Monday, May 19, 2014

၈၈ မျိုးဆက်နှင့် ပွင့်လင်းအဖွဲ့အား နိုင်ငံရေးစားဖားအဖွဲ့ ဟု သတ်မှတ်



၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် မျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့ခြင်းကြောင့် စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့မှ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ က နိုင်ငံရေးစားဖားအဖွဲ့ ဟု သတ်မှတ်လိုက်ကြောင်း သိရှိရသည်။
မေလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ကြိုးစားလျက်ရှိသည့် အမျိုးစောင့်ဥပဒေ ကို ၈၈ အဖွဲ့က ကန့်ကွက်ခဲ့ကြောင်း၊ ထိုသို့ ကန့်ကွက်ခဲ့ခြင်းသည် အနှိပ်စက်ခံ တိုင်းရင်းသူလေးများကို မထောက်ထား မညှာတာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
၈၈ မျိုးဆက်အဖွဲ့သည် နိုင်ငံတကာက ထောက်ပံ့သည့် ဒေါ်လာများကို အိတ်ထဲထည့်ပြီး ဇိမ်ခံကားကြီးများကို တ၀ီဝီစီးနေကြကြောင်း၊ ဒေါ်လာ မျက်နှာကိုကြည့်၍ လူ့အခွင့်အရေးကို ပါးစပ်က အမြုပ်ထွက်အောင် အော်လျက် ရှိကြောင်း၊ တကယ်တမ်းလုပ်နေသည်မှာ ငါ့အခွင့်အရေး ဖြစ်နေကြောင်း၊ အမျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို နိုင်ငံရေးစားဖားအဖွဲ့ ဟု သတ်မှတ်လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၈၈ မျိုးဆက်သည် အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်ထံမှ ထောက်ပံ့ကူညီမှုများကို လက်ခံရယူလျက်ရှိပြီး မူလက ဖွဲ့စည်းထဲ့သော Open Society ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ဆိုးရော့စ်၏ Open Society ကို ပုံတူပွားထားခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဆိုးရော့စ် လက်ဝေခံ တပည့်များ ဟု လူအများက သိရှိလာသောကြောင့် မြစ်ကြီးနားခရီးစဉ်တွင် ငြိမ်းချမ်းရေးဟူသော စကားလုံးတစ်လုံး ထပ်တိုးကာ ပုံဖျက်ထားခြင်း ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ယင်းတို့အား OIC အပါအ၀င် ဆော်ဒီ၊ တူရကီနိုင်ငံများက လစဉ် ထောက်ပံ့ပေးလျက် ရှိကြောင်း၊ OIC ၏ ထောက်ပံ့ငွေများကို ဦးမြအေး၏ သမီး Burma Campaign UK မှ ဝေနှင်းပွင့်သုန်မှတစ်ဆင့် ပေးအပ်လျက် ရှိကြောင်း၊ ၈၈ ခေါင်းဆောင် မင်းကိုနိုင် အမေရိကန်နိုင်ငံသို့ ရောက်ရှိစဉ် အမေရိကန်ဘဏ်တစ်ခုတွင် ငွေစာရင်းဖွင့်လှစ်ပေးထားပြီး ကမ္ဘောဇဘဏ်ရှိ မင်းကိုနိုင်၏ ငွေစာရင်းနှင့် တိုက်ရိုက်ချိတ်ဆက်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင် ဆူပူမှုများ၊ အရေးအခင်းများ ပြန်လည်ဖြစ်ပွားလာလျှင်လည်းကောင်း၊ ဘင်္ဂလီများ နိုင်ငံသား ဖြစ်လာလျှင် လည်းကောင်း ထပ်ဆောင်းဆုငွေများ ပေးအပ်ရန် သဘောတူညီထာြး့ပီး ဖြစ်ကြောင်း သိရသည်။

ပြည်သူ့အာဏာ

0 comments:

Post a Comment