Wednesday, October 2, 2013

ရခိုင်ပြည်နယ်၌ ရေသယံဇာတ ၇၀ ရာခိုင်နှုန်းထိ လျော့ကျလာ


ရခိုင်ပြည်နယ်၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သည့်ပင်လယ်ငါးဖမ်းလုပ်ငန်းများ အား ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အဆင့်မြင့် ငါးဖမ်းစက်လှေ များဖြင့်ဝင်ရောက်ဖမ်းယူနေမှုကြောင့် ငါး၊ ပုစွန်များမှာ ဆယ်စုနှစ်အတွင်း ၇၀ရာခိုင်နှုန်းအထိ ရှားပါးလာသည်ဟု ရခိုင်ပြည်နယ်ဒေသခံတို့က ဆိုသည်။

“ဒီနှစ်မှာ ငါးပုစွန် ဖမ်းမိတာ နည်းလာတယ်။ ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်က သဘောင်္နဲ့ခိုးဖမ်းတယ်။ သဘောင်္ကလည်း ကြီးတော့ ငါးများများ မိတယ်။ တံငါတွေက လှေငယ်လေးတွေ ဆိုတော့ ငါးသိပ်မရကြ ဘူး။ အခုတလောလည်း ငါးဖမ်းပိုက်တွေ ပျောက်လာ တယ်”ဟု ရခိုင်သဟာရအသင်းမှ ဥက္ကဌဦးလှမောင် သိန်း က ပြောသည်။ 

ရခိုင်ဒေသ၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် လယ်ယာစိုက်ပျိုးရေး နှင့်ရေလုပ်ငန်းများမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ဒေသ၏ သဘာဝသယံဇာတများ ပျက်စီးလာပြီး ငါး၊ပုဇွန်ရှားပါးကာဒေသခံများ၏   စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ် နေသည့်အပြင် လူမျိုးခြားများမှလည်း ဒေသခံ ရေလုပ်သားများ၏ ငါးဖမ်းပိုက်များ ခိုးယူခြင်း၊ နွားခိုးယူခြင်းများ ခံနေရသည်ဟု ဒေသခံများက ဆိုသည်။

“လူငယ်တွေက အလုပ်အကိုင်ရှားပါးလာတာကြောင့် တစ်ဖက်နိင်ငံမှာ အလုပ်သွားလုပ်ကြတယ်။ အစိုးရအနေနဲ့က မွေးမြူရေး လုပ်ငန်းဖြစ်တဲ့ ငါး၊ပုဇွန်သားပေါက် မျိုးကောင်းမျိုးသန့်တွေကို ဈေးချိုနဲ့ ရောင်းချပေးသင့်တယ်၊ နည်းပညာမြင့် သားဖောက် နည်းတွေကို သင်တန်းပေးမယ်ဆိုရင် တခြားနိုင်ငံရောက်နေတဲ့ လုပ်သားတွေ သန်းနဲ့ချီပြန်လာလိမ့်မယ် ” ဟု ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းရွှေက ပြောသည်။

ရခိုင်ပြည်နယ်သည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံနှစ်ခုကြားတွင် တည်ရှိနေကာ ပထ၀ီအနေအထားအရ စီးပွားရေးအခွင့်အလမ်း များစွာရှိနေပြီး လမ်းပမ်းဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ လျှပ်စစ်မီး၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝပင်လယ်ကမ်းခြေလုပ်ငန်းများ၊ ဆန်ဈေးနှုန်းများသတ်မှတ်ပေးခြင်း၊ မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးပါက (၁၀)စုနစ်တစ်ခုအတွင်း ထိပ်တန်းအဆင့်သို့ ရောက်နိုင်သည့်နိုင်ငံတစ်ခု ဖြစ်နိုင်ကြောင်း ရခိုင်စီးပွားပညာရှင်များက သုံးသပ်ကြသည်။

“လူမျိုးခြားတွေ အဆမတန် တိုးလာတဲ့အတွက် တောတောင်သစ်ဝါးတွေ ခုတ်ယူမှု များလာတယ်၊ မြစ်တွေမှာလည်း သားငါးတွေ ရှားပါးလာတယ်၊ မြစ်ကြောင်းနဲ့ ပင်လယ်ပြင်တွေမှာ ပိုက်ခိုးမှုတွေ ဖြစ်လာတဲ့အတွက် ပင်လယ်ပြင်နဲ့ နီးစပ်တဲ့နေရာတွေမှာ ညဘက် အ၀င်အထွက် စိုးရိမ်ရတဲ့ နေရာတွေရှိလာတယ်” ဟု မြေပုံမြို့နယ်မှ ဦးတင်အေးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၇၀ရာခိုင်နှုန်းသည် လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းခြင်းလုပ်ငန်း အသက်မွေးဝမ်းကြောင်း ပြုကြပြီး အစိုးရ စစ်တမ်းကောက်ယူမှုအရ ရခိုင်တွင်ဒေသခံ ၃ဒဿမ၃သန်းရှိသည့်အနက် ရခိုင်တိုင်းရင်းသားလူဦးရေ နှစ်သန်းခန့်ရှိကြောင်း၊ ဗဟိုအစိုးရ၏ ခွင့်ပြုချက်ဖြင့် လူမှုရေးလုပ်ဆောင်နေကြသူ INGO ၀န်ထမ်း ၉၀ ကျော် ရှိနေပြီးဖြစ်သည်။

Myit Ma Kha Media Group. 

0 comments:

Post a Comment