Thursday, May 29, 2014

Maleficent ဇာတ်ကားပွဲဦးထွက်ပြသပွဲမှာ တိုက်ခိုက်ခံရတဲ့ ဘရက်ပစ်


တိုက်ခိုက်ခံရသဖြင့် အံ့အားသင့်နေသော ဘရက်ပစ်နှင့် တိုက်ခိုက်သူကို ဖမ်းဆီးနေသော လုံခြုံရေးများ

လော့စ်အန်ဂျလိစ်- ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဘရက်ပစ်သည် မေလ ၂၈ ရက်တွင် ''Maleficent'' ဇာတ်ကားပွဲဦးထွက်ပြသပွဲ၌ အမှတ်တရလက်မှတ်ရေးထိုးပေးနေစဉ် အမျိုးသားတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု လော့စ်အန်ဂျလိစ်ရဲတပ်ဖွဲ့က ပြောသည်။

(ပုံစာ- တိုက်ခိုက်ခဲ့သူကို ၀ိုင်းဝန်းဖမ်းဆီးနေကြစဉ်)

ဘရက်ပစ်သည် ၎င်း၏ ဇနီးလောင်း အန်ဂျလိနာဂျိုလီပါဝင် သရုပ်ဆောင်ထားသော ''Maleficent'' ဇာတ်ကားပွဲဦးထွက်ပြသသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဘရပ်ပစ်သည် ပရိသတ်များကို နှုတ်ဆက်၍ အမှတ်တရလက်မှတ်များရေးထိုးပေးနေစဉ် အသက် (၂၅) နှစ်အရွယ် ဗီတာလီဆီဒေါ့ခ်ဆိုသူက အတားအဆီးများကို ကျော်၍ ၎င်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗီတာလီဆီဒေါ့ခ်ကို ရိုက်နှိက်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဗီတာလီဆီဒေါ့ခ်သည် အနီရောင်ကော်ဇောတက်ပွဲများတွင် ကျော်ကြားသူများကို အနှောင့်အယှက်ပေးခဲ့သူ တစ်ဦးဖြစ် သည်။
၎င်းသည် ၂၀၁၂ ခုနှစ်ကတည်း သရုပ်ဆောင်မင်းသား ၀ီလ်စမစ်ကို အကြင်နာပေးရန် ကြိုးပမ်းသောကြောင့် ၀ီလ်စမစ်၏ ပါးရိုက်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင်၎င်းသည် လီယိုနာဒိုဒီကပ်ပရီယိုနှင့် ဘရက်ဒလေကူးပါး၊ အဒဲလ်တို့ကိုလည်း လူပုံအလယ်တွင် စိတ်အနှောင့်အယှက်ပေးခဲ့ဖူးသူဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကိန်းစ် ရုပ်ရှင်ပွဲတော်တွင်သရုပ်ဆောင်မင်းသမီး အမေရိကားဖာရာရာ၏ ဂါဝန်အောက်သို့ အတင်းတိုးဝင်ရန်ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။

တိုက်ခိုက်ခံရမှုတွင် ဘရက်ပစ် ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်းနှင့် အမှတ်တရလက်မှတ်ရေးထိုးခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

— Ref: CNN

လက်မှတ်ထိုးပေးနေစဉ် တိုက်ခိုက်ခံခဲ့ရသဖြင့် အံ့အားသင့်သွားသော ဘရက်ပစ်

ဘရက်ပစ်ကို တိုက်ခိုက်ခဲ့သူအား ဖမ်းဆီးခေါ်ဆောင်လာစဉ်


Trend Myanmar

0 comments:

Post a Comment