုပြီး ပြနေတဲ့ ကောင်က သေးသေးလေး။ ဒီကောင်ကိုယ်လုံးနဲ့ ဗလက အကြီးကြီး။ ကင်းကောင် လူကို မထားသလိုဖစ်နေတယ် :D ။
အဲဒီအချိန်မှာ ရှမ်းကြီး ဘာလုပ်လိုက်လဲ သိလား?
အဲဒီ သရဲ ဟိုမှာဆိုတဲ့ အကောင်ရဲ့ ဇက်ပိုးကို အုပ်ထည့်လိုက်တာများဗျာ။
“ဖြောင်း” ခနဲ နေတာပဲ။ ဟိုကောင် ခွေပါကျသွားတယ်။
“ဘယ်မှာလဲ။ သရဲ။ ဟမ်။ ဘယ်မှာလဲ။ သရဲ။ မင်းက သရဲ သိပ်တွေ့ချင်နေတယ်ပေါ့လေ။ ဟုတ်လား။ နောက်တာလား။ မင်းက။ ငါ့ကို ဟမ်။ သောက်ကောင် …xooxoxox”  “၀ုန်း” “ဒိုင်း”  ဆိုပြီး ဆဲဆဲ ပြီးဗျင်းတာဗျာ။ မြင်တောင် မကောင်းဘူး။ ဟိုကောင်လေး နှာခေါင်းတွေ ဘာတွေက သွေးတွေ ဘာ ဖြာထွက်လာတယ်။ နောက်ဆုံးကျတော့ ကျွန်တော်တို့ ၀ိုင်းဆွဲရတယ်။ တော်ကြာ သူ့လက်ချက်နဲ့ သေသွားမှာဆိုးလို့။ အဲဒါနဲ့ ကျွန်တော်က ရှမ်းကြီးကို ဖမ်းချုပ်လိုက်ရတယ်။ ဒီကောင်ကလည်း တော်တော်သန်တယ်ဗျာ။ မနည်းချုပ်ရတယ်။ ချုပ်လို့လည်းရရော….။
“ရှမ်းကြီး။ စိတ်လျှော့ သူငယ်ချင်း။ စိတ်လျှော့ပါကွာ။ မင်းကလည်း အရင်က မင်းဒီလို မဟုတ်ပါဘူး။ ဘာဖစ်လို့ အဲဒီလိုလုပ်တုန်း” ဆိုတော့ ဒီကောင်က ကျွန်တော်ရင်ခွင်ထဲ ခေါင်းထည့်ပြီး ငိုတော့တာပဲဗျာ။
“ငဇူး။ ငါတော်တော် ၀မ်းနည်းတယ်ကွာ။ ဒီကောင်လေး ငါနဲ့ ညနေကပဲ လက်ဖက်ရည်သောက်လာတာ။ သရဲ ကြောက်တဲ့ ကိုရှမ်းကြီး။ ဘာညာဆိုပြီး နောက်သွားသေးတယ်ကွ။ အခုကြည့်ပါဦးကွာ။ ဖြစ်နေတဲ့ ပုံကို။ ငါတော်တော် စိတ်ထိခိုက်တယ်ကွာ။ ဘာတွေလဲကွာ။ ဘာတွေလဲ” ဆိုပြီး ဒီကောင် ပေါက်ကွဲတာဗျ။ အဟုတ်။ တကယ်ဆို သူပြောတာလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့တောင် ဒီလို အဖြစ်အပျက်တွေ မြင်တော့…တော်တော် စိတ်ထိခိုက်သွားပါတယ်။

အဲဒါ ရှမ်းကြီးကို ကျွန်တော်က ထိမ်းလာပြီး ကောင်လေးကို ကျန်တဲ့ သူငယ်ချင်းတွေက တွဲခေါ်လာတယ်။ ကောင်လေးက သူထိုင်နေတဲ့ အောက်မှာ အုံးမှုတ်ခွက်လေးတစ်ခုရှိတယ်ဗျ။ အဲဒါကို ဒီကောင်က ဖင်အောက်မှာ ခုထိုင်ထားတာ။ အဲဒါကို မရမက သွားပြန်ယူလာတယ်ဗျာ။ နောက်ဆုံးတော့…အရူး စိတ်ချမ်းသာပြီးယောဆိုပြီး ခွင့်ပြုလိုက်ရတယ်။ ဒီကောင်လေးက ပြောနေသေးတယ်။
“ဒါကို ဘာထင်လဲ?  သရဲမြင်ရတယ်။ သိလား။ ဟွန်း။ ကြည့်မလားသရဲ။ ဟီး” ဆိုပြီးဗျာ။ တော်တော် စိတ်မကောင်းစရာပါ။ ရှမ်းကြီးတွယ်ထားလို့ သွေးသံရဲရဲကြားထဲက သူက သောက်ခွက်ပြောင်နေသေးတယ်။ ကျွန်တော်လည်း တော်တော်လေး စိတ်ထိခိုက်သွားပါတယ်။

ဒီလိုနဲ့ အကျဉ်းချုပ်လိုက်ရရင်တော့…နောက်ဆုံး အားလုံးကို ပြန်ရှာတွေ့ခဲ့ပါတယ်။ အကုန်လုံး ရူးကုန်တာပါပဲ။ ကျန်တဲ့သူတွေက ယဉ်ယဉ်လေးတွေ ရူးကုန်တာပါ။ ခေါင်းဆောင်ကောင်လေးကတော့ သွက်သွက်ခါအောင် ရူးသွားတယ်။ ပြီးတော့ ဆေးရုံမှာ သုံးရက်ပဲ ခံပါတယ်။ ဆုံးသွားပါတယ်ခင်ဗျား။ ဒါပေ့မယ် ထူးခြားတာတစ်ခုက သူတို့တွေက ရူးနေပေ့မယ် သူတို့ တစ်ယောက်ဆီတိုင်းမှာ အုံးမှုံးခွက်လေး တစ်ခုရှိကြတယ်ဗျ။ အဲဒါကိုတော့ သူတို့က ဘယ်သူမှ မပေးပါဘူး။ သူတို့ ရတနာလို့လည်း ပြောတယ်ခင်ဗျ။
အရူးစကားကတော့ သိတဲ့အတိုင်းပေါ့ဗျာ။

အဲဒီအရူးတွေကို ပြန်ဖမ်းလာပြီးတဲ့ နောက်တစ်နေ့ည (၁) နာရီ တိတိမှာတော့… လက်ဖျံရိုး တစ်ခေါင်းကို သတ်မှတ်ထားတဲ့ နေရာမှာ တွေ့ခဲ့ပါတယ်။ မယမင်းဆိုတဲ့ နာမည်နဲ့ အလှူအတန်း လုပ်ပေးခဲ့ပါတယ်။ မြေမြှုပ်သဂြိုလ်ပေးခဲ့ကြောင်းပါ။

ထိုမှတစ်ဖန် တစ်ပတ်လောက်မှာတော့… အမည်မသိ။ မုတ်ဆိတ်မွှေးနဲ့ ရှပ်အကျီလက်ရှည်အဖြူနှင့် ယောပုဆိုးဝတ်ဆင်ထားသောလူတစ်ယောက် တောတန်းတစ်နေရာတွင် သေဆုံးနေကြောင်း။ အလောင်းမှာ ပုပ်ပွနေကြောင်း သိရှိရပါသည်ခင်ဗျား။

ပြီး၏
ငဇူး

0 comments:

Post a Comment