Wednesday, October 9, 2013

ရေကြွက်လေးများကြောင့် အကျပ်ရိုက်နေသည့် မန်ချက်စတာ ယူနိုက်တက်

"ရေကြွက်လေးများကြောင့် အကျပ်ရိုက်နေသည့် မန်ချက်စတာ ယူနိုက်တက်"

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရေကြွက်ဟု ခေါ်ရမည့် ဗိုးသတ္တဝါလေးများကြောင့် အမှန်တကယ် အကျပ်ရိုက်နေရသည်။ ယူနိုက်တက် အနေဖြင့် ကာရင်တန်ရှိ အသင်းလေ့ကျင့်ရေးကွင်းကို တိုးချဲ့မြှင့်တင်မှုများ ယခုသီတင်းပတ်အတွင်း စတင်နိုင်ရန် မျှော်လင့်ထားသော်လည်း အဆိုပါ အမွေးစုတ်ဖွား သတ္တဝါလေးများကြောင့် စီမံကိန်း ဆိုင်းငံ့ထားရသည်။

PLANET ညနေခင်းသတင်းလွှာ PDF Download: www.planet.com.mm/evening

အပြည့်အစုံ ဖတ်ရှုရန် ==> http://www.planet.com.mm/news/read.cfm/id/22314

#Manchester #United
#PlanetMyanmar

ယူနိုက်တက် အနေဖြင့် ကာရင်တန်ရှိ အသင်းလေ့ကျင့်ရေးကွင်းကို တိုးချဲ့မြှင့်တင်မှုများ ယခုသီတင်းပတ် အတွင်း စတင်နိုင်ရန် မျှော်လင့်ထားသော်လည်း အဆိုပါ အမွေးစုတ်ဖွား သတ္တဝါလေးများကြောင့် စီမံကိန်း ဆိုင်းငံ့ထားရ.....

ကမ္ဘာ့ အကျော်ကြားဆုံး စာရင်းဝင် ဘောလုံးအသင်းကြီး တစ်ခုအနေဖြင့် သေးငယ်သည့် တွင်းအောင်း သတ္တဝါလေးများကြောင့် ခေါင်းခဲနေရသည် ဆိုခြင်းမှာ အတန်ငယ် လက်ခံရန် ခက်ခဲသည့် အခြေအနေမျိုး ဖြစ်သည်။ သို့သော်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရေကြွက်ဟု ခေါ်ရမည့် ဗိုးသတ္တဝါလေးများကြောင့် အမှန်တကယ် အကျပ်ရိုက်နေရသည်။ ယူနိုက်တက် အနေဖြင့် ကာရင်တန်ရှိ အသင်းလေ့ကျင့်ရေးကွင်းကို တိုးချဲ့မြှင့်တင်မှုများ ယခုသီတင်းပတ်အတွင်း စတင်နိုင်ရန် မျှော်လင့်ထားသော်လည်း အဆိုပါ အမွေးစုတ်ဖွား သတ္တဝါလေးများကြောင့် စီမံကိန်း ဆိုင်းငံ့ထားရသည်။ အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်သည် လေ့ကျင့်ရေးကွင်း အဆင့်ကို မြှင့်တင်နိုင်ရန် အလေးအနက် လိုလားနေပြီး ယခုအစီအစဉ်တွင် ကွင်းသစ်နေရာများ ချဲ့ထွင်ခြင်းနှင့် မြေအောက် အပူပေး ပိုက်လိုင်းစနစ် တပ်ဆင်ခြင်းတို့ကို ထည့်သွင်းပြုလုပ်မည် ဖြစ်သည်။

သို့သော်လည်း နောက်ဆုံးအဆင့် စစ်ဆေးမှုများတွင် ယူနိုက်တက်၏ လေ့ကျင့်ရေးကွင်း ချဲ့ထွင်မည့် မြေနေရာများ၌ ရေကြွက်လေးများ သဘာဝအလျှောက် နေထိုင်ကျက်စားနေကြောင်း တွေ့ရှိခဲ့သည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ယူနိုက်တက်၏ လေ့ကျင့်ရေးကွင်း ချဲ့ထွင်မှုကြောင့် ရေကြွက်လေးများ၏ ရှင်သန်နေထိုင်မှု စနစ်ကို မထိခိုက်အောင် ကိုင်တွယ်ရန် တောင်းဆိုခဲ့ကြသည်။ အထူးသဖြင့် ကွင်းသစ်များ တိုးမြှင့်ရာတွင် ရေကြွက်များ၏ သဘာဝအတိုင်း မြေအောက်တွင်းများ ယှက်ဖြာဖောက်လုပ် နိုင်လောက်သည့် မြေနေရာမျိုး ချန်လှပ်ထားရန် တိုက်တွန်းခဲ့ကြသည်။

အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် မူလက (၆)ဟက်တာစာမျှ မြေနေရာ အကျယ်အဝန်းတွင် လေ့ကျင့်ရေးကွင်း ချဲ့ထွင်ဆောက်လုပ်ရန် ရည်ရွယ်ထားသော်လည်း ရေကြွက်လေးများအတွက် နေရာချန်ပေးရန် ယင်းအစီအစဉ်၏ (၂)ဆမျှ ကျယ်ဝန်းသည့် မြေနေရာကို အသုံးပြုဖွယ် ရှိနေသည်။ အသင်းနှင့် နီးစပ်သူ တစ်ဦးက "မန်နေဂျာက လေ့ကျင့်ရေးကွင်း အဆင့်မြှင့်မှုကို မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ဖော်ချင်နေတာပါ။ ခုကိစ္စကတော့ သီးခြား ပြဿနာ တစ်ခု ဖြစ်လာပါတယ်"ဟု ပြောကြားသွားသည်။ 

Planet Myanmar Network

0 comments:

Post a Comment