Tuesday, May 27, 2014

အလွန်အောင်မြင်သူအဖြစ် ခံယူမထားသည့် ဂမ်မာအာတာတန်


နာမည်ကြီး ရုပ်ရှင်ဇာတ်ကား Made In Dagnehamကို ပြဇာတ်အဖြစ် အသက်သွင်းရာတွင် ပါဝင်ရန် ကြိုတင်ပြင်ဆင်နေသော ဗြိတိသျှ မင်းသမီးက အဆိုပါ ပြဇာတ်တွင် မိမိ၏အမည်ကို မည်သူမျှ မသိသဖြင့် လက်မှတ်ရောင်းမထွက်မည်ကိုပင် စိုးရိမ်မိကြောင်း ဝန်ခံခဲ့မိမိကိုယ်ကိုယ် အလွန်အောင်မြင် ကျော်ကြားသူ တစ်ဦးအဖြစ် ခံယူမထားကြောင်း ဂမ်မာအာတာတန်က ဖွင့်ဟ ပြောကြားလိုက်သည်။ နာမည်ကြီး ရုပ်ရှင်ဇာတ်ကား Made In Dagnehamကို ပြဇာတ်အဖြစ် အသက်သွင်းရာတွင် ပါဝင်ရန် ကြိုတင်ပြင်ဆင်နေသော ဗြိတိသျှ မင်းသမီးက အဆိုပါ ပြဇာတ်တွင် မိမိ၏အမည်ကို မည်သူမျှ မသိသဖြင့် လက်မှတ်ရောင်းမထွက်မည်ကိုပင် စိုးရိမ်မိကြောင်း ဝန်ခံခဲ့သည်။ James Bondဇာတ်ကား Quantum of Solaceတွင် ပါဝင်သရုပ်ဆောင်ထားဖူးသည့် ဂမ်မာက “ခုတော့ ကျွန်မ တေးသံစုံ ပြဇာတ်တစ်ခုကို နှစ်ကုန်ပိုင်းကျရင် အဒယ်လ်ဖိုင် ပြဇာတ်ရုံမှာ ကပြဖို့ စီစဉ်နေပါတယ်။ Made in Dagenham ပြဇာတ်မှာ လက်မှတ်အားလုံး ရောင်းထွက်ဖို့ မျှော်လင့်မိပါတယ်”ဟု ဆိုသည်။

သူမက “ပြဇာတ်ရုံကြီးက သိပ်ကြီးတယ်။ လက်မှတ်တွေကလည်း ဈေးတော်တော်များတယ်လို့ ကျွန်မ တွေးမိခဲ့တယ်။ ကျွန်မက အရမ်းကြီး နာမည်ကြီးတဲ့သူလည်း မဟုတ်ဘူးလေ။ ကီရာနိုင်ကတလေ၊ ဒါမှမဟုတ် နာတာလီ ပို့တ်မန်းတို့လို ပရိသတ်တွေ အများကြီး ရှိနေပါမယ်လို့ မျှော်လင့်လို့လည်း မရဘူး။ တကယ်လို့ ပြဇာတ်ပိုစတာမှာ ကျွန်မနာမည် ပါလာရင် လူတွေက ‘အဲဒါဘယ်သူလဲ’ဆိုပြီး ပြန်မေးနေမယ်ဆိုတာ သေချာပါတယ်”ဟုလည်း အားလျော့စကား ပြောခဲ့သေးသည်။ အသက်(၂၈)နှစ်ရှိ မင်းသမီးသည် ဟောလီးဝုဒ်တွင် လူသိများသည့် Clash of Titans၊ Prince of Persia: The Sands of Time၊ Hansel & Gretel: Witch Hunters အစရှိသော ဇာတ်ကားများတွင် ဦးဆောင်မင်းသမီး အနေဖြင့် ပါဝင်ခဲ့ပြီး ဖြစ်သည်။

သူမက James Bond ဇာတ်ကားမှ မင်းသမီးတစ်လက် ပြဇာတ်နယ်ပယ်သို့ ကူးပြောင်းလာသည်ဆိုသော ပြောဆိုမှုများနှင့် ပတ်သက်ပြီး မတုန်လှုပ်ကြောင်း၊ ပြဇာတ်နယ်ပယ်အပေါ် လေးစားမှုရှိကြောင်းလည်း ဆိုသည်။ “James Bond မင်းသမီးတွေ ပြဇာတ်ကတော့မယ် ဆိုတာမျိုး သတင်းတွေမှာ ခနဲ့ပြီး ရေးနေကြလို့ ကျွန်မဘာမှ မခံစားရဘူး။ James Bond ဇာတ်ကားမှာ ပါခဲ့တုန်းကလည်း အရေးပါတဲ့ ဇာတ်ရုပ်မျိုး မဟုတ်ခဲ့ဘူးလို့ ကျွန်မယူဆပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခွင့် ရခဲ့တာကို ကျွန်မ ဂုဏ်ယူမိတာ အမှန်ပါ။ ဒါပေမဲ့ နေရာတကာ တိုင်းတာစရာ စံနှုန်းတစ်ခု ဖြစ်နေတာတော့ နည်းနည်း စိတ်ပျက်မိတယ်”ဟု သူမက ပြောကြားသွားသည်။






Planet Myanmar Network

0 comments:

Post a Comment