Tuesday, May 20, 2014

ဆိုရှယ်မီဒီယာတွေဟာ သင့်ရဲ့အသားအရေကို ပျက်စီးစေနိုင်



ဆိုရှယ်မီဒီယာတွေဟာ စိတ်လှုပ်ရှားစရာ၊ ပျော်စရာကောင်းတယ်လို့ ထင်နေလိမ့်မယ်။ Candy Crush လို ဂိမ်းတွေကလည်း သင့်ကိုဆွဲဆောင်ထားလိမ့်မယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာတွေနဲ့ ထိတွေ့နေရခြင်းရဲ့ အကျိုးဆက်က အသားအရေ ပျက်စီးတာမျိုးတွေ ဖြစ်လာတတ်တယ်ဆိုတာမျိုးကိုတော့ ဘယ်ထည့်တွေးမိမလဲနော်။ ဆိုရှယ်မီဒီယာတွေနဲ့ သင့်အသားအရေ ဘယ်လိုဆက်စပ်မှုတွေ ရှိနေသလဲဆိုတာ ကြည့်ရအောင်။၁။ဆိုရှယ်မီဒီယာဟာ သင့်ကို ပိုမိုရင့်ရော်စေပါတယ်။



ကွန်ပျူ တာရှေ့မှာ ဆိုရှယ်မီဒီယာရဲ့ ဆွဲဆောင်အားတစ်ခုခုကြောင့် နာရီပေါင်းများစွာ အချိန်ဖြုန်းမိပြီဆိုတာနဲ့ သင်ဟာ အိုမင်းရင့်ရော်စေမယ့် လမ်းကြောင်းတစ်ခုပေါ် ရောက်နေပြီလို့သာ မှတ်လိုက်ပါ။ အာရုံစိုက်ရလွန်းတဲ့ မျက်လုံးအောက် နားက အရစ်ကလေးတွေ တဖြည်းဖြည်းများလာတဲ့အချိန် မရောက်ခင် သင်လုပ်ရမှာက ဆိုရှယ်မီဒီယာအတွက် အချိန်ပေးခြင်းကို လျှော့ရင်လျှော့၊ မလျှော့နိုင်ရင်တော့ eye cream တွေသာ ဆောင်ထားပေးတော့။

၂။Selfie ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှာ တင်ခြင်းကလည်း အရေပြား ကျန်းမာရေးနဲ့ ပတ်သက်နေတာပါပဲ။



ကိုယ့်ဘာသာကိုယ် Selfie ဓာတ်ပုံရိုက်တင်တာနဲ့ အသားအရေ ကျန်းမာရေးနဲ့ ဘာများ ပတ်သက်နိုင်သလဲဆိုတာ တွေးသွားနိုင်ပါတယ်။ တကယ်တော့ Selfie ဓာတ်ပုံရိုက်ခြင်းဟာ စိတ်အစွန်းရောက်မှုနဲ့ ဆက်နွယ်နေတယ်လို့ စိတ်ကျန်းမာရေးသုတေသီက ပြောထားပါတယ်။ အထူးသဖြင့် မိန်းကလေးနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆိုက်ကိုကတော့ ဆိုရှယ်မီဒီယာမှာ selfie ပုံတွေရိုက်တင်ပြီး ရလာတဲ့ Like အရေအတွက်အပေါ် စိတ်ခံစားချက်ဖြစ်ပေါ်လာတာပါပဲ။ စိတ်ကျန်းမာရေးဟာ အသားအရေလှပခြင်းနဲ့ ဆက်နွယ်နေပါတယ်။ စိတ်ညစ်တဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ အသားအရေခြောက်သွေ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ပျော်ရွှင်နေတဲ့အခါ၊ ကိုယ်စိတ်ညစ်နေတဲ့အခါ ကိုယ့်အသားအရေကို သတိထားပြီး ကြည့်ကြည့်လိုက်ပါ။ စိတ်အခြေအနေကိုလိုက်ပြီး အသားအရေ ကြည်လင်မှုရှိတာ၊ မရှိတာ ကွဲပြားသွားပါတယ်တဲ့။

၃။သင့်နဲ့ သင့်ရဲ့ smartpohone နဲ့ အတူတကွ မရှိတဲ့အခါ စိတ်မတည်ငြိမ်ခြင်း ဖြစ်ခြင်းကို ခံစားရပါလိမ့်မယ်။



အလုပ်သွားတဲ့အခါ၊ ဒါမှမဟုတ် အပြင်သွားတဲ့အခါ ဖုန်းအိမ်မှာကျန်ခဲ့ပြီဆိုရင် စိတ်မှာ ဘာလိုနေလို့ လိုနေမှန်းမသိသလို နေမထိ ထိုင်မသာ ဖြစ်ရတော့တာပါပဲ။ Nomophobia လို့ခေါ်တဲ့ ကြောက်စိတ်တစ်မျိုးဖြစ်ပေါ်လာတာနဲ့အမျှ သင့်ရဲ့အသားအရေမှာလည်း အရင်ထက် ခြောက်သွေ့တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် စိုးရိမ်လွန်ကဲမှုကြောင့် အရေးအကြောင်းတွေ ဖြစ်ဖို့လည်း အလားအလာရှိနေပြန်ပါတယ်။

၎။ဖုန်းမှာကပ်နေတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ၀က်ခြံတွေ ပေါက်နိုင်။



ဖုန်းကို ကိုယ်နဲ့မခွာ ယူတတ်တဲ့အကျင့်ကြောင့် အိမ်သာထဲဆိုလည်း ဖုန်းယူသွားလိုက်တာပါပဲ။ ဘယ်သွားသွား ဖုန်းယူသွားပြီး ဟိုတင်၊ ဒီတင်နဲ့ ဖုန်းမှာ ဘက်တီးရီးယားပိုးတွေ ကပ်နေတတ်တာ အဆန်းမဟုတ်ပါဘူး။ အဲ့ဒီဖုန်း screen နဲ့ မျက်နှာနဲ့ကပ်ပြီး ဖုန်းပြောလိုက်လို့ကတော့ မျက်နှာမှာ အဖု၊ အပိန့် နဲ့ ၀က်ခြံတွေ ထွက်ပြီပေါ့။

၅။ဘေးမှာထားအိပ်တတ်တဲ့ ဖုန်းကြောင့် အိပ်ရေးမ၀တာ။



ညအိပ်ခါနီးဆို ဖုန်းကို ဘေးနားယူအိပ်တတ်တာကလည်း အသားအရေအတွက် ထိခိုက်စေတာပါပဲ။ အဓိကအားဖြင့် ဖုန်းဘေးမှာရှိနေတဲ့အခါ ဖုန်းပိတ်ထားတာ မဟုတ်ရင် စိတ်မချတဲ့ ခံစားချက်မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သန်းခေါင်ယံ တရေးနိုးလို့ ဖုန်း screen ကို ကြည့်မိတာပဲဖြစ်ဖြစ်၊ ဆိုရှယ်နယ်ဝက်ခ်လေးထဲ ၀င်ကြည့်လိုက်တာပဲဖြစ်ဖြစ် မျက်လုံးကြောင်သွားတတ်ပြီး ပြန်အိပ်နိုင်ဖို့ ခဲယဉ်းပါတယ်။ အိပ်ရေးမ၀တဲ့အခါ အသားအရေ လှပခြင်းဆိုတာလည်း ရှိနိုင်မှာ မဟုတ်တော့ဘူးလေ။

Ref:cosmopolitan.com

မေသော်
Trend Myanmar

0 comments:

Post a Comment