Tuesday, May 27, 2014

ကိုရီးယားရောက်မေမြတ်နိုး အင်တာနက်ဆုရဖွယ်ရှိ



တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ ဒီနှစ်အတွက် Miss Asia Pacific World ပြိုင်ပွဲကြီးမှာ မြန်မာပြည်ကိုယ်စားပြုအလှမယ် မေမြတ်နိုးက
အနည်းဆုံး ဆုတခု ဆွတ်ခူးဖွယ် ရှိနေပါပြီ။
အဲဒီဆုကတော့ အင်တာနက်ပရိသတ်တို့ရွေးချယ်တဲ့ဆုပါပဲ။

မဲ တသိန်းကျော် ကိုယ်စီ ရနေတဲ့ မြန်မာနဲ့ ဖိလစ်ပိုင်က ထိပ်ဆုံးမှာ ရောက်နေပါတယ်။
ဖိလစ်ပိုင်အင်တာနက်သမားတွေ အခုထက် ပိုပြီး တက်ကြွကြမယ် ဆိုရင်တော့ ဖိလစ်ပိုင်အလှမယ်က မေမြတ်နိုးကို အနိုင်ရသွားနိုင်ချေ ရှိနေပါပြီ။
ဒါကြောင့် မေမြတ်နိုးပရိသတ်တချို့ကလည်း မြန်မာအလှမယ်ကို အားပေးဖို့ အွန်လိုင်းမှာ လှုံ့ဆော်နေတာပါ။
.
မေမြတ်နိုးက ပြိုင်ပွဲမြေကို ခြေမချခင်ကတည်းက အင်တာနက်ပရိသတ်ရဲ့အားပေးမှုကို ရနေသူပါ။ ဒီအကြောင်း ဒီဘလော့မှာ
တောင်ကိုရီးယားသွားပြိုင်မယ့်မေမြတ်နိုး အွန်လိုင်းမဲအများဆုံးရနေ ဆိုပြီး ဖော်ပြခဲ့ပါတယ်။
http://blog.irrawaddy.org/2014/05/blog-post_3586.html မှာ ပြန်ဖတ်နိုင်ပါတယ်။

အဲဒီမှာ မဲပေးနိုင်တဲ့လင့်ကို တွေ့ရပါလိမ့်မယ်။

မဲပေးလိုသူ ပထမဆုံး လုပ်ရမှာကတော့ ပြိုင်ပွဲကော်မတီရဲ့ဖေ့စ်ဘုတ်စာမျက်နှာကို like လုပ်ရခြင်းပါ။
အဲဒါက အဆင့် ၁။
အဆင့် ၂ ကို ဆက်သွားမယ် ဆိုရင်တော့... okay ကို ကလစ်ရပါမယ်။ ကိုယ့်ဖေ့စ်ဘုတ်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ ကိုယ့်မိတ်ဆွေများရဲ့ အီးမေးလ်လိပ်စာတွေကို ကော်မတီက ရယူနိုင်ပါမယ်။ (အဲဒါကို သဘောမတူရင် cancel ကိုနှိပ်ပြီး မဲပေးမယ့်အစီအစဉ်ကို ရုပ်သိမ်းရုံသာ။)
အဆင့် ၃ ကတော့ ကိုယ်ပေးချင်တဲ့ မိန်းမလှကို မဲပေးဖို့ပါ။

Step 2: Give the App Permissions, Click here Grant Permission to App (you need to do this just once)
Step3: Vote for your favorite girl!
လို့ ဆိုပါတယ်။

တယောက်ထက် ပိုပြီး မဲထည့်အားပေးနိုင်တယ်။
တရက်ကို ငါးယောက်အထိ ပေးလို့ရကြောင်း သူတို့က စည်းကမ်းချက် သတ်မှတ်ထားတာပါ။
မဲရုံပိတ်တဲ့ စနေနေ့အထိ မဲပေးနိုင်ပါတယ်။

ကဲ... အနိုင်အရှုံးက အွန်လိုင်းစာဖတ်သူများလက်ထဲမှာ အများကြီး ရှိနေပါကြောင်း။

(အပေါ်ဆုံးပုံက ပြိုင်ပွဲအတွက် ဖိလစ်ပိုင်မှာ သွားရောက် လေ့ကျင့်တုန်းကပုံပါ။
ကျန်တဲ့ပုံတွေကတော့ တောင်ကိုရီးယား ပြိုင်ပွဲမှာရောက်နေတုန်း ရိုက်ထားတာတွေပါ။ ပုံတွေကို သူ့ဖေ့စ်ဘုတ်က ယူပါတယ်)









ဧရာဝတီ

0 comments:

Post a Comment