Monday, May 26, 2014

ဘင်္ဂါလီများအား ဇွန်လ တတိယပတ်အတွင်း သန်းခေါင်စာရင်း အပြီးသတ်ကောက်မည်ဟုဆို


ရန်ကုန်၊ မေ ၂၆- မည်မျှပင်ညှိနှိုင်းမှု အဆင်မပြေဖြစ်နေကြသော်လည်း သန်းခေါင်စာရင်းကောက်ယူရန် ကျန် ရှိသေးသည့် ရခိုင်ပြည်နယ်အတွင်း ရှိ ဘင်္ဂါလီများကို ဇွန်လတတိယ ပတ် အတွင်း အပြီးသတ်ကောက်ခံသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။''တကယ်လို့ ဇွန်လလယ်လောက် နဲ့မှ မပြီးနိုင်ဘူး။ ဘင်္ဂါလီတွေက ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင် ကျွန် တော်တို့ရဲ့ လုပ်ထုံး လုပ်နည်းအရ ဒီ နယ်မြေကို တရားဝင်ဖော်ပြပြီးတော့ သန်းခေါင် စာရင်း မှာ ချန်ထားခဲ့ရမှာ ပါ''ဟု ဦးမြင့်ကြိုင်က မေ ၂၆ရက် က ပြောသည်။

သန်းခေါင်စာရင်းနည်းနာအရ သန်းခေါင်းစာရင်းကောက်ယူပြီး နှစ် လအတွင်း သန်းခေါင်စာရင်းကို ဆက် လက်ကောက် ယူ နိုင်ပြီး ယင်းကာလ ကျော်လွန်သွားပါက ကောက်ယူ၍ မရတော့သဖြင့် ယခုကဲ့သို့ အပြီးသတ် ကောက်ယူရခြင်းဖြစ်ကြောင်း သိရ သည်။
အစိုးရက မည်သို့ပင် ကောက် ခံရန်စီစဉ်နေသော်လည်း လူမျိုး အမည်တွင် ရိုဟင်ဂျာလူမျိုးအမည် ကို ထည့်သွင်းကောက် ခံခြင်းမပြုပါ က သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းမှာ အောင်မြင် နိုင် မည်မဟုတ် ကြောင်း ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီအများစုက ပြောသည်။
''ကျွန်တော်တို့ ရိုဟင်ဂျာအသိုင်း အဝိုင်းကလက်မခံရင် ဘယ်လိုပင် ကောက်ကောက် ဒီနာမည်မထည့်ရင် ဘယ်လို မှ အောင်အောင်မြင်မြင် အဆင်မပြေနိုင်ဘူး''ဟု စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် မှ ဘင်္ဂါလီ လူမျိုး ဦးအောင်ဝင်းက ပြောသည်။

နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တွင် ပြန်လည်ကောက်ယူသော ပြည် လုံးကျွတ်သန်းခေါင်စာရင်းကောက် ယူခြင်းကို ယခုနှစ် မတ် ၂၉ရက်မှ ဧပြီ ၁ဝရက်အထိ ကောက်ခံခဲ့ခြင်း ဖြစ်သည်။ သန်းခေါင် စာရင်းကောက်ယူ သည့်ကာလ အတွင်း ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများက လူမျိုးနေရာ တွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြုမှ သာလျှင် သန်းခေါင်စာရင်းအကောက် ခံမည်ဟု ပြော ဆိုခဲ့ကြပြီး အစိုးရက လည်း ရိုဟင်ဂျာဟုထည့်သွင်းပါက ကောက်ယူမည်မဟုတ်ဟု ငြင်းဆိုသဖြင့် ဘင်္ဂါလီများကို သန်းခေါင် စာရင်း ကောက်ယူမည့်ကိစ္စ အောင်မြင်မှု မရရှိခဲ့ ဘဲ လက်ရှိအချိန်ထိ အစိုးရနှင့် ဘင်္ဂါလီတို့ ညှိနှိုင်းနေရဆဲအခြေအနေ တွင် ရှိနေသေးကြောင်း သိရသည်။
''ကျွန်တော်တို့ တောင်းဆိုနေ တဲ့နာမည်ကို ထည့်သွင်းမကောက်ခံ ရင် လက်ခံမယ့် အနေအထားက သိပ် မရှိဘူး''ဟု ဘူးသီးတောင်မြို့နယ် မှ ဘင်္ဂါလီတစ်ဦးက ပြောသည်။ အစိုးရက ညှိ နှိုင်း ရာတွင် တချို့ဘင်္ဂါလီမိသားစုများက အစိုးရ၏ ညှိနှိုင်းမှုကို နားလည်လက်ခံသည့် အတွက် နီးစပ်ရာသန်းခေါင်စာရင်း ရုံးများတွင် လာရောက်စာရင်းကောက် ခံမှုများ ရှိ သော် လည်း တချို့မိသားစု များမှာ လက်မခံကြကြောင်း လဝက ၏ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က ဆိုသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီ ၁ဒသမ ၃၃သန်းရှိသည့်အနက် ရခိုင်ပြည်နယ် အတွင်း ၁ဒသမဝ၅ သန်းရှိပြီး ရခိုင် ပြည်နယ်တွင် ခရိုင်ငါး ခရိုင်ရှိသည့် အနက် ခရိုင်နှစ်ခုမှ ဘင်္ဂါလီလူဦး ရေနှစ် သောင်း ကျော်နှင့် အခြားပြည် နယ်များတွင်ရှိသည့် ဘင်္ဂါလီသုံး သိန်းခန့်ကသာ ဘင်္ဂါလီအမည်ဖြင့် သန်းခေါင်စာရင်းအကောက်ခံခဲ့ ကြောင်း လဝကပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထုတ်ဖော်ပြော သည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ များကို သန်းခေါင်စာရင်းကောက်ခံ နိုင်ခြင်းမရှိခဲ့ခြင်းနှင့် ကချင်ပြည်နယ် အတွင်းမှ လက်နက်ကိုင်နယ်မြေ အတွင်းရှိ ကျေးရွာပေါင်း ၉၀ ကျော် ကို ကောက်ခံ နိုင်ခြင်းမရှိခဲ့သည့်အ တွက် လတ်တလောရ ရှိထားသည့် သန်းခေါင်စာရင်းရလဒ်မှာ ၉၈ရာခိုင် နှုန်းသာရှိသေးကြောင်း လဝကမှ သိရသည်။

စစ်တွေမြို့အနီးရှိ ဘူမင်းဘင်္ဂါလီကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူခဲ့စဉ်။ Photo - EPA
MYK [--Democracy today Daily Newspaper--]

0 comments:

Post a Comment