Sunday, May 18, 2014

မိုးရွာမှ ရေ အဝ ချိုးရသူများ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နဲ့ အတော်ဝေးသေးတဲ့ ပဒါရွာလို့ ခေါ်တဲ့ ချင်း ရွာလေးပါ။ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပါတယ်။


တပေါင်း၊ တန်ခူး လကျော်လာရင်တော့ ဒီရွာမှာ ရေရှားပါးတဲ့ဒဏ်ကို ကြုံတွေ့နေကြပါ။ တရွာလုံးမှာ
ရေတွင်း ၈ တွင်းရှိတယ် ဆိုပေမယ့် နွေရာသီရောက်တိုင်း တွင်းရေတွေ ခမ်းကုန်တာပါ။

ရေတွင်းတွေ မကဘူး ချောင်းရေပါ ခမ်းခြောက်သွားတာပါ။ သက်ဆိုင်ရာတွေက ဘယ်လိုအကူအညီမျိုး
တွေ ပေးတာရှိလဲ မေးကြည့်တော့ …

ရွာသားတဦးဖြစ်တဲ့ ကိုမောင်လေးက "အစိုးရက ရွာကြီးတွေကိုတောင် မရောက်တာ။ ကျတော်တို့ ဒီရွာ ကတော့ မျှော်မနေပါဘူး။ ဒီလိုဘဲ တွင်းရေက ထွက်သလောက်ရေနဲ့ပဲ မျှ သုံးကြတယ်။ မနေ့က မိုးရွာလို့ ကျတော်တို့ ရွာသားတွေ ရေအဝချိုးရတာ" တဲ့။

ကဲ... ပဒါရွာ ဆိုတာ ဒီဓာတ်ပုံတွေ က ဖော်ကျူးထားပါတယ်။












ငြိမ်းဇော်
ဧရာဝတီ

0 comments:

Post a Comment