စပိန်နိုင်ငံတွင် အီဘိုလာ ကူးစက် ရောဂါ ဖြစ်ပွားသောကြောင့် ကုသခြင်း ခံနေရသူ သူနာပြု ဆရာမ၏ အချစ်တော် အိမ်မွေးခွေးကို ရောဂါပျံ့ နှံ့ နိုင်သည့် အန္တရာယ်ကြောင့် တာဝန်ရှိသူ များက မလွှဲသာ၍ သတ်ဖြတ်ခဲ့ရရာ တိရစ္ဆာန်ချစ်သူများ၏ ပြင်းထန်စွာ ထကြွတုံ့ ပြန်မှုများ ဖြစ်ပွားလာ ခဲ့သည်။
ခွေးလေး အိက်ကယ်လီဘာကို သုတ်သင်ခြင်း မပြုရန် တားဆီးနေကြ သူများ။ ဓာတ်ပုံ - Daily Mail
သူနာပြု ဆရာမ တီရီဆာ ရိုမီယို ရာမို့စ်၏ ခွေးလေး အိက်ကယ်လီဘာကို လက်စတုံး ခဲ့ရကြောင်း အစိုးရ ကျန်းမာရေး တာဝန်ရှိသူက အတည်ပြုလိုက်ရာ တိရစ္ဆာန်ချစ်သူများ စိတ်နှလုံးတွင် ဒေါသများ ကြိမ်မီးအုံး သဖွယ် တောက်လောင်သွား စေခြင်း ဖြစ်သည်။ တာဝန် ရှိသူက "ကံကြမ္မာ ခေလို့  အခုလို လုပ်ဖို့ ကလွဲပြီး အခြား ရွေးချယ်စရာ ကျွန်တော်တို့ မှာ မရှိတော့လို့ ပါ"ဟု ရှင်းလင်း ပြောဆိုသည်။သူနာပြု ဆရာမ ရာမို့စ်သည် ဥရောပ တိုက်၏ ပထမဆုံး အီဘိုလာရောဂါ ကူးစက် ခံရသူ ဖြစ်ပြီး သူမ၏ ခွေးလေးကို သုတ်သင်ခြင်း မပြုမီ နေအိမ်ကို ပိုးသတ်ဆေးဖြန်းကာ ခွေးငယ်ကို အိပ်အောင်လုပ်ပြီးမှ ကားဖြင့် အနီးအနားရှိ မီးသင်္ဂြိုလ်စက်သို့ တင်ဆောင်သွားပြီး သုတ်သင် လိုက်ခြင်း ဖြစ်သည်။
ခွေးငယ် အိက်ကယ်လီဘာကို သုတ်သင် ရှင်းလင်းခြင်းက တိရိစ္ဆာန်ချစ်သူ များ၏ ထကြွပုန်ကန်မှု တစ်ရပ်အသွင်သို့ ပင် ကူးပြောင်း သွားခဲ့ပြီး ခွေးလေးကို လာခေါ်ထုတ်သည့် ဗင်ကားကို တားဆီးရန် အထိပင် ပြုလုပ် ခဲ့ကြသည်။ သားသတ်သမား များဟုလည်း ပြစ်တင် အော်ဟစ်ကြသည်။ ကားထွက်သွား သောအ ခါ အချို့ သူများမှာ မြေပေါ်ပစ်လှဲပစ်ကာ လူးလိမ့်နေရသည့် အထိ ၎င်းတို့ ၏ မချိတင်ကဲခံစား ရသည့် ဝေဒနာကို လည်း တွေ့ မြင်ရသည်။ အိက်ကယ်လီဘာကို ထိုကဲ့သို့ သုတ်သင်ခြင်း မပြုရန် အတွက်လည်း အာဏာပိုင်များထံ လူပေါင်း ၃၀၀၀၀၀ခန့် က အသနားခံစာတင် ကာ တိုက်တွန်းခဲ့သည်။
စပိန်အနောက်မြောက်ပိုင်း ဂလက်စီယာတွင်နေထိုင်သော အသက် ၄၄နှစ်ရှိ သူနာပြုဆရာမ ရာမို့ စ်သည် အီဘိုလာပိုးကြောင့် သေဆုံးသွားသော စပိန်ဘုန်းတော်ကြီးနှစ်ဦးကို ကုသရာ အဖွဲ့ တွင် ပါခဲ့ပြီး ၎င်းကို ရောဂါကူးစက်သည်ဟု သိရှိချိန်ကစကာ သီးခြားထားထားသည်။ စပိန် ကျန်းမာရေးဝန်ကြီး အမျိုးသမီးဖြစ်သူ အန်နာမာတိုလည်း ရာမို့ စ်ကိစ္စနှင့် ပတ်သက်ကာ ရာထူးက ဆင်းပေးရန် တောင်းဆိုခံနေရသည်။ ရာမို့ စ်ကို ဆေးရုံကြပ်မတ်ဆောင်တွင် သီးခြားထားရှိရန်ခေါ်ဆောင်စဉ်က သာမန်ဆေးရုံတင်ကားဖြင့်ခေါ်ဆောင်သလို ပါလာသည့် ဆေးဝန်ထမ်းများကလည်း အကာအကွယ်မဝတ်ခေါ်ဆောင်လာခြင်းဖြစ်သည့် သတင်းများထွက်ပေါ်ခဲ့၍ဖြစ်သည်။
ရာမို့ စ်၏ ခင်ပွန်းသည်ဖြစ်သူ ဂျာဗီယားလီမွန်ရိုမီယိုကိုလည်း ဆေးရုံကြပ်မတ်ဆောင်တွင် သီးခြားထားရှိထားသည်။ ၎င်းမှာ ယမန်နေ့ မနက်ပိုင်းအထိ ရောဂါ ကူးစက်မှုမတွေ့ ရသေးဟုဆိုသည်။ စတင်ဖြစ်ပွားသည့် တနလာင်္နေ့ ကစလျှင် အီဘိုလာရောဂါအန္တရာယ်ကြောင့် သီးခြားခွဲထားရသည့် လူခြောက်ဦးရှိပြီဖြစ်သည်။ "အခုတော့ ကျွန်မ တော်တော်လေးနေကောင်းနေပါတယ်"ဟု သီးသန့် ခန်းတွင် ဆေးဝါးစောင့်ရှောက်မှုဖြင့် သက်သာစပြုနေသည့် ရာမို့ စ်က တီဗီချန်နယ်တစ်ခုသို့  ဖုန်းဖြင့်ပြောခဲ့သည်။
Thursday, October 9, 2014
အီဘိုလာ ရောဂါရှင်၏ ခွေးကို သုတ်သင်သောကြောင့် စပိန်တွင် တိရစ္ဆာန် ချစ်သူများ ဆန္ဒပြ
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment