Monday, May 26, 2014

သင့်ဘက်က ဖွင့်ပြောသင့်ပြီဆိုတာ သေချာစေတဲ့ အကြောင်းအချက် (၈) ချက်




တစ်ခါတစ်လေ ကောင်လေးရော၊ ကောင်မလေးရော နှစ်ဦးစလုံးဟာ တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားပေမယ့် စတင်ဖွင့်ဟလိုက်ဖို့ မ၀ံ့မရဲဖြစ်နေတတ်ပါတယ်။ ငါသူ့ကို ချစ်နေတာ သေချာသွားပြီ၊ အဲ့ဒီ့အချက်ကို ပေါ်လွင်စေတဲ့ အကြောင်းအရာ တွေကလည်း ရှိနေပြီ။ သူကလည်း ကိုယ့်ကိုစိတ်ဝင်စားနေတာ သေချာပြီဆိုရင် ကိုယ့်ဘက်က စပြီး ဖွင့်ပြောလိုက်ဖို့၊ အထာပေးလိုက်ဖို့ တွန့်ဆုတ်နေစရာ မလိုပါဘူး။ ဒါ့ကြောင့် ကိုယ်သူ့ကို စိတ်ဝင်စားနေပြီလား၊ ချစ်နေပြီလားဆိုတာ ဒီအချက်ကလေးတွေ ကြည့်ပြီး ဆုံးဖြတ်ရအောင်။၁။ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကအစ သူ့ကိုပြောပြနေမိတယ်။

အိမ်ကိစ္စပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းအကြောင်းပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်ကြောင်လေးအကြောင်းပဲဖြစ်ဖြစ် အရာအားလုံးကို သူ့ကိုဖွင့်ဟဖြစ်နေပြီဆိုရင်တော့ သင်သူ့ကို စိတ်ဝင်စားနေလို့ပါ။

၂။သူနဲ့အတူရှိနေရင် လူက သက်တောင့်သက်သာနဲ့ သိပ်နေလို့ကောင်းတယ်။

သူနဲ့နှစ်ယောက်ရှိချိန်တွေဆို စိတ်ထဲမှာ နေလို့ကောင်းတယ်။ အလိုလိုပျော်နေတယ်ဆိုရင်တော့ သူ့ကို ချစ်နေလို့ပါပဲ။

၃။သူဟာ ကိုယ့်ကိုပျော်ရွှင်စေတယ်။

သူပြောတဲ့ ဟာသတွေတိုင်းကို လိုက်ရယ်နေမိတော့တာပဲ။ နှစ်ယောက်သားဆုံချိန်ဆို ရယ်မောနေရတာ များတယ် ။ ဒီလိုမျိုးဆိုရင်လည်း သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ရှေ့ဆက်တိုးဖို့ သင့်နေပါပြီ။

၎။သူ့ရှေ့မှာ တခြား ကောင်လေးတွေအကြောင်း ပြောဖြစ်တယ်။

သူ့ရှေ့မှာကိုယ့်ကို လိုက်နေတဲ့ ကောင်လေးတွေအကြောင်း ပြောပြီး သူဘယ်လိုအနေအထားရှိလည်း သုံးသပ်နေမိတယ်ဆိုရင်လည်း သင်ဟာ သူ့ကိုတော်တော်ကို စိတ်ဝင်စားနေလို့ပါ။

၅။အကြောင်းမရှိ အကြောင်းရှာပြီး သူနဲ့တွေ့ဖို့ စဉ်းစားနေမိတယ်။

သူကို ဘယ်လိုခေါ်ထုတ်ရင် ကောင်းမလဲ။ တွေ့ဖို့စကားစရင် ကောင်းမလားစသဖြင့် စဉ်းစားမိနေပြီဆိုရင်လည်း သူ့ကို တွေ့ချင်တဲ့စိတ်နဲ့ လုပ်နေတယ်ဆိုတာ ရှင်းနေတာပဲလေ။

၆။ဘာမှမဆိုင်ပဲနဲ့လည်း သူ့အကြောင်းတွေ ဆွဲပြောမိနေတယ်။

သူငယ်ချင်းတွေနဲ့တွေ့ချိန်မှာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရှိချိန်မှာ သူ့အကြောင်း ပြောဖြစ်နေတယ်ဆိုရင် သင်ဟာ သူ့ကို စိတ်ထဲရှိနေလို့ပေါ့။

၇။သူနဲ့ sms တွေ အချိန်တိုင်း ပို့ဖြစ်နေတယ်။

ဘာလုပ်နေလဲ၊ ထမင်းစားပြီးပြီလား၊ ဘယ်အချိန်အိမ်ပြန်မှာ စတဲ့ အကြောင်းအရာတွေကိုတောင် sms ပို့နေကြပြီဆိုရင်တော့ နှစ်ဦးစလုံး ရှေ့ဆက်တိုးဖို့ အချိန်ရောက်နေပြီဆိုတာ သိသာနေပါပြီ။

၈။တစ်ခြားယောင်္ကျားလေးတွေနဲ့ သူ့ကို နှိုင်းယှဉ်နေမိတယ်။

ကိုယ့်ပတ်ဝန်းကျင်က ယောင်္ကျားလေးတွေနဲ့ သူနဲ့ကို တစ်ခုခုဆို မသိစိတ်က နှိုင်းယှဉ်နေမိပြီဆိုရင် ဒါဟာ သူ့ကို ကိုယ်စိတ်ဝင်စားနေလို့ပါ။

Ref:cosmopolitan.com/

မေသော်
Trend Myanmar

0 comments:

Post a Comment