Monday, May 26, 2014

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ရာတွင် သမ္မတဖြစ်ရန် တစ်ခုတည်း ကိုဦးတည်ပြီး ပြောင်းလဲ ၍ရမည်မဟုတ်ဟု ဦးသိန်းညွန့်ပြော


ရန်ကုန်၊ မေ ၂၅- ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများ၏ ဆန္ဒနှင့် အညီ ပြည်သူများအတွက် သာပြောင်းလဲရ မည်ဖြစ်ပြီး ကိုယ် သမ္မတဖြစ်ရန် တစ်ခု တည်းဖြင့် ပြောင်း လဲရမည်မဟုတ်ဟုအမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌပြည် သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။
မေ၂၄ရက်တွင် အမျိုးသား ဒီမိုကရေစီပါတီသစ်ရုံးတွင်ပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခြေအနေများ အပေါ် ဦးသိန်းညွန့်မှ သုံးသပ်ပြီး မီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ကာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးပူးပေါင်းလှုပ် ရှားနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ဆောင်ရွက်နေမှုများအပေါ် ယင်း၏ အမြင်များ အား အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်တို့တိုင်းပြည်မှာ သွေးချောင်းစီးမှုအနည်းဆုံး၊ အဖိတ် အစင် အနည်း ဆုံး၊ အထိအခိုက်အနည်း ဆုံးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး လုပ်ဖို့ အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မရမနေကြိုးစားမှ ရမယ်''ဟု အမျိုးသားဒီမိုကရေစီပါတီ သစ်ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြော သည်။
ယင်းကဲ့သို့ကြိုးစားဆောင်ရွက် ရာတွင် ဖက်ဆစ်တော်လှန်ရေးအတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဦးဆောင်မှုအောက် တွင် နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တပ်မတော် အင်အားသုံး ခုပေါင်းပြီး အမျိုးသား အင်အားစုနဲ့ဖက်ဆစ်တော်လှန်ရေး ကိုဆင်နွှဲခဲ့ခြင်း၊ လွတ်လပ်ရေးတိုက် ပွဲအားဆင်နွှဲပြီး လွတ်လပ်ရေး ရရှိ အောင်စွမ်းဆောင် ခဲ့သလို ကြိုးစား ရမည်ဖြစ်ကြောင်းလည်း ဦးသိန်းညွန့် ကပြောသည်။

အမျိုးသားပြန်လည်သင့်မြတ် ရေး၊ ရင်ကြားစေ့ရေးကြိုးစားမည် ဟုဆိုသော် လည်း ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် တပ်မတော် အားစိန် ခေါ်သည့် စကားလုံးများသုံးစွဲခြင်း သည် အမျိုးသားရင်ကြားစေ့ရေး အား ထိခိုက်စေ နိုင်ကြောင်း ဦးသိန်းညွန့် က ပြောသည်။
ယင်းကဆက်လက်၍''တပ်မ တော်မပါရင်၊ တပ်မတော်ကို ကျွန်တော်တို့က မသိမ်းသွင်းနိုင်ရင်၊ သို့မဟုတ်တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးရှေ့တိုးတဲ့အခါမှာ အခက်အခဲ တွေ အများကြီးတွေ့ရ ပါလိမ့်မယ်''ဟု ပြောသည်။
မြန်မာနိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ပါဝင်မှုနှင့် ပတ်သက်၍ ''အတိုက်အခံတွေက လက်ရှိမြန်မာ့ နိုင်ငံရေးမှာစစ်တပ်ရဲ့ ပါဝင်မှုအခန်း ကဏ္ဍကို လျှော့ချချင်တယ်။ စစ်တပ် ပါဝင်မှုမရှိရင် ပြည်သူတွေအတွက် ပိုကောင်းမယ်လို့စဉ်းစားတယ်။ စစ် တပ်ကိုနိုင်ငံရေးထဲက ဖယ်ထုတ်ဖို့ စဉ်းစားတယ်။ ဒါကနေ့ချင်းညချင်း လုပ်လို့မရ ဘူး။ စစ်တပ်ဘက်မှာလဲ စိုးရိမ်မှုတွေရှိတယ်။ အရင်ကအမှား တွေ ကိုပြန်ပြီးတော့ အရေးယူမှာလား။ စစ်တပ်ရဲ့အကျိုးစီးပွား ကို ထိန်းချုပ် သွားမှာလားဆိုတာ စိုးရိမ်ပုံရတယ်။ ဒါကိုနှစ်ဘက်စလုံးက နားလည်တဲ့ အဖြေကိုရှာမှရမယ်''ဟုပြောသည်။

တပ်မတော်နှင့်နားလည်မှု မရ နိုင်ပါက မြန်မာ့နိုင်ငံရေးသည် ထိုင်း နိုင်ငံကဲ့သို့ စစ်တပ်မှအာဏာသိမ်းယူ သကဲ့သို့ မြန်မာ့ နိုင်ငံရေးနောက် ကြောင်း ပြန်လှည့်မည်ကိုစိုးရိမ်ရ ကြောင်း ဦးကျော်လင်းဦးကပြောသည်။
အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေ က''နိုင်ငံ ရေးတည်ငြိမ် မှု ကင်းမဲ့သွားအောင်၊ ၂၀၁၄ရွေးကောက်ပွဲ ပျက်စီးသွား အောင်၊ ၂၀၁၅ရွေးကောက်ပွဲလုပ် လို့မရအောင်ဆိုတဲ့ ထင်မြင်ယူဆချက် တွေရှိလာရင် အာဏာသိမ်းမှု ဆိုတာ ဖြစ်လာမှာပဲ။ တပ်ကိုအာဏာသိမ်း ပါလို့သိမ်းနိုင်အောင် လုပ်ကိုင်ပေးတဲ့ အဆင့်တွေပေါ် လာရင်ပေါ်လာအောင် လုပ်တဲ့သူကတရားခံပဲလေ''ဟုဒီမို ကရေစီတူဒေး သတင်းစာ အားပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏လုပ်ဆောင် မှု များနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ''တိုင်းပြည်ဆူဆူပူပူဖြစ်မယ့်ကိစ္စကို ဘယ်သူမှမနှစ်သက်ပါဘူး။ ဒါကြောင့် မို့အမြဲတမ်းအမျိုးသားရင်ကြားစေ့ ရေး လို့ ကျွန်တော်တို့ပြောနေတာပေါ့။ တိုင်းပြည်ဆူဆူပူပူမဖြစ်ဘူးလို့တော့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ကျွန်တော် တို့လုပ်နေတာလဲ ဆူဖို့ပူဖို့အတွက် လုပ်နေတာမဟုတ်ဘူး။ ဥပဒေနဲ့ အညီလုပ်နေတာ။ ဒါပဲပြောနိုင်တယ်။ ဆူတာပူတာကျွန်တော်တို့လုပ်မှာ မဟုတ်တဲ့အတွက် တခြား တစ်ယောက် ယောက် ကလုပ်သွားရင် ကျွန်တော် တို့တာဝန်မခံနိုင်ဘူး။ တာဝန်မယူ နိုင်ဘူး''ဟုပြောသည်။

Y M [--Democracy today Daily Newspaper--]
Yangon Media Group

0 comments:

Post a Comment