Monday, May 19, 2014

နိုင်ငံတွင်း မငြိမ်သက်မှုများကို နှိမ်နင်းရန် ထိုင်းစစ်တပ်မှ မာရှယ်လော ထုတ်ပြန်


လပေါင်းများစွာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားအပြီး နက်ရှိုင်းစွာ နှစ်ခြမ်းကွဲနေသည့် ထိုင်းနိုင်ငံတွင် မေ ၂၀ ရက်က စစ်တပ်မှ မာရှယ်လော ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မြို့တော်အနှံ့တွင်၌ လက်နက်ကိုင်တပ်ဖွဲ့များကို တပ်ဖြန့်ထားသော်လည်း အဆိုပါလုပ်ရပ်သည် အာဏာသိမ်းခြင်းမဟုတ်ကြောင်း စစ်တပ်က အခိုင်အမာ ပြောဆိုလျက်ရှိသည်။ဘန်ကောက်မြို့၏ အချက်အချာ နေရာတွင်လည်း စက်သေနတ်တပ်ဆင်ထားသော စစ်ကားတစ်စီးနှင့် သေနတ်ကိုင်ဆောင်ထားသော စစ်သားများတွေ့ရကြောင်း သိရသည်။ ရုပ်သံလွှင့်ဌာနများတွင်လည်း အစိုးရတပ်ဖွဲ့ဝင်များ နေရာယူထားပြီး မီဒီယာကို စီစစ်ဖြတ်တောက်တော့မည်ဟု စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။

ယခုလ အစောပိုင်းတွင် အငြင်းပွားဖွယ် တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် ၀န်ကြီးချုပ် ယင်လက်ရှင်နာဝပ်ထရာသည် ရာထူးမှ ပြုတ်ကျခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း၌ တင်းမာမှုများ မြင့်တက်လာလျက် ရှိသည်။

စစ်တပ်ပိုင်ရုပ်သံဌာနမှ မာရှယ်လောကို ကြေညာခဲ့ပြီးနောက် ပြည်သူများအားလုံးကို ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ရှိစေရန်လည်း စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။ “ဒါဟာ အာဏာသိမ်းတာ မဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စိုးရိမ်ကြောက်ရွံ့နေစရာ မလိုဘဲ ပုံမုန်အတိုင်းပဲ နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chan-O-Chaan က အမျိုးသားလုံခြုံရေး အခြေအနေကြောင့် မီဒီယာကို ဆင်ဆာဖြတ်တောက်ထားမည်ဟု ကြေညာခဲ့သည်။

ယခုစစ်တပ်၏ လုပ်ရပ်သည် အစိုးရထောက်ခံသူများအား ဒေါသထွက်စေပြီး ၎င်းတို့ကလည်း ယခုဖြစ်ရပ်ကို အာဏာသိမ်းသည့် လုပ်ရပ်ဟုပင်မြင်ကြောင်း ပြောကြားခဲ့ကြသည်။

Ref:AFP
EMG

0 comments:

Post a Comment