Tuesday, May 27, 2014

ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတာတွေလွဲနေတယ်



ဦးဆန်နီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံမှတ်တမ်းတွေရိုက်ကူးခြင်းကို ဘယ်အချိန်ကစပြီး တာဝန်ယူခဲ့တယ်ဆိုတာ ပြောပေးပါ။

ကျွန်တော် စတင်ရိုက်ကူးခဲ့တာက ဘွားဒေါ်ခင်ကြည်ဈာပနမှာ စတင်ပြီး မှတ်တမ်းရိုက်ကူးခဲ့ပါတယ်။ကိုစိန်အုန်းနဲ့ တွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ရောက်ခဲ့တယ်။ (၉၀)ရွေးကောက်ပွဲကာလစည်းရုံးရေးခရီးစဉ်တွေတော်တော် များများမှတ်တမ်းယူခဲ့ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ပထမတစ်ခေါက် အကျယ်ချုပ်ကနေပြန်လွတ်လာတဲ့၉၅/ ၉၆ မှာ ရိုက်နှက်ဖမ်းဆီးနေတဲ့အချိန်မှာကျွန်တော်မှတ်တမ်းတွေရိုက်ကူးခဲ့ပါတယ်။အခုနောက်ဆုံးလွတ်လာတဲ့နောက်တစ်နေ့ မှာပြန်ပြီးတော့မှတ်တမ်းယူခဲ့ရတယ်။မှတ်တမ်းဓာတ်ပုံရိုက်ဖို့လိုရင် မှတ်တမ်း ရိုက်ခဲ့ပြီးတော့လုံခြုံရေး လိုချင်လည်း လုံခြုံရေးယူပေးခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ကနေပြန်လွတ်လာတဲ့အချိန်မှာ အစ်ကို့အနေနဲ့ဝင်ထွက်ခွင့်ကိုတောင်းခဲ့တာလား။ ဒါမှမဟုတ်ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူခဲ့တာလား ဆိုတာကိုပြောပေးပါ။

ပထမပိုင်းတုန်းကတော့ ကိုစိန်အုန်းနဲ့ပတ်သက်ပြီးတော့ ကိုစိန်အုန်းက ဓာတ် ပုံရိုက်ရင်ကျွန်တော်က vedio ရိုက်တယ်။ကျွန်တော်ကဓာတ်ပုံရိုက်ရင် ကိုစိန်အုန်း က vedio ရိုက်ခဲ့တယ်။ ၉၅/၉၆ မှာကိုစိန်အုန်းထောင်ကျသွားတဲ့အချိန်မှာကျွန်တော်ပဲရှိတယ်။ ကျွန်တော် တစ်ယောက်ထဲဆက်လက်တာဝန်ယူခဲ့ရတယ်။ကျွန်တော်ကိုယ်တိုင်လည်း ၉၇ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ကရင်ဒုက္ခသည်စခန်းနဲ့ပတ်သက်ပြီးတော့မှတ်တမ်းရိုက်ကူးခဲ့တဲ့အတွက်ဖမ်းဆီးထောင်ကျခဲ့တယ်။ အဲဒီအချိန်မှာ ဒီလိုမှတ်တမ်း တွေကိုဘယ်သူမှမရိုက်ရဲဘူး။ ကျွန်တော်တစ်ယောက်ပဲရှိတယ်။ ကျွန်တော့်ကို အဲဒီကိစ်္စနဲ့ဖမ်းပြီးတော့ ထောင်ကျခဲ့တဲ့ အချိန်မှကျွန်တော်ကအင်းစိန်၊ ကလေး၊ လွိုင်ကော်၊ခနီ်္တးအကျဉ်းထောင် တွေမှာ အကျဉ်းကျခဲ့တယ်။ ၂၀၀၄မှာ ပြန်ပြီး တော့လွတ်မြောက်ခဲ့တယ်။ အခု တစ်ခေါက်ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ် လာတဲ့အချိန်မှာ ကျွန်တော်သွား တွေ့ တယ်။ ကျွန်တော်က burmavj မှာ လုပ် နေတယ်။ burmavj မှတစ်ဆငDvb ကိုရုပ်သံအတွက် လုပ်နေတယ်လို့ ပြောပြ ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကိုပညာ အရည်အချင်းတွေမေးပြီးတော့ ဓာတ်ပုံ မှတ်တမ်းရိုက်ကူးဖို့အတွက်ပြန်ခေါ်ခဲ့ပါတယ်။

ကိုဆန်နီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို မှတ်တမ်းယူတဲ့တာဝန်ကိုထမ်းဆောင် နေတဲ့အချိန်မှာ မှတ်မှတ်သားသားဖြစ်ပျက် ခဲ့တာတွေရှိရင် ပြောပြပေးပါ။

ကျွန်တော်တို့ ၉၅/၉၆ ကာလတုန်းက ကုကိ္ကုင်းထိပ်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းကိုပိတ်ပြီးတော့ လူအုပ်စုကြီး က ၀ိုင်းပြီးရိုက်ခံရတဲ့အချိန်မှာ ကျွန်တော် ကရှေ့ဆုံးကားမှာပါတယ်။ ကျွန်တော့် နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ နောက်ပြီး ဦးတင်ဦးရဲ့ကားပါတယ်။ အဲဒါတွေကို အခုချိန်ပြန်တွေးကြည့်တယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ မှတ်မှတ်သားသားဖြစ်ခဲ့တာတွေပဲလို့ပြော ချင်ပါတယ်။

အခုလိုကိုဆန်နီကိုဒေါ်အောင်ဆန်းစုကြည် နေအိမ်ကိုဝင်ထွက်ခွင့်မရတာတွေကအစ်ကို အနေနဲ့ တာဝန်ဝတ်္တရား ပျက်ကွက်လို့ လား။ ဘာတွေဖြစ်ခဲ့လို့ ၀င်ထွက်ခွင့် မရတော့တာလဲ အဲဒါကို ပြောပြပေးပါ။

ကျွန်တော့်ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို ၀င်ထွက်ခွင့်မပေးတော့တဲ့ ပြဿနာက အချင်းချင်း ကိုယ့်တာဝန်နဲ့ ကိုယ်စည်းကမ်းတကျလုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီး ကပ်ကပ် နေထိုင်သူတွေက အန်တီရဲ့ သြဇာအာဏာအရှိန်သုံးပြီးတော့ အချင်း ချင်း နှိပ်ကွပ်မှုတွေရှိနေတယ်။ ဒါတွေ ကြောင့်လည်းတချို့သော လူများဘေး ကို ရောက်ခဲ့တယ်။ ကျွန်တော့် အနေနဲ့ ကျွန်တော်လုပ်တဲ့အလုပ်အပေါ်မှာတာဝန် လစ်ဟင်းတာတွေမရှိပါဘူး။ ကျွန်တော်ခြံထဲမှာပြဿနာတစ်ခုဖြစ်ခဲ့တာတော့ရှိ တယ်။ ဒေါ်ခင်ခင်ဦးနဲ့ ပြဿနာတွေတက် ခဲ့တာတော့ရှိတယ်။ ကျွန်တော်က ဓာတ် ပုံမှတ်တမ်းယူတဲ့လူဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်လုပ်ရတဲ့အပိုင်းတွေ ရှိတယ်။ ဥပမာ ဒီလှိုင်းမျက်နှာဖုံးအတွက် ကျွန်တော်ရိုက်ထားတဲ့ပုံတွေကိုထုတ်ပေး ရတယ်။ ကျွန်တော်ထုတ်ပေးတဲ့ဓာတ်ပုံတွေကို အန်တီကိုယ်တိုင်ရွေးတယ်။ ပြီး တော့မှ ဘယ်ဟာသုံးမယ်။ ဘယ်ဟာ မသုံးဘူးလို့ ဆုံးဖြတ်တယ်။ ဒီကိစ္စတွေမှာ ဒေါ်ခင်ခင်ဦးက သူနဲ့မဆိုင်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်း စုကြည်ကဆိုပြီး ကျွန်တော်တို့လုပ်ငန်း တွေကိုလာပတ်သက်တယ်။ ဒီလိုလာလုပ် တာကို ကျွန်တော်ကမကြိုက်ဘူး။ မလုပ်ပါနဲ့လို့ပြောတော့ ကျွန်တော်နဲ့ပြဿနာ နည်းနည်းဖြစ်သွားတယ်။ ကျွန်တော်ပြော ချင်တာက သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ဆိုရင် ဒီပြဿနာတွေဖြစ်လာမှာမဟုတ်ဘူး။ အခုဖြစ်ခဲ့တာက ကိုယ့် အလုပ်မဟုတ်ဘဲဘောင်ကျော်တဲ့ကိစ်္စတွေ ကြောင့်ဖြစ်ခဲ့တာ။ ဒေါ်ခင်ခင်ဦးနဲ့ ပြဿနာ ဖြစ်တဲ့လူတိုင်းထွက်ခွာသွားကြရတယ်။အရှေ့တွေမှာအစဉ်အလာရှိခဲ့တယ်။ ဒီလို မောင်းထုတ်ခံရတဲ့အထဲမှာ သန်းထိုက် အောင်(ခ)ကြက်ဖကြီးဆိုရင် အခုမရှိတော့ ပါဘူး။ သေခါနီးအချိန်မှာ လည်ကတုံးနဲ့ကချင်ပုဆိုးကိုလုံးဝမ၀တ်သွားခဲ့ပါဘူး။ သူက ဒေါ်အောင်ဆန်းစုကြည်ကိုလေးစား ချစ်မြတ်နိုးတယ်။ သူ့ကို ဒီလိုမောင်းထုတ် ခဲ့တဲ့ လူတွေကိုတော်တော်နာကြည်းသွားပုံရတယ်။ ဒါတွေ ကျွန်တော်မပြောချင် တော့ဘူး။ ဒီကိစ္စကိုသိတဲ့လူတွေကို မေး ကြည့်ရင်တော့ ပိုကောင်းမယ်လို့ ကျွန် တော်ပြောချင်တယ်။ ကျွန်တော်ကကိုယ့်အလုပ်ကို ကိုယ်လုပ်ခဲ့တယ် ဆိုတာကို ပြောချင်ပါတယ်။

ကိုဆန်နီကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို ၀င်ထွက်ခွင့် မပေးတော့တဲ့ အကြောင်းက မရိုက်သင့်တဲ့ပုံတွေကို ရိုက် ပြီးတော့ ရောင်းစားခဲ့တယ်လို့ ပြောဆိုနေသံတွေ ကြားနေရပါတယ်။ အဲဒီအပေါ် ဘယ်လို ပြောချင်ပါသလဲ။

ဒီလိုတွေပြောဆိုနေတာကကျွန်တော့် ကို တစ်ဖက်သတ်တမင်သက်သက်စွပ်စွဲ ပြောဆိုတာပဲဖြစ်တယ်။ မရိုက်ရတဲ့ပုံတွေ ကို ရိုက်တာလုံးဝမရှိပါဘူး။ တရားဝင်လမ်းကြောင်းတွေမှာ ရိုက်တာပါ။ တချို့ လူမှုရေးအရသတင်းမတင်ရတဲ့ပုံတွေကို မတင်ဘူး။ ကျွန်တော်မှာစည်းဆိုတာရှိ တယ်။ ဒီလိုပြောနေမယ့်အစား၊တစ်ဖက်သတ်စွပ်စွဲပြောနေမယ့်အစားကျွန်တော်နဲ့ အချိန်မရွေးရှင်းလို့ရတယ်။ ကျွန်တော့် လုပ်ရပ်တွေအပေါ်ယုံကြည်တယ်။ သန့် ရှင်းခဲ့တယ်လို့ပြောချင်တယ်။ ကျွန်တော့် ကိုစွပ်စွဲပြောဆိုနေသူတွေကိုကျွန်တော် အနေနဲ့အချိန်မရွေးဖြေရှင်းဖို့အတွက် အမြဲစောင့်ကြိုနေပါတယ်။

ကိုဆန်နီအနေနဲ့ အင်တာနက် ဖေ့ဘွခ် စာမျက်နှာတွေမှာ ရှိနေတဲ့ ခွန်ဒီယမ် အကြောင်းကို ပြောပေးပါ။

ခွန်ဒီယမ်ဆိုတာလိုင်းပေါ်မှာတွေ့နေ တဲ့ အကောင့်တစ်ခုဖြစ်တယ်။ ဘယ်သူ ဘယ်ဝါဆိုတာ မသိပါဘူး။ သို့သော် နော်စီဖိုးရာတို့နဲ့ တွေ့တဲ့နေ့တုန်းက ကျွန်တော်ရိုက်ကူးပြီးလို့ ဧည့်ခန်းထဲက ထွက်လာပြီး ကျွန်တော့်အခန်းကိုတောင် မရောက်သေးဘူး။ အဲဒီပုံတွေက ခွန်ဒီယမ် အကောင့်မှာ ချက်ချင်းတက်နေတယ်။ အဲဒါတွေကဘယ်လိုနည်း၊ ဘယ်လိုဟန် တွေနဲ့ တက်လာတယ်ဆိုတာတော့မသိ ဘူး။ ဒီပုံတွေမြင်တော့ ကျွန်တော်လည်း တော်တော်တွေဝေသွားတယ်။ အိမ်ထဲမှာ ဆိုရင်ကျွန်တော်ရိုက်တယ်။ သူတို့ရိုက် တယ်။ ဒါပဲရှိတယ်။ ကျွန်တော်တောင် ကင်မရာထဲက ကတ်တွေမထုတ်ပေးခင် မှာ ပုံတွေတက်လာတယ်ဆိုတော့ တော်တော်အံ့သြသွားတယ်။ ဒီလိုတွေ ပြော နေတာက ကျွန်တော်ဆီမှာ သက်သေ အထောက်အထားတွေရှိပါတယ်။ ဒီပုံတွေ တက်လာတဲ့ကိစ်္စကို ကျွန်တော်အဖြေရှာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကိုဝင်ထွက် ခွင့်မရတော့တဲ့အပေါ် ကိုဆန်နီအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

ကျွန်တော်ကို ဦးဝင်းထိန်ကခေါ်ပြော တယ်။ ပြစ်မှုတစ်စုံတစ်ရာမရှိဘူးလို့ပြော တယ်။ ကိစ်္စရပ်အားလုံးကိုတာဝန်ယူဖြေ ရှင်းသွားမယ်။ နောက်နေ့တော့ မလာနဲ့တော့လို့ပြောတယ်။ ဒီလိုလုပ်လိုက်တဲ့ လုပ်ရပ်ဟာတစ်ဖက်သတ်ကြီးတရားမဲ့စွာ လုပ်လိုက်တဲ့ကိစ်္စလို့ပဲမြင်တယ်။ လူကြီး တစ်ယောက်အနေနဲ့မလုပ်သင့်တဲ့အရာကိစ္စပါ။ နောက်ဆုံးတစ်စုံတစ်ရာပြဿနာ ရှိခဲ့တောင် ကျွန်တော့်ကိုမေးမြန်းရမယ်။ စစ်ဆေးရမယ်။ ပြန်ဖြေရှင်းချက်ကို နားထောင်သင့်တယ်။ ပြီးရင်ဆုံးဖြတ်သင့် တာကိုဆုံးဖြတ်ပြီး အန်တီကိုတင်ပြပြီး တော့ ကျွန်တော့်ကိုဝင်ထွက်ခွင့်ပိတ်လိုက် ရင်တောင် ကျွန်တော့်အနေနဲ့ ဒေါ်အောင် ဆန်းစုကြည်ကို ထိုင်ရှိခိုးပြီးထွက်လာမှာ ပါ။အခုဦးဝင်းထိန်ဆုံးဖြတ်လိုက်တာက တစ်ဖက်နားကိုနားထောင်ပြီးလုပ်ခဲ့တယ် လို့မြင်တယ်။ ကျွန်တော်တို့က အာဏာ ရှင်ကိုတော်လှန်ပြီး ဒီမိုကရေစီတောင်း နေပေမဲ့ကျွန်တော့်ကိစ္စကိုဆုံးဖြတ်လိုက် တာကတော့ အာဏာရှင်ဆန်နေတယ်။ ဒီလိုလုပ်ရပ်တွေက ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ငာေါန ကို အများကြီးထိခိုက် တယ်။ဒီလိုလုပ်တာတွေဟာအစဉ်လာလို ဖြစ်နေတယ်။ အရင်တုန်းက ကိုကျော်ဆန်း တို့ကိုလုပ်ခဲ့တယ်။ နောက်ဆုံး ဒေါ် အောင်ဆန်းစုကြည်ကားမောင်းတဲ့ ရာဖီးကိုတောင်မောင်းထုတ်ခဲ့တယ်။ ဒီလိုပြုမူ ဆောင်ရွက်နေတာကိုမကြိုက်ဘူး။ ဒီလို လုပ်နေတာတွေကို ဒေါ်အောင်ဆန်းစု ကြည် သိစေချင်တယ်။ နောက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း အန်္တရာယ်တွေရှိနေတယ်။ အဲဒါကိုတော့ စိုးရိမ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြည်သူတွေ ကြုံတွေ့နေရတဲ့အခက်ခဲပြဿနာတွေကို အမှန်ပြောနိုင်မယ့်သူမရှိဘူးလို့ သုံးသပ်မှု တွေရှိနေပါတယ်။ အဲဒီအပေါ်ဘယ်လိုမြင်တယ်ဆိုတာပြောပေးပါ။

ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ကို ပြည်သူတွေရဲ့ခံစားချက် တွေကိုတင်ပြဖို့လိုတယ်။ ဒီလိုတင်ပြတဲ့ လူတွေက နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအမြော်အမြင်ရှိတဲ့လူတွေဖြစ်ဖို့လိုတယ်။ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအမြော် အမြင်မရှိတဲ့လူတွေဆိုရင်တော့ ဘယ် ဟာ အရေးကြီးတယ်။ ဘယ်ဟာအရေးမကြီး ဘူးဆိုတာကို မခွဲခြားတတ်တော့ တင်ပြ နေတာတွေ လွဲချော်နေတာတွေ ရှိနေတယ်လို့ ပြောချင်တယ်။

ကိုဆန်နီအနေနဲ့ ခုနကပြောသွားသလို ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေရဲ့ ဆန္ဒတွေကိုပြောနိုင်မယ့်လူတွေက ဘယ်လိုလူမျိုးတွေဖြစ်သင့်တယ်ဆိုတာပြောပေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုသိသင့် သိထိုက်တာတွေကိုသိအောင်လုပ်ရမယ်။ လိုအပ်တာတွေကို အမှန်အတိုင်းအကြံ ပေးနိုင်တဲ့ ပုဂ်္ဂိုလ်မျိုးတွေလိုအပ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေ မှာ ကိုဆန်နီကိုဝင်ထွက်ခွင့်မပေးတဲ့အပေါ် တချို့ကကောင်းတယ်။ တချို့ကမကောင်း ဘူးလို့ပြောနေကြတယ်။ဒီလိုဝေဖန်မှုတွေ ကို ဘယ်လိုပြောချင်ပါသလဲ။

နိုင်ငံရေးအခြေအနေဆိုတာက ဒီနေ့ ကောင်းချင်ကောင်းမယ်။ နောက်နေ့ ပြောင်းချင်ပြောင်းသွားနိုင်တယ်။ ပြောင်း ချင်မှလည်းပြောင်းမယ်။ အနေအထားတွေအမျိုးမျိုးရှိတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုက ရေစီအပြောင်းအလဲကာလမှာခက်ခဲစွာ ရုန်းကန်နေရတဲ့အချိန်မှာ အန်တီဘေးနား မှာရှိတဲ့လူတွေအားလုံးကညီညီညွတ်ညွတ် စည်းစည်းလုံးလုံး၊ တိုင်တိုင်ပင်ပင်ရှိပြီး တော့ အန်တီအတွက် ဘာလုပ်ကြမလဲ ဆိုတာကို အားလုံးလုပ်သင့်တယ်။ အခုဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည် ဘေးနားမှာ ရှိတဲ့လူတွေက အုပ်စုဖွဲ့ပြီး လိုရင်တစ်မျိုး၊ မလိုရင် တစ်မျိုးလုပ်နေ တာတော့မကောင်းဘူးလို့မြင်ပါတယ်။

ကိုဆန်နီကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကိုဝင်၊ ထွက်ခွင့်မပြုတော့ဘူးလို့ ပြောခဲ့တဲ့ ဦးဝင်းထိန်က ပြန်လည်ဖြေ ရှင်းမှုမလုပ်တဲ့အပေါ် ဘယ်လိုသုံးသပ်တယ်ဆိုတာပြောပေးပါ။

ကျွန်တော့်ကို သူကိုယ်တိုင်က ဘာ ကိစ်္စမှမရှိပါဘူး။ ဒီကိစ်္စကိုတာဝန်ယူတယ် လို့ပြောခဲ့တာပဲ။ သူရှင်းရမှာပေါ့။ သူ့မှာ တာဝန်ရှိတယ်။ သူရှင်းပြနိုင်တဲ့အကြောင်းပြချက်မရှိရင်တော့ သူ့ရဲ့လုပ်ဆောင်ချက် လုံးဝမှားနေတယ်။ မှန်တယ်ဆိုရင် သူရှင်း ပြဖို့လိုတယ်လို့ပြောချင်တယ်။

ကိုဆန်နီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေရိုက်ကူးပေးတာလည်း ကြာခဲ့ပြီ။ ကိုဆန်နီမရှိတော့ရင် ဒေါ် အောင်ဆန်းစုကြည်က မသိနိုင်ဘူးလား။အစ်ကိုအနေနဲ့ဘယ်လိုမြင်ပါသလဲ။

ကျွန်တော် ခုနက ပြောခဲ့သလိုပဲ။ ဘေးနားက ဖုံးတာကွယ်တာတွေ၊ သိသင့် တာကို မသိအောင်လုပ်နေတဲ့လူမျိုးတွေ ရှိနေလို့ဖြစ်နေတာပါ။ ဒါပေမဲ့အချိန်တန် တော့သိတာပဲ။ အန်တီအနေနဲ့သိလိုက် တဲ့အချိန်မှာ အချိန်လွန်သွားပြီ။ အထုတ် ခံရတဲ့ လူတွေက သူတို့ရဲ့ဂုဏ်သိက္ခာ အတွက်ပြန်ပြီးတော့ ဖြေရှင်းခွင့်မရခဲ့ဘူး။ သို့လော၊သို့လောနဲ့ ထွက်ခဲ့ရတယ်။ တကယ်လို့ ခြံထဲကို ၀င်၊ ထွက်ခွင့်အပိတ် ပင်ခံရတဲ့ လူတွေကို လမ်းမှာတွေ့ရင် အန်တီနုတ်ဆက်ပါမလား။ အဲဒီလူတွေကိုဖက်လဲတကင်းနှုတ်ဆက်တယ်။ အဲဒီ လူ တွေကလည်း ယနေ့အချိန်ထိ အန်တီကို လေးစားတုန်းရှိနေသေးတာတွေ့ရတယ်။ ကျွန်တော့်ကိစ်္စနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုသိအောင်လုပ်သွား မှာဖြစ်တယ်။ ကျွန်တော်မှာ အန်တီဆီကို ရောက်တဲ့နည်းလမ်းတွေရှိပါတယ်။ ကျွန်တော်ကြိုးစားနေပါတယ်။

ကျွန်တော်မေးခဲ့တဲ့ မေးခွန်းတွေအပေါ် တစ်စုံတစ်ရာထပ်မံဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားဝင်ခန့်ထားတဲ့ ဦးဝင်းထိန်ကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ တရား မဲ့စွာလုပ်ခဲ့တာတော့မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့အလားအလာ မကောင်းဘူး။ ဒါတွေကို ကျွန်တော်က ဆက်လက်ဖော်ထုတ်သွားမှာဖြစ်တယ်လို့ ပြောချင်တယ်။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။

http://hotnewsweekly.com/

0 comments:

Post a Comment