Wednesday, October 9, 2013

အဝေးသင်တက္ကသိုလ် သင်ထောက်ကူပစ္စည်းများအတွက် ငွေကြေးကောက်ခံမှု ယခင်နှုန်းသာ ကောက်ခံမည်ဟုဆို


အဝေးသင်တက္ကသိုလ် သင်ထောက်ကူပစ္စည်းများအတွက် ယမန်နှစ်၊ ကျောင်းအပ်လက်ခံသည့်နှုန်း ထားအတိုင်းသာ ကောက်ခံသွား မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ လှတင့်က ပြောကြားလိုက်သည်။

ပုဂ္ဂလိကဂျာနယ်တစ်စောင်၏ ဖော်ပြထားသော အဝေးသင်တက္ကသိုလ် သင်ထောက်ကူပစ္စည်းများအ တွက် ငွေကျပ် ၁၅၀၀၀ ဖြင့် ကောက်ခံသွားမည်ဟု ဖော်ပြထားချက်မှာ မမှန်ကန်ကြောင်း၊ ယင်းဖော်ပြ ချက်မှာ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ချက်ထဲမှ ဖော်ပြထားခြင်းဖြစ်ရာ ငွေကျပ် ၁၅၀၀၀ (ခန့်မှန်း) ဖြစ် ကြောင်း၊ ယခုအခါ သက်ဆိုင်ရာလူကြီးများ လုပ်ငန်းရှင်များကို ညှိုနှိုင်းမှုကြောင့် ဈေးနှုန်းများလျော့ကျ ကာ ယမန်နှစ်အတိုင်း ငွေကျပ် ၁၂၀၀၀ သာကောက်ခံ သွားတော့မည်ဖြစ်ကြောင်းသိရသည်။

"ဆရာတို့ရဲ့ အထက်လူကြီးတွေရဲ့ မေတ္တာရပ်ခံမှုကြောင့် လုပ်ငန်းရှင်တွေက ဈေးနှုန်းတွေ လျှော့ပေး လိုက်တယ်။ အင်ဒိုနီးရှား Wood Free 60gsm ကနေ 70 gsm အထိ စာရွက်အရည်အသွေးဖြစ်သွား ပြီး စာအုပ်ထဲမှာရှိ တဲ့ပုံတွေကလဲ ကာလာလေးရောင်နဲ့ ဖော်ပြထားတယ်။ အရင်တုန်းကတော့ အဖြူ အမည်းပေါ့။ စာမျက်နှာအရေအတွက်လဲ တိုးလာမယ်" ဟု ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြော သည်။

"အဆိုင်းမန့်တွေကို အရင်နှစ်တွေထက် နှစ်ဆတိုးထားတယ်။ အဲဒါတွေအားလုံးအတွက် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်ထဲမှာ ငွေကျပ် ၁၅၀၀၀ (ခန့်မှန်း) လို့ရေးထားတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေရဲ့ လျှော့ပေးမှုကြောင့် အရည်အသွေးကောင်းကောင်းနဲ့ ဈေးနှုန်းတွေလျော့သွားလို့ အရင်နှစ်ကအတိုင်း ၁၂၀၀၀ ပဲ ကောက်ခံတော့မှာပါ။ ၁၅၀၀၀ ကောက်မယ်လို့ ခန့်မှန်းထားတာက တင်ဒါဈေးနှုန်းတွေနဲ့ တွက်ပြီးတော့ ခန့်မှန်းခဲ့တာပါ" ဟု ပြောသည်။

The Flower News Journal

0 comments:

Post a Comment