Tuesday, May 6, 2014

အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများ အရေးပေါ်ကုသရေး လျင်မြန်စွာဆောင်ရွက်ရန် စီစဉ်နေ

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အရေးပေါ် အခြေအနေ ကုသရေး အတွက် လျင်မြန်စွာကုသပေးနိုင်ရေး စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့်ထိခိုက်ဒဏ်ရာကုသရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အမြန်လမ်းမပေါ်မှာ ယာဉ်မတော်တဆမှုတွေကြောင့် ဖြစ်ပွားရတဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အမြန်ဆုံး ကုသပေးနိုင်ဖို့ စီစဉ်ဆောင် ရွက်နေပြီဖြစ် ပါတယ်။ ဆီးဂိမ်းနဲ့ပါရာဂိမ်းကာလမှာတော့ မိုင် ၄၀ ကြားတစ်နေရာ နှုန်းနဲ့ ပြည်သူ့ရဲ ကျန်းမာရေးစခန်းတွေထားရှိပြီး Cover ပေးခဲ့ပါတယ်။ အဲဒီစခန်းတွေမှာ ပြည်သူ့ရဲကရော ကျန်းမာရေး ဌာနကပါ Ambulance တွေ ထားရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆက်လက် ထားရှိမယ် ဆိုရင် ငွေအင်အား၊ လူအင်အားတွေ လိုအပ်မှာဖြစ်ပါတယ်။ဒါပေမယ့် အခုအခါ အမြန်လမ်းမပေါ်မှာ အရေးပေါ် အခြေအနေတွေအဖြစ်များနေတာကြောင့် ဒါကိုပြန်ပြီး Organized လုပ်ရမှာဖြစ်ပါတယ် ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခဌာနမှူး
ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။
အဆိုပါ အမြန်လမ်းမပေါ်တွင် အရေးပေါ်ကုသရေး အခြေအနေများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်သွားနိုင်ရန် လာမည့် မေ ၁၄ ရက်နှင့် ၁၅ ရက်တွင် နေပြည်တော်၌ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကာ အစီအမံများ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေဖြင့် အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်မှုဖြစ်ပါက ဖြူး၊တောင်ငူ၊ ဖဒို၊မိတ္ထီလာ အစရှိသော ဆေးရုံများ၊ အရေးပေါ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နေရသဖြင့် ထိရောက်မှု အားနည်း နေသည်။ အမြန်လမ်း ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အမြန်ဆုံး ဆက်သွယ် ဆောင်ရွက် နိုင်သည့် ဆက်သွယ်ရေး ကွန်ရက်နှင့် အမြန်ဆုံးကုသရေးအစီအမံများ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။

MOI Webportal Myanmar

0 comments:

Post a Comment