Sunday, October 13, 2013

ရန်ကုန်ကို နိုင်ငံတော် အဆင့် လုံခြုံရေး အဖြစ် တိုးမြှင့်

 သာကေတ ယမုံနာလမ်း ဂိတ်ဟောင်းကွေ့မှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့မှ စုံစမ်းစစ်ဆေးနေစဉ်။  ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်

ရန် ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ ကားမှတ်တိုင်တွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန် ကုန်မြို့တော်၏ လုံခြုံရေးကို နိုင်ငံတော်အဆင့် လုံခြုံရေးအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့် နှစ်ဆင့် ဖြင့် ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ ထုတ်ဖော်ပြောသည်။
ယခုအခါ ရန်ကုန်တိုင်းဒေ သကြီး အပါအဝင်နှင့် ပဲခူးတိုင်းဒေ သကြီး တောင်ငူ တို့တွင် ယခုရက် ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများဖြစ် ပွားခဲ့ပြီး ညောင်လေးပင်၊ ဖြူးမြို့ နယ်တို့တွင် လက်လုပ်မိုင်း၊ ဗုံးများ ဆက်တိုက်နီးပါးတွေ့ရှိနေသဖြင့်  ရန်ကုန်ကို ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာ တွင် ပထမဆင့်အနေဖြင့် မြင် သာမှုရှိသော လှည့်ကင်းရဲကင်း များဖြင့် ဆောင်ရွက်နေပြီး နောက် တစ်ဆင့်အနေဖြင့် လျှို့ဝှက်ကာ စုံစမ်း ထောက်လှမ်းခြင်းများဖြင့် လုံခြုံရေးကို အရေးပေါ်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။ ''ဗုံးကွဲတာနဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေဆဲပါ။ လော လောဆယ်တော့ ဘာမှပြောလို့ မရသေးပါဘူး။ လုံခြုံရေးကိုနိုင်ငံ တော်အဆင့်အနေနဲ့ အရေးတ ကြီး ထားပြီး ဆောင်ရွက်နေပါ တယ်။ လုံခြုံရေးလုပ်ငန်းတွေကို လဲ အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက် နေပါတယ်''ဟုပြောသည်။

ယခုအခါ တောင်ငူ၊ ရန်ကုန် တွင် ဗုံးပေါက်ကွဲခြင်းများနှင့် ညောင်လေးပင်မှ တောင်ငူသွား ခရီးသည်တင်ယာဉ်ပေါ်တွင် ဗုံး တွေ့ရှိခြင်းများ ဆက်တိုက်ဖြစ် ပေါ်နေခြင်းများနှင့် ပတ်သက်၍ တိကျသော တရားခံများကို ရှာ ဖွေဖော်ထုတ်ကာ အရေးယူမှု များ ကို ထင်သာမြင်သာဖြစ်အောင် ပြုလုပ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပြုလုပ်ရန်လိုအပ် ကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦးက''မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြု လုပ်တာမှန်ပေမယ့် တရားခံရှာ ဖွေမှု တွေ ပြုလုပ်တဲ့နေရာမှာ တိ ကျမှုရှိဖို့၊ သက်သေခိုင်လုံဖို့အဓိက လိုအပ်တယ်။ တရားခံက လုံးဝ ငြင်းလို့မရတဲ့ သက်သေတွေကိုရှာ ဖွေရမယ်''ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အင်း စိန်မြို့နယ် စော်ဘွားကြီးကုန်းရပ် ကွက် ရန်ကုန်မှ မင်္ဂလာဒုံဘက် သို့သွားသည့်ဘက်ခြမ်း ကားမှတ် တိုင် ခရီးသည်နားနေဆောင်တွင် အောက်တိုဘာ ၁၃ရက် နံနက် ၁နာရီဝန်းကျင်ခန့်က ဗုံးပေါက် ကွဲမှု တစ်ခုဖြစ် ပွားခဲ့ပြီး ပေါက် ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရ မှုမရှိဘဲ ခရီးသည်နားနေဆောင် မှာ အနည်းငယ် ပျက်စီးသွားခဲ့ပြီး ယင်းအနီးတစ်ဝိုက်ကို မိုင်းရှင်း လင်းမှုပြုလုပ်ရာ စည်ပင်အမှိုက် ပုံးအနီးတွင် ကြွပ်ကြွပ်အိတ်အနက် ရောင်ဖြင့် ထည့်ထားသော အလျား လေးလက်မ၊ အနံနှစ်လက်မ၊ ထု တစ်လက်မရှိသော ဃ ၄ယမ်း၊ ဒီ တိုနေတာ၊ နှိုးစက်နာရီ၊ ဝိုင်ယာ ကြိုးများ တပ်ဆင်လျက် လက် လုပ်မိုင်းတစ်ခုအား ထပ်မံတွေ့ ရှိခဲ့သဖြင့် မိုင်းရှင်းလင်းရေးအဖွဲ့ က ဖယ်ရှားခဲ့ပြီး အင်းစိန်မြို့မ ရဲ စခန်းမှ အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''တရားခံတွေကို အမြန်ဆုံးဖော် ထုတ်နိုင်ဖို့ လုပ်နေပါတယ်''ဟု ပြောသည်။ အောက်တိုဘာ၁၁ ရက်က တောင်ငူရှိတည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group

0 comments:

Post a Comment