Tuesday, May 27, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ သမ္မတနှင့် ကြံ့ခိုင်ရေးပါတီ ရပ်တည်ချက်တူ


မေလ ၂၆ ရက်စွဲဖြင့် ကြံ့ခိုင်ရေးပါတီက အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကြေညာချက် ထုတ်ပြန်ခဲ့ရာ သမ္မတ ဦးသိန်းစိန်၏ သဘောထားအတိုင်းဖြစ်ကြောင်း တွေ့ရှိရသည်။
မေ ၁၅ ရက်က မန္တလေးမြို့တွင် ကျင်းပခဲ့သော ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် က အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ မကြာမီ ကြုံတွေ့ကြရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတ၍ လွတ်လပ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စများသည် မိမိတို့၏ ပြည်တွင်း ရေးကိစ္စများဖြစ်ပြီး မိမိတို့၏ အချုပ်အခြာအာဏာကို အထိအပါးမခံဘဲ အခြေခံဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထိုကိစ္စများ ကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မည်ကို မည်သူမှ မလိုလားကြောင်း၊ တိုင်းပြည် ဆူဆူပူပူဖြစ်လျှင် မိမိတိုင်းပြည်ပဲ နစ်နာမည်၊ မိမိပြည်သူများသာ ထိခိုက်နစ်နာ ကြရမည် ဖြစ်ကြောင်း၊ အမှားအမှန်၊ အဆိုး အကောင်းအား ယနေ့ ဆူဆူပူပူဖြစ်နေသည့် နိုင်ငံများ၏ သင်ခန်းစာကို ရယူပြီး မိမိတို့နိုင်ငံတွင် အလားတူ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် နိုင်ငံကိုချစ်သည့် ရဟန်း ရှင်လူ ပြည်သူများအားလုံး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။၂၇-၅-၂၀၁၄ ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ၏ ကြေညာချက်အမှတ် (၁/၂၀၁၄) တွင် ပြည်ထောင်စု လွှတ်တော် က ဖွဲ့စည်းပေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဗဟိုကော်မတီမှ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ရေးအကြံပြုချက်များအပေါ် ခိုင်မာစွာရပ်တည်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အကြောင်းပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အကြောင်းပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေဘဲ ဒီမိုကရေစီကျင့်စဉ်များ၊ တည်ဆဲဥပဒေ များနှင့်အညီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြည်ထောင်စုလွှတ်တော်၏ မူဘောင် အတွင်း မှ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စိန်ခေါ် ခဲ့ပြီး မင်းကိုနိုင်က လမ်းပေါ်တွင် လူများပြည့်သွားအောင်ဖန်တီးနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပြီးနောက် ကြံ့ခိုင်ရေး ပါတီက ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပြန်ချက်သည် သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ သဘောထား နှင့် ထပ်တူဖြစ်နေရာ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့မှာ ဘုံရပ်တည်ချက် တူညီစွာ ရပ်တည်လျက် ရှိကြောင်း တွေ့ရှိရသည်။

"NLD နဲ့ ၈၈ မျိုးဆက်တွေလုပ်နေတဲ့ စိန်ခေါ်ဖိအားပေးတဲ့ လုပ်ဆောင်ချက်ကို ဦးသိန်းညွန့်၊ ဦးခင်မောင် ဆွေ၊ ဦးသုဝေအစရှိတဲ့ အခြားနိုင်ငံရေးပါတီများကလည်း လက်မခံပါဘူး၊ ရရှိထားတဲ့ အနေအထားကနေ ဘယ်သူမှ နောက်ပြန်မလှည့်ချင်ပါဘူး" ဟု လေ့လာသူတစ်ဦးကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေးကို တာဝန်ယူဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၆၀ % ဝန်းကျင်ရှိပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ % ရှိကာ NLD မှ လွှတ်တော်ကိုယ်စားလှယ် ၇ % နီးပါးခန့်ရှိပါသည်။

ကိုးကား- မြန်မာ့အလင်း(၁၆-၅-၂၀၁၄)ပြည်ထောင်စုနေ့စဉ် (၂၇-၅-၂၀၁၄)
မြန်မာ့နိုင့်ရေးဆောင်းပါးများ

0 comments:

Post a Comment