Friday, October 11, 2013

သေခြင်းနှင့် ယှဉ်၍ လောင်းသည်…(၃)


အဲဒီအချိန်မှာ ဘာထဖြစ်လဲဆိုတော့…ကျွန်တော် လွယ်အိတ်ထဲမှာ ခရီးသွားတိုင်းထည့်ထားတတ်တဲ့ ကိုးင်္သချိုင်းသံဓါးအကျိုးအပဲ့ တွေက လှုပ်လာတယ်။ အဲဒီဟာကလည်း ကျွန်တော်ကို တရုတ်ပြည်က အထက်လမ်းဆရာတွေက ပေးထားခဲ့တာ။ ကျွန်တော်က တစ်ခုခုဖြစ်တိုင်း ညောင်ပင်မီးမြိုက်၊ အပင်ခုတ်လှဲလုပ်လွန်းအားကြီးတယ်လေ။ အဲဒီလို လုပ်တော့ ပြသနာက ခဏခဏတတ်တယ်။
အဲဒီဆရာတွေက မင်းအဲဒီလို မလုပ်နဲ့ကွတဲ့။ မင်းအိမ်ကို သူများမီးလာရှို့ ၊မင်းကြိုက်မလား။ အေး။ မကြိုက်ဝူးဟုတ်။မလုပ်နဲ့။ ဆိုပြီး တားဖူးတယ်။

“အနော်က အဲဒါဆို အနော်က ဘာလုပ်ရမှာလဲ” ဆိုတော့။ သူတို့က ဒီသံဓါးအကျိုးအပဲ့လေးတွေကို ပေးပြီး။
“ဒါ ကိုးင်္သချိုင်းသံဓါး” လို့ခေါ်တယ်။ တစ်ခုခု အန္တရာယ်ကြုံတွေ့လာရင်…အဲဒီဓါးကို ရေစိမ်ပြီးတော့ အဲဒီနေရာကို ပတ်ထုတ်လိုက်။ အဲဒါဆို မင်းကို သူတို့ ဘာမှ မလုပ်နိုင်ဘူး။ ပြီးတော့….ဒါလေးက မင်းသူတို့ နေရာရောက်သွားတယ်ဆို သံအချင်းချင်းရိုက်ခတ်ပြီး အသံပေးတတ်တယ်။ အဲဒါဆို အဲဒီနေရာက အမြန်ဆုံးခွာတော့တဲ့။ သူတို့ က ဒီလိုပြောထားဖူးတယ်။ အဲဒီကတည်းက ကျွန်တော် တောထဲ၊ တောင်ထဲ သွားတိုင်း ရှုံအိတ်လေးနဲ့ အမြဲထည့်သွားတတ်တယ်။ ကိုယ်လွယ်အိတ်ထဲမှာလေ။ တကယ်လည်း အန္တရာယ်ရှိတယ် ဆိုရင် အသံပေးတတ်တယ်။ အဲဒီလိုနေရာဆို… ယောင်လို့ တောင် လှည့်မကြည့်ဖူးရယ်။ အနော်က မှုန်နေအောင် သုတ်တာ :D ။

အခုလည်း အဲဒီဟာလေးတွေက အသံ မြည်လာပြန်ပြီ။ အဲဒီအချိန်မှာ မျက်လှည့်ဆ၇ာကလည်း ကျွန်တော်ကို စားမတတ်၊ ၀ါးမတတ်ကြည့်တာများဗျာ။ သေလို့ရတယ်။ ပြာဖြစ်သွားလို့ရတယ်။ အမှန်က သူ့စည်းကို အနော် သွားကျော်သလိုဖစ်တာ။ အဲဒီ သံအကျိုးအပဲ့လေးတွေ တုန်ခါသံနဲ့ မြည်သံကလည်း သူများ မသိဘူး။ လွယ်ထားတဲ့သူပဲ သိတာ။ လွယ်အိတ်က ရမ်းနေတယ်လေ။
အလင်းဆို အနော်ကို မျက်လှည့်ဆရာက စားမတတ်၊ ၀ါးမတတ် ကြည့်နေတော့…အနော်မျက်နှာကို ကြည့်လိုက်၊ မျက်လှည့် ဆရာမျက်နှာကို ကြည့်လိုက်နဲ့ လုပ်နေတာ။ ကျွန်တော်လည်း အခြေအနေကို ချက်ခြင်း သဘောပေါက်သွားတာနဲ့…မျက်လှည့်ဆရာကို
“ဆောရီးပါ ဦးလေး။ ကျွန်တော် တောင်းပန်ပါတယ်။ မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်နော်” ဆိုပြီး အလင်းကို လက်ဆွဲပြီး မျက်လှည့်ဝိုင်းကို ကျောခိုင်းပြီး ဒိုးလာခဲ့တာ။ အဲဒီမှာ အလင်းကလည်း ကြောင်တောင်တောင်နဲ့ ပါလာတယ်။ သူ့ကို ကျွန်တော်က အသေဆွဲခေါ်လာတာကို။ မျက်လှည့်ဆရာကလည်း ကျွန်တော် သူ့ကို ကျောခိုင်းသွားတာတောင်မှ သူက ကျွန်တော်ကို ကြည့်နေတုန်း။
ဒီကောင် ဘာကောင်လဲ? ဆိုပြီးလေ။ သူ့ အကြည့်အတိုင်းပေါ့။ စားမတတ်၊ ၀ါးမတတ်။ L ။ ကျွန်တော်တို့ ဒီလို ရေးကြီး သုတ်ပြာနဲ့ ထွက်သွားတာကို ဟိုကောင်လေးတို့ အုပ်စုက မြင်သွားတော့ သူတို့ပါ လိုက်လာကြတယ်။ အဲဒီမှာ ကြည့်နေတဲ့သူတွေ အားလုံးက ဒီအဖြစ်အပျက်ကို မြင်တယ်လေ။ အဲဒါနဲ့ အလင်းကလည်း ကျွန်တော်ကို တစ်လုံးလမ်းမေးလာတာ…
“ငဇူး။ ဘာဖစ်တာလဲဟင်။ ဘာဖစ်ကြလို့ … အဲဒီလူက နင့်ကို အဲဒီလောက်ကြည့်နေတာလဲ?” ဒီလိုချည်းမေးလာတာ။ ကျွန်တော်က ကြောက်နေပြီ။ ဟုတ်တယ်။ အဲဒါ ပြသနာ။ ဟိုလူမကျေနပ်၇င် နှစ်ယောက်လုံး သေသွားလိမ့်မယ်။ အဟုတ်။ ကျွန်တော်က ပြသနာမရှိဘူး။ ကာကွယ်လို့ ရတယ်။ အလင်းက ပြသနာ။ ပြီးတော့ နေမကောင်းဘူး။ လိပ်ပြာငယ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်ခေါင်းထဲမှာ…ဆိုင်ကယ်ဆီကို အမြန် ပြန်ရောက်ပြီး။ မေမြို့ ကို အမြန်ဆုံး ပြန်ရဖို့ပဲ စဉ်းစားတယ်။ ကျန်တာမတွေးဘူး။
ဆိုင်ကယ်ဆီကိုလည်း ရောက်ရော..ကျွန်တော် ဆိုင်ကယ်ကို တတ်ခွလိုက်တယ်။ အလင်းကိုလည်း ပြောထားတယ်။
“မမေးနဲ့ အိမ်ရောက်မှ မေး။ ငါ့ကို ဘာမှ မမေးနဲ့ဟာနော်။ ငါ့ကို ဆိုင်ကယ်မောင်းတုန်း ဖက်သာထား။ ဟုတ်ပြီလား” ဆိုပြီးလေ။
အရေးထဲ ဆိုင်ကယ်ထွက်ပါမယ်ဆိုမှ ဟိုကောင်လေးတွေ အုပ်စုက ထိပ်က ပိတ်ရက်နေသေးတယ်။ ကျွန်တော်က ကြောက်ကန်ကန်နေပြီဆိုတော့ သူတို့ ရှေ့ တည့်တည့်ပဲ ဆိုင်ကယ်ကို… “၀ူး” ခနဲ နေအောင် ဆော်ချသွားတာ။ ပြီးတော့ ကျွန်တော် အလင်းကို ဆွဲခေါ်လာတဲ့ လမ်းမှာ ရှိသမျှ ဈေးတန်းက ဈေးရောင်းတဲ့ သူတွေကို အကဲခတ်လာသေးတယ်။ စိတ်ထဲမှာ တော်တော် မင်္သကာဘူးရယ်။ တစ်ခုခု သိနေတယ်။ ဘာမှန်းမသိတာ တစ်ခုပဲ။ သိတော့ သိနေတယ်ဗျာ။ အဲဒါတော့ ကြိမ်းသေးတယ်။ မေ၇ရာဘူး။ မသေချာဘူး။

အဲဒီလို စဉ်းစားပြီး အမှောင်ကြီးထဲမှာ ကျွန်တော် မောင်းချလာတာ။ ဆိုင်ကယ်မီးတော့ ထွန်းထားတာပေါ့နော်။ မေမြို့ အ၀င်နားရောက်တော့ အနောက်က…ဆိုင်ကယ်တွေ ဟွန်းသံ “တတီတီ” ဆိုပြီး လိုက်ချလာတယ်။ အလင်းကလည်း ကျွန်တော် ဘာဖစ်မှန်းမသိတော့ အသံမထွက်ရဲဘူး။ အဲဒီဆိုင်ကယ်တွေက ကျွန်တော်ဆိုင်ကယ်နားလည်း ရောက်ေ၇ာ….
“ကိုဇူး၊ ခဏ မေးစရာရှိတယ်။ မေးစရာရှိတယ်။ ဘာဖစ်တာလဲ။ ခင်ဗျား ဘာဖစ်တာလဲ အဲဒါ” ဆိုပြီး အတင်းလိုက်မေးပါယောလား။
ဘယ်သူတွေ ထင်လို့တုန်း။ ဟိုမသာလေးတွေ အုပ်စုပေါ့ L ။ စိတ်ညစ်တယ်။ အန္တရာယ်ကို အန္တရာယ်မှန်း မသိတာလောက်။ စိတ်ညစ်ဖို့ကောင်းတာ ဘာမှ မရှိဘူး။ ကျွန်တော်ကလည်း ဘာမှ ပြန်မဖြေဘူး။ ဆိုင်ကယ်ကိုပဲ အားကုန် ယူနေတာ။ အဲဒီအချိန်မှာ…
ဒီကောင်တွေက ဆိုင်ကယ်ရှေ့ ကို အတင်းတတ်ပိတ်တာ။ ကိုယ်တွေကလည်း အ၇ှိန်နဲ့ သွားနေတာဗျာ။ သူတို့တွေကလည်း အရှိန်နဲ့ လာပိတ်တာဆိုတော့ တိုက်မိကုန်ရင် ကျွန်တော်က ပြသနာမရှိပေ့မယ်။ အနောက်မှာ ဟိုဟာမလေးက ပါနေတယ်။ သူ့ပဲ ငဲ့နေရတာ တစ်လမ်းလုံး L ။ အဲဒါနဲ့ ဆိုင်ကယ်ကို အရှိန်သတ်ပြီး ရပ်ပစ်လိုက်ရတယ်။ အဲဒီမှာ ဒီကောင်တွေက ဆောင့်ကြွား၊ ဆောင့်ကြွားနဲ့
မေးပါယောလား? ။

“ကိုဇူး ခင်ဗျား။ ဘာလို့ ဒီလောက် ကြောက်လန့်တကြီး ထွက်ပြေးလာတာလဲ? ဘာဖစ်လို့လဲ။ အဲဒါ သိချင်တယ်ဗျာ။ အဲဒါမပြောရင် သွားခွင့်လုံးဝမပေးနိုင်ဘူး” ဘာညာနဲ့။ အလင်းကလည်း လန့်နေတယ်။ ကျွန်တော်လည်း ဒီလောက်တောင် သိချင်နေတဲ့ ကောင်တွေဆိုပြီး ပြောပြလိုက်တယ်ဗျာ။ ပြီးတော့ ဒီကောင်တွေကို တင်းနေတာလည်း ပါတော့..စကားလုံးတွေက ရိုင်းကုန်တယ်။
“ဟ။ ငါလိုးမသားလေးတွေရဲ့ ။ မင်းတို့ဘာသိလဲ။ အဲဒီဘဲက မျက်လှည့်ပြနေတာ မဟုတ်ဘူး။ အစိမ်းသရဲကိုခေါ်ခိုင်းနေတာ။ သိပြီးလား။ အဲဒီသရဲက အလုပ်မလုပ်တာ ငါ့ကြောင့်။ အဲဒါကြောင့် ငါသူ့ကို တောင်းပန်ပြီး ပြန်လာခဲ့တာကွ။ အခု အမြန်လုံခြုံတဲ့နေရာရောက်မှဖြစ်မှာ ရှင်းပြီးလား။ မဟုတ်ရင် အားလုံး ဒုက္ခရောက်ကုန်မယ်” ဘာညာပေါ့ဗျာ။ ကျွန်တော်လည်း ပြောချလိုက်တယ်။ ပြီးယော။
အဲဒီတော့မှ အလင်းက ခြေ၊ လက်တွေ အေးစက်လာပြီး…
ဟမ်။ ငဇူး အဟုတ်ကြီးလား? အဲဒါ တကယ်” ဆိုပြီး ငြိမ်သွားတယ်။

ဟိုကောင်တွေက…
“ဟားဟ။ ရီရတယ်ဗျာ။ ကိုဇူးတို့များ။ ဒါဆို အဲဒီဘိုးတော်က ခင်ဗျားထက်ဆရာကျတယ်ပေါ့ ဟုတ်လား။ သူငယ်ချင်းတို့ေ၇။ သရဲတဲ့ဟေ့။ သွားကြည့် ရအောင်။ ကိုဇူးရေ မဟုတ်လို့ကတော့ ခင်ဗျား မနက်ဖြန်မိုးလင်းတာနဲ့ အရှက်ကွဲဖို့သာ ပြင်ထားပေတော့ :D ဟေးဟေး” ဆိုပြီး နောက်ကြောင်း ပြန်လှည့် သွားတယ်ဗျ။

သူတို့လည်း ဒိုးသွားရော ကျွန်တော်က အလင်းကို လှည့်ကြည့်တော့..သူက ငြိမ်နေတယ်။ မလှုပ်မယှက်ကြီး။
“ဟဲ့၊ အလင်း၊ အလင်း” ဆိုပြီး ခေါ်တယ်။ မထူးဘူးဗျာ။ မသာမက။ အဲဒါနဲ့ အနော်လည်း သူ့ကို နောက်ကျောနဲ့ တိုက်ပြီး လှုပ်လိုက်တော့မှ… သတိဝင်သွားတယ် ထင်တယ်။
“ဟမ်” တဲ့။
“နင် ဘာဖစ်နေတာလဲ” ဆိုတော့ …
“ဟင့်အင်း” တဲ့။ ကျွန်တော် သိလိုက်ပါတယ်။ သူအကြောက်လွန်ပြီး သတိလစ်သွားတာ။ ကျွန်တော် တွန်းလိုက်တော့မှ သတိရသွားတာ။ ဆိုင်ကယ်ပေါ်ခွလျက်အနော်က ရှေ့ မှာ သူက နောက်မှာလေ။ အဲဒီတော့ နောက်ကို တွန်းပြီးတော့မှ လှုပ်နိုးရတာ။
အနော်ကလည်း မဖြစ်ရင်လည်း မဖစ်ပါဘူး။ ဖြစ်ရင်လည်း အကြီးကြီးတွေကို ဖစ်တာပါဗျာ။ စိတ်ညစ်ပါတယ်။ အဲဒါနဲ့ အနော်က အလင်းကို…
“ဟဲ့ ! ဘာမှ မဖြစ်ဖူးနော်။ သိလား။ မကြောက်နဲ့ နော်။ ငါရှိတယ် သိလား။ ငါ့ကို ဖက်ထားနော်” ဆိုပြီး အားပေးလိုက်ရတယ်။
သူက ဘာမှကို အရင်ကလို စကားမများတော့ပဲ… “အင်း” တစ်လုံးတည်း ထွက်လာတယ်။ အနော်ကိုတော့ သူဖက်ထားတယ်။ ပုံစံက ကြောင်တောင်တောင် ဖြစ်သွားတယ်ဗျာ။ အနော်ဆို မျက်ရည်တောင် ၀ိုင်းတယ်။ ရင်ထဲထည်း ဆို့တတ်လာတာ။ သူဒီလိုဖြစ်တာ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ တစ်ခုခုဖြစ်သွားရင်တော့ သေရချည်ရဲ့ ဗျာ။ အနော်အပေါ် အပေါ်အကောင်းဆုံး သူငယ်ချင်းပါ။ အနော်ကြောင့်တော့ ဘယ်လိုမှ အထိခိုက်မခံနိုင်ဘူးရယ်။

အဲဒီလိုတွေးတိုင်း မျက်ရည်တွေက မျက်နှာပေါ်ကို စီးကျလာတာ ပြောမနေပါနဲ့တောဗျာ။ ဆိုင်ကယ်ကလည်း မိုင်ကုန်ကို ဖြဲလာတာ။ အလင်းကလည်း ငြိမ်သက်လျက်ပါလာတယ်။ ကျွန်တော်လည်း တစ်လမ်းလုံး ငိုလာတာ။ သူတစ်ခုခု ဖြစ်ရင် ငါတော့ သေပါပြီဆိုပြီးလေ။
အဲဒါနဲ့…မြို့ ထဲ ၀င်လာတယ်။ ဈေးလေးအ၀ိုင်းကနေ ကျွန်တော်အိမ်ဘက်ကို ချိုးတော့… ရှမ်းကြီးနဲ့ ကျွန်တော်သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်က ပြန်လာကြတယ် ထင်တယ်။ ဆိုင်ကယ်တွေနဲ့ အနော်ဆိုင်ကယ်ကို မြင်တော့ လှမ်းနှုတ်ဆက်ကြတယ်။ အနော်က သူတို့ကို မမြင်ဘူး။ အိမ်ကိုပဲ အသေမောင်းနေတာ။ Speed က ဘယ်လောက်ရှိလဲဆိုတာ အနော်တောင် မသိပါဘူး။ ကျွန်တော် ဒီလိုပုံစံနဲ့ သူတို့ကို နှုတ်မဆက်ပဲ ၀ှီခေါ်အောင် မောင်းသွားတယ်ဆိုတော့…ဒီကောင်တွေက “ဟ၊ ဘာဖြစ်တာလဲဟ” ဆိုပြီ ကျွန်တော်နောက်ကို လိုက်လာကြတယ်။
ကျွန်တော် ပါးပါးအိမ်ကိုလည်း ရောက်ရော…ဆိုင်ကယ်ကို ရပ်ပြီး အလင်းကို ဆင်းခိုင်းတယ်။ သူက အူကြောင်ကြောင်လုပ်နေတယ်ဗျ။
ကျွန်တော်က ငိုသံကြီးနဲ့… “ဆင်းနော်။ အိမ်ရောက်နေပြီ” ဘာဖြစ်တယ်။ ညာဖစ်တယ်ပေါ့နော်။ သူ့ကို တွဲတင်ရတယ်။ သူက အားလုံးဝမရှိတော့ဘူးဗျ။ Shock ဖြစ်တဲ့ ပုံစံဖြစ်သွားတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတွေ ဆိုင်ကယ်တွေလည် ရောက်လာကြတယ်။
ပါးပါးနဲ့ မားမားကလည်း “ဟဲ့။ ငဇူး ဘာဖစ်လာတာတုန်း။ နင်တို့” အပေါ်ကနေ အလင်းကို ၀ိုင်းတွယ်တယ်။
မားမားက…
“ငါ့ သမီး၊ ဘာဖစ်လာတာတုန်း ဇူး။ ပြောလေ။ ငါသမီး ဘာဖစ်လာတာတုန်း” ဆိုပြီးမေးနေတာဗျာ။ အနော်က ဘာမှ မပြောနိုင်သေးဘူး။
အဲဒီအချိန် ရှမ်းကြီးက အနော်နားရောက်လာတာနဲ့…
“မားမား။ ဘာမှ မဖစ်ဝူး။ ရှမ်းကြီး အပေါ်ထပ်မှာ ဖျာရှိတယ်။ ဘုရားစင်အောက်မှာ ခင်းထား။ ကျန်တဲ့လူတွေ အလင်းကို ၀ိုင်းကူပြီး အပေါ်တင်။ ပါးပါး ဘာမှ မဖြစ်ဘူး။ သားနောက်မှ ရှင်းပြမယ်နော်” ဆိုပြီး စကားလုံးတွေကို တရစပ်  ပြောချလိုက်တယ်။ မားမားနဲ့ ပါးပါးကလည်း ဘာဖစ်မှန်းလည်း မသိဘူး။ ရေးကြီးသုတ်ပြာနဲ့ ၀င်လာပြီး ဒီလိုတွေပြောနေတယ်ဆိုတော့။ ပြီးတော့ အနော် အမူအယာက ထူခြားနေတယ်ဆိုတ သူတို့ သတိထားမိပါလိမ့်မယ်။ အဲဒါနဲ့ ဘာမှ မပြောပဲနဲ့ လိုက်လာတယ်။ မားမား မျက်ဝန်းမှာတော့ မျက်ရည်တွေ စို့နေတယ်။ ဟုတ်တယ်လေ။ သူ့ တဦးတည်းသော သမီး။ ဒီလိုမျိုးကြီး ဖစ်လာတယ်ဆိုတော့… အကြောင်းရင်း မသိသေးပေ့မယ်လည်း စိတ်ပူနေမှာပေါ့။

ငဇူး(ဇာတ်သိမ်းပိုင်း ဆက်လက်ဖက်ရှု့ရန်)
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)

0 comments:

Post a Comment