Sunday, May 18, 2014

မြောက်ကိုရီးယား ပြုံယမ်းက တိုက်ပြိုကျမှု ကင်ဂျုံအမ် အိပ်မပျော်နိုင်ဖြစ်ခဲ့

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့က ၂၃ ထပ် တိုက်တလုံး ပြိုကျတာကို မြောက်ကိုရီးယားအစိုးရက လူထုကို တောင်းပန် တယ်လို့ ထုတ်ပြန်ပြီး ခေါင်းဆောင် ကင်ဂျုံအမ်းကလည်း အဲဒီလိုလူ့အသက်များစွာ ဆုံးရှုံး ရတဲ့အတွက် အတော် စိတ်ထိ ခိုက်ရတယ်လို့ ကြေညာပါတယ်။


ဓာတ်ပုံ- informationng.com
ဒါဟာ မြောက်ကိုရီးယားမှာ လုပ်လေ့လုပ်ထားမရှိဘဲ ပထမဆုံး ထူးထူးခြားခြား ထုတ်ပြန်လိုက်တဲ့ တောင်း ပန်ကြောင်း ကြေညာတာပါ။ လူပေါင်း ရာနဲ့ချီသေဆုံးနိုင်တဲ့ တိုက်ပြိုကျမှုကို ကိုရီးယား ဗဟို သတင်းဌာနက ဖော်ပြတာ မှာ ခေါင်းဆောင် ကင်ဂျုံအမ်း ဟာ အခုလို ဆိုးရွားတဲ့ တိုက်ပြိုကျမှုကြောင့် အိပ်လို့တောင် မပျော်ဘူးလို့ ကြေညာပါသတဲ့။

ဒါပေမယ့် အဲဒီ တိုက်ပြိုကျမှုဟာ ဘယ်နေရာမှာဆိုတာ မြောက်ကိုရီးယားသတင်းဌာနက ထုတ်ပြန် မကြေညာသလို ဘယ် နှစ် ယောက်သေဆုံးတယ်ဆိုတာလည်း မကြေညာခဲ့ပါဘူး။

၂၃ ထပ်ရှိတဲ့ လူနေတိုက်ခန်းမှာ တိုက်ခန်းတခုမှာ မိသားစုဝင် လူ အနည်းဆုံး ၄ ယောက်နေထိုင်ကြပြီး အခန်း အနည်းဆုံး ၉၀ လောက်ရှိတဲ့ တိုက်ဖြစ်တယ်လို့လည်း တာဝန်ရှိသူတချို့က ပြောတယ်လို့ ဆိုပါ တယ်။


အိမ့်သံစဉ်
ဧရာဝတီ

0 comments:

Post a Comment