Wednesday, May 28, 2014

ကမ္ဘာ့အသန်ဆုံး လူငယ်လေးများ

ရိုမေးနီးယားလူငယ်လေးတွေဖြစ်တဲ့ အသက် ၉ နှစ်အရွယ် Giuliano Stroe နဲ့ အသက် ၇ နှစ်အရွယ် သူ့ညီ Claudiu တို့ဟာ နေ့စဉ် အလေးမ လေ့ကျင့်ခန်းနဲ့ အပြေးအပါအဝင် ကြွက်သား မာကြောစေတဲ့
လေ့ကျင့်ခန်းတွေ လုပ်ကြပါတယ်။



ဓာတ်ပုံ- The Mirror
ဒါကြောင့် အရွယ်နဲ့ မလိုက်အောင် ကြွက်သားတွေက ဖုထစ်သန်မာလွန်းလို့ သူတို့ဟာ အခုဆို ကမ္ဘာ့ အသန်ဆုံး လူငယ်လေးများ အဖြစ် ကင်ပွန်းတပ်ခံရပါတယ်။
အသက် ၃၅ နှစ်အရွယ် လူငယ်လေးတွေရဲ့ ဖခင်ဖြစ်သူက သား ၂ ယောက်ကို ဟာကျူလီတွေ အဖြစ်
အောင်မြင်ကျော်ကြားမှုတွေ ရဖို့ အိပ်မက်နဲ့ ရိုမေးနီးယားကနေ အီတလီကိုလည်း ပြောင်းရွှေ့ဖူးသလို ဗြိတိန်ကိုလည်း သားတွေအတွက် သေချာ လေ့ကျင့်ပေးနိုင်ဖို့နဲ့ ဝင်ငွေတွေရဖို့ ပြောင်းရွှေ့ချင်ပါတယ်လို့
ပြောထားတဲ့ အကြောင်း The Mirror သတင်းတပုဒ်မှာ ရေးထားပါတယ်။














အိမ့်သံစဉ်
ဧရာဝတီ

0 comments:

Post a Comment