အာရှ ယူ-၁၉ ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် လူငယ် အသင်းဟာ ဒီကနေ့ညမှာ ယီမင်နဲ့ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ပါတော့မယ်။ အောင်မြင်မှုတွေနဲ့ ကာလရှည်ကြာ အလှမ်း ကွာဝေးနေခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းရဲ့ အနာဂတ်ကို ပြောင်းလဲမယ့် သွေးသစ်လေးတွေ အဖြစ် ပရိသတ်တွေ အများကြီး မျှော်လင့်ထားတဲ့ လူငယ် တစ်သိုက်ဟာ အမိမြေမှာ အာရှထိပ်သီး အသင်းတွေနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖို့ အကြောင်း ဖန်လာတာလည်း ဖြစ်ပါတယ်။
အာဆီယံ ယူ-၁၉ ပြိုင်ပွဲရယ်၊ ဘရူနိုင်း ဖိတ်ခေါ်ဖလား ပြိုင်ပွဲရယ်မှာ အတွေ့အကြုံယူ ကစားခဲ့ပြီးတဲ့နောက် မြန်မာ ယူ-၁၉ ပြိုင်ပွဲရဲ့ ကြိုတင်ပြင်ဆင်မှုတွေဟာ အားရစရာ အဆင့်မျိုးလို့ ရှုမြင်နိုင်ပါပြီ။ လက်ရွေးစင် အသင်းတစ်ခုရဲ့ ပွဲစဉ်တွေကို အားပေးဖို့ မွတ်မွတ်သိပ်သိပ် စောင့်ဆိုင်းနေတဲ့ မြန်မာပရိသတ်ကလည်း ဒီနေ့ည ပွဲစဉ်အတွက် ကြိုတင်နိုးကြား တက်ကြွနေကြပြီ ဖြစ်ပါတယ်။ လက်မှတ်အခက်အခဲတွေနဲ့ တခြားပြဿနာတချို့ ရှိနေကြောင်း သတင်းတွေ ထွက်နေပေမယ့် မြန်မာအသင်းရဲ့ ပွဲစဉ်ကို ကွင်းလုံးပြည့်လျှံ အားပေးကြမှာ သေချာပါတယ်။
အာရှ ယူ-၁၉ ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ လူငယ်ဘောလုံးအသင်းနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့၊ စိတ်စောနေတဲ့ ပရိသတ် တချို့ကို Online က ဆက်သွယ်မေးမြန်းထားတဲ့ ရင်ဖွင့်စကားသံတွေကို Soccer Myanmarက ပြန်လည် မျှဝေ လိုက်ရပါတယ်။
အုပ်စု အဆင့်က တက်စေချင်တယ် ဒါပေမယ့် တစ်ဖက်မှာလဲ ပြိုင်ဘက်ကောင်းတွေနဲ့တွေ့ရမှာဆိုတော့ သိပ်အများကြီး မမျှော်မှန်းရဲသေးဘူး အရမ်းမျှော်လင့်ပြီး ရင်ကွဲခဲ့ရပေါင်းက များပြီလေ ဘယ်လိုပဲဖြစ်ဖြစ် ယူ၁၉ အသင်းရဲ့ ကြိုးစားအားထုတ်မှုကို အားရပါတယ် စိတ်ဒါတ် ရေးရာကောပေါ့ ထိုက်တန်တဲ့ကြိုးစားမှုအတွက် အောင်မြင်မှုတော့ ရမယ်လို့ ထင်ပါတယ်။ အစကတော့ ကိုယ်တိုင် ကိုယ်ကျ အားပေးမလို့ပဲ ဘောလုံးပွဲဆိုတာ ဘောလုံး ကွင်းထဲမှာ အားပါးတရ အားပေးပြီး ကြည့်ရမှ အရသာ ရှိတာလေ အခု ကျနော်က အလုပ် တာဝန်နဲ့ နေပြည်တော်မှာ ရောက်နေတာ ဆိုတော့ တီဗွီကပဲ အားပေးတော့မယ် ဘယ်လိုနည်းနဲ့ အားပေးရ အားပေးရပါ မြန်မာ အသင်းနဲ့ ပတ်သက်ရင် မကြည့်ဘဲလဲ မနေနိုင်ဘူးလေ။အကြိုက်ဆုံးလို့ပြောလိုက်ရင် ကျန်တဲ့ကစားသမားတွေ ကို မကြိုက်ဘူးဆိုသလို ဖြစ်သွားနိုင်တယ် အကုန်လုံးကြိုက်တယ် teamwork ကောင်းတာကို ကြိုက်တယ်။
Phone Myint Khaing
အဆုံးစွန်ထိ မျှော်လင့်တယ်။ ကိုယ်နိုင်ငံ အသင်းပဲ အကောင်းဆုံးပေါ့ နိုင်နိုင်ရုံးရုံး အကောင်းဆုံး အသင်းပဲ ချန်ပီယံပေါ့ ။ တခြားနိုင်ငံက အသင်းတောင် အသင်းစွဲ ဖြစ်သေးတာကို ကိုယ့်နိုင်ငံအသင်း ဆိုတော့ ဘယ်ပြောကောင်းမလဲ အဆုံးစွန်ထိ ပုံအောထားတယ်။ အကြိုက်ဆုံး ကစားသမားကတော့ အောင်သူပါ။ ကစားပုံ ကောင်းတယ်။ အသင်းက ကောင်းပြီး ရှုံးခဲ့တာ သိပ်သဘောမကျဘူး။ စိတ်ဓာတ်ပိုင်းလေးတွေ ထပ်ကျင့်ဖို့ လိုမယ် ထင်ပါတယ်။ စိတ်က သိပ်မတည်ငြိမ်သေးဘူးလားလို့။ ဒါကလည်း သဘာနဲ့တော့ ဆိုင်ပါတယ်။ အသင်းကိုတော့ အလုပ်ကနေ သွားကြည့်ဖို့ အဆင်မပြေလို့ ရုံးဆင်း နီးစပ်ရာမှာပဲ TV ကနေ အားပေးတော့မယ်။ မြန်မာအသင်း အောင်နိုင်ပါစေ။
စည်သူ
အများကြီး မျှော်လင့်မိတယ်။ ခံစားချက်ကတော့ ပြောမပြတတ်အောင်ပဲ အလုပ်ကို ခွင့်ယူပြီးတော့ ကို သွားကြည့်မှာ ပွဲတိုင်းကိုပေါ့။ အရင်အသင်းတွေထက်ကို မျှော်လင့်မိတယ် ပိုပြီးတော့ပေါ့။တိုက်စစ်ကြီးပဲ သိပ်မလုပ်ပါနဲ့။ ယူ-၁၉ မှာ အကြိုက်ဆုံးကို ပြောပါဆို နံပါတ် ၉ အောင်သူ ကိုကြိုက်ပါတယ်။ နိုင်လိုစိတ် အရမ်းပြင်းထန်မဲ့ ပုံပဲ။ ယူ-၁၉ အသင်း ပရိသတ်ကို စိတ်မပျက်ပါစေနဲ့လို့ ရှုံးရှုံးနိုင်နိုင် ပရိသတ်တွေကို နှုတ်ဆက်ပေးပါလို့ ပြောချင်ပါတယ်။
ပြည့်စုံမှူး
အခု ၃ပွဲလုံး နိုင်မယ်လို့ထင်တယ်။ သူတို့ကို ယုံကြည်မှု့ အပြည့်အဝ ရှိပါတယ်။ အကြိုက်ဆုံးရယ်တော့ မရှိပါဘူး။အကုန်လုံး ကောင်းကြပါတယ် သူတို့ခြေစွမ်းတွေက တူညီပါတယ်။ နည်းပြကိုရော သူတို့ကို ထိန်းတဲ့ သူတွေရော သဘောကျတယ်။ မနက်ကန်တော့မယ်ဆို ည8နာရီလောက်မှာ ဖုန်းတွေ အကုန် သိမ်းထားတာတို့ ဘာတို့ စည်းကမ်းလေး လုပ်တာလေးကိုလည်း သဘောကျတယ်။ ပွဲစဉ်တိုင်းကို ကွင်းထဲသွား အားပေးမှာပါ။
မသင်းသင်း
ချန်ပီယံ မျှော်လင့်ချက်ကတော့ မြန်မာ ကန်တဲ့ ပွဲတိုင်း ရှိခဲ့တာပဲ။ အခုလည်း ချန်ပီယံ ပေါ့။ သူတို့လည်း အကောင်းဆုံး ကြိုးစားကြမယ်လို့ ထင်ပါတယ်။ u 19 ကို စသိတာ အင်ဒိုနီးရှား နဲ့ ချစ်ကြည်ရေးပွဲကပေါ့ ။၂ပွဲ ကစားတဲ့ အင်ဒိုမှာ ၁ပွဲနိုင် ၂ ပွဲ သရေ။ အဲ့ကတည်းက စကြိုက်တာ ပြီးတော့ ဂျပန်နဲ့ ရန်ကုန်မှာ ကန်တော့ ၁ – ၀ နဲ့ နိုင် သွား တော့ တော်တော်လေး feel ဖြစ်သွားတယ် ။ အဲဒါနဲ့ ဒူဘိုင်းကနေ မရရအောင် လာကြည့်တာပါ။ တချို့စင်ကာပူက လူတွေနဲ့လည်း ချိန်းထားတယ်။ သူတို့လည်း ပြန်လာပြီး ကြည့်ကြမှာပါ။ U- 19 က အကြိုက်ဆုံးဆိုရင် No 6 ,7 နဲ့ 9 ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊အောင်သူ အကြိုက်ဆုံးပဲ။ ခံစစ်ပိုင်းကိုတော့ နည်းနည်း စိုးရိမ်မိတယ်။ အားနည်းနေတယ်လို့ ထင်မိတယ်။
Kira
အမြင့်ဆုံးကိုတော့ မျှော်လင့် ထားပါတယ်။ ကမ္ဘာ့ဖလား ၀င်ခွင့် ရချင်တာပေါ့။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် အားပေးမှာပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်နေလို့ပါပဲ။ အလုပ်ရှိနေသေးလို့ ဒီနေ့တော့ အိမ်ကနေပဲ အားပေးဖြစ်မယ် ထင်ပါတယ်။
Nay Lwin
သူတို့ ကြိုးစားအားထုတ်မှုတွေ ရှိတယ် စိတ်ဓာတ်လေးတွေလည်း ကောင်းတယ် အသင်းနည်းပြရဲ့ ရင့်ကျက်မှုကလည်း အံ့သြဖို့ ကောင်းတယ် ပြည့်စုံတဲ့ အသင်းတသင်းလို့ မြင်မိတာတော့ အမှန်ပဲ။ အများကြီးတော့ မမျှော်လင့်ထားဘူးဗျ ဘာလို့လည်း ဆိုတော့ ကစားသမားလေးတွေက ၀ါနုကျသေးတယ် သူတို့အပေါ် ဖိအား မဖြစ်စေချင်ဘူး သူတို့လည်း အတတ်နိုင်ဆုံး အကောင်းဆုံး ယှဉ်ပြိုင်ကြမှာပဲ ဒါကို အသိအမှတ်ပြုပေးရမယ် ပြီးတော့ ဆီမီးအဆင့် ရတာနဲ့ လူငယ် ကမ္ဘာ့ဖလား ၀င်ပြိုင်ရမယ် ဆိုတော့ ကျွန်တော်အနေနဲ့ကတော့ ဒီပြိုင်ပွဲမှာ ဆီမီးအဆင့် ရောက်ပါစေလို့တော့ ဆုတောင်း နေမိတာ အမှန်ပဲ အဲ့ဒီနေရာထိ ရောက်ဖို့ပဲ မျှော်လင့်မိပါတယ်။ အကြိုက်ဆုံး ကစားသမားကတော့ .. မေးစရာ မလိုအောင် ဖြေရရင် အောင်သူပေါ့ သူ့ရဲ့ အားထုတ်မှု အားစိုက်မှု ကြိုးစားမှုက ကွင်းထဲမှာ မြင်နေရတဲ့ အတိုင်းပဲ ဘာမှကို ပြောစရာ မလိုသလို ပရိုကစားသမား တစ်ယောက် အနေနဲ့လည်း ထိုက်တန်ပါတယ်။ကစားပုံက .တကွင်းလုံးကို လူရသလို သူတတ်နိုင်သလောက် ကစားဖော် ကစားဖက် အချင်းချင်းကို နားလည်မှုပေးနိုင်တယ် လိုအပ်ရင် လိုအပ်သလို ဦးနှောက် သုံးတတ်တယ် အဲ့တာလေးတွေကိုတော့ သဘောကျမိပါတယ်။
ရဲဟိန်း
မြန်မာတစ်ယောက် အနေနဲ့ကတော့ ဘယ်ပြိုင်ပွဲကန်ကန် ဖလား ရချင်ပါတယ်။ ဖလား မရရင်လည်း Semi ရောက်ရင်ပဲ ကျေနပ်ပါတယ်။ ပွဲစဉ်တိုင်း ကွင်းထဲ သွားအားပေးဖြစ်မှာပါ။ ရှုံးရှုံးနိုင်နိုင် မြန်မာ အသင်းကို စည်းကမ်းရှိရှိ အားပေးကြပါစို့။
Mg Wine Chit
ဒီနေ့ စကန်မယ့် U19 မှာ မြန်မာရဲ့ မျှော်လင့်ချက်ပေါ့နော်. မြန်မာ အသင်းက ကစားအား ကောင်းတဲ့ အသင်းလို့ မြင်တယ်။ အရင်နဲ့ အရမ်းကို ကွာခြားတယ်။ ဒါပေမယ့် အခု မြန်မာအသင်းနဲ့ အတူတကွ ပါဝင်နေတဲ့ အသင်းတွေကလည်း လျှော့တွက်လို့ ရမယ့် အသင်းတွေ မပါဘူး ဒါ့ကြောင့် မြန်မာ အနေနဲ့ အိမ်ရှင်အားနဲ့ မြန်မာဆိုတဲ့ စိတ်ဓါတ်နဲ့ ကစားပြီး အလွန်ဆုံး မျှော်လင့်ရသလောက်တော့ အုပ်စု အဆင့်ကိုတော့ ကျော်နိုင်မယ်လို့တော့ ထင်ပါတယ်။ ပရိသတ် အနေနဲ့လည်း အကောင်းဆုံး အားပေးကြပါစို့လို့။
မောင်ဝင်းကိုကိုအောင်
ယီမင် က ခြေစစ်ပွဲ အောင်လာပြီး နောက်ပိုင်းတော်တော် လေးပျောက်ချက်သား ကောင်းနေပြီး ၂၀၁၄ မေလ ၂၃ နဲ့ ၂၅ ရက်နေ့မှာတော့ ဂျာကာတာ မှာ ခြေစမ်းပွဲံ ၂ ပွဲ လာကစား သွားတယ်။ မြန်မာ အသင်းလာပြီး သိပ်မကြာခင်ပေါ့ ။ပထမ အဲ့ဒီအသင်းက အခု AFC ယူ ၁၉ ဝင်ပြိုင်မယ့် အသင်း ဟုတ်မဟုတ် မသေချာဖူး ဘာလို့လဲ ဆိုတော့ အဲ့ဒီမှာ လာကန် သွားတဲ့ ယီမင် ယူ၁၉ ရဲ့ ခြေစွမ်းဟာ ခြေစစ်ပွဲ အောင်လာဖို့ လုံးဝ မဖြစ်နိင်ဖူး။ ပွဲ မှာ ၃-၀ နဲ့ ရှုံးပြီး ဒုတိယ ပွဲမှာ အင်ဒို အရန် အသင်းကို ၁-၁ သရေ ကစားသွားတယ်။ အဲ့ဒီတော့ ကျွန်တော့် အထင်တော့ သူထက် ပိုကောင်းတဲ့ အသင်းကို လွတ်မှာ ကြိမ်းသေတယ် သေချာတာ ကတော့ သူတို့က အရပ်တွေ ရှည်မယ် အဝေးဘော ကစားမယ် ပါဝါနဲ့ တိုးမယ် ။ကျွန်တော်တို့ မြန်မာ အသင်းရဲ့ ကစားပုံ ကတော့ အားလုံး သိတဲ့ အတိုင်းပဲ တိုက်စစ် အားပြု ကစားမယ်။ ဘောလုံး ပိုင်ဆိုင်မှု အသာရဖို့ ဦးစားပေးမယ်။ ပြီးတော့ မြန်မာ အသင်းဟာ လက်ရှိအချိန် မှာ ဒဏ်ရာ ပြဿနာ တော်တော် လေးကင်းနေတယ် ဘရူ နိုင်း ဘုရင့်ဖလား အဖွင့်ပွဲ မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဗီယက်နမ် ပွဲကို ပါ လွဲ ချော်ခဲ့တဲ့ ရှိုင်းသူရ ဒဏ်ရာ ကနေ သက်သာလာပြီ ဖြစ်ပြီး ဟိုရက်က ခြေကျင်းဝတ် ဒဏ်ရာ နည်းနည်း ရခဲ့တဲ့ နန်းဝေမင်းလည်း သက်သာ လာပြီ ဖြစ်လို့ လူစုံဖို့ ရှိတယ်။ တကယ်တော့ ယီမင် အသင်း က ဘယ်လို အသင်းမျိုးပဲ လွတ် လွတ် ကိုယ့် နောက်တန်း နဲ့ ဂိုးသမားတာ အမှားနည်း နိုင်သလောက် နည်းအောင် ကြိုးစား နိုင်ရင် ယီမင် ဟာ အခုလက်ရှိ ကျွန်တော်တို့ရဲ့ ပြိုင်ဖက် အဆင့် မရှိပါဖူး။ တကယ်တော့ ယီမင် အသင်း က ဘယ်လို အသင်းမျိုး ပဲ လွှတ် လွှတ် ကိုယ့် နောက်တန်း နဲ့ ဂိုးသမားတာ အမှားနည်း နိုင်သလောက် နည်းအောင် ကြိုးစား နိင်ရင် ယီမင် ဟာ အခုလက်ရှိကျွန်တော်တို့ ရဲ့ ပြိုင်ဖက် အဆင့် မရှိပါဖူး။ မဖြစ်မနေ နိုင်ရမယ့် ပွဲ ဖြစ်ပြီး မြန်မာ အသင်းကပဲ ၂-၀ ယ ၃-၁ ရလာဒ်တွေ နဲ့ နိုင်သွား လိမ့်မယ် ထင်ပါတယ်။အရေးကြီး တာ နောက်ဆုံး ဗီယက်နမ် ထိုင်းတို့ နဲ့ ပွဲ မှတွေ မှာလို အဝေးဘောတွေ ပေးပြီး ကောင်တာ အမြန်နှုန်းနဲ့ ထိုးဖောက်တာ ကို နည်းဗျူဟာ ကျကျ တားဆီး နိုင်ဖို့ပါ ယီမင် ဟာ ကြိမ်းသေပေါက် အဲ့ ဒီပုံစံ ကစားလာပါလိမ့်မယ်။
ကျော်သူစိုးနိုင်
လက်ရှိအသင်း အပေါ် အားရကျေနပ်မှု ရှိပေမယ့် အများကြီး မမျှော်လင့်ထားရဲပါဘူး၊ အုပ်စုအဆင့် ကျော်နိုင်မယ် လို့တော့ ထင်ပါတယ်။ ပုံမှန် ခြေစွမ်းပြနေတဲ့ အောင်သူကိုတော့ အကြိုက်ဆုံးပါ ဒါပေမယ့် သူ့အပေါ်မှီခိုလွန်းနေတာမျိုးမဖြစ်စေချင်ဘူး
နေဇာသစ်
အခု ပြိုင်ပွဲဝင်မယ့်လူငယ်အသင်းဟာ ယူ-၁၉ အသင်း အနေနဲ့ သူတို့က နောက်ဆုံးပွဲ ကစားရမယ် ထင်ပါတယ်။ နောက်နှစ်တွေဆို လက်ရွေးစင် အသင်းကြီးမှာ ကန်ရတော့မယ့် အရွယ်တွေ ဖြစ်ကုန်မှာဆိုတော့ အကောင်းဆုံး ပေးဆပ် ကစားမယ် ထင်ပါတယ်။ ဖြတ်တင်ဘောတွေ၊ အဝေးကန်ချက်တွေကို အရမ်း သဘောကျပါတယ်။ ဂိုးသမားတော့ နည်းနည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ မြင်တယ်။
မေမောင်မောင်
မြန် မာ U-19 အသင်းနဲ့ ပက်သက်ပြီး အားရ ကျေနပ်မှု အရှိဆုံးက တိုက်စစ်ပိုင်း ပါပဲ တိုက်စစ်က ပွဲတိုင်းနီးပါး ဂိုးသွင်းထားနိုင်တယ်။ ကွင်းလယ်က အကောင်းဆုံး မဟုတ်ဘူး ဆိုပေမယ့် သာမာန်ထက်တော့ ပိုပါတယ် ။ ကျွန်တော်ကြိုက်တဲ့ အချက် တစ်ချက်က ကွင်းလယ်မှာ အဝေး ကန်ချက်တွေ နဲ့ ခြိမ်းခြောက်နိုင်တဲ့ ကစားသမား ကောင်းတွေ ရှိနေတာပဲ။
မြန်မာ အသင်းရဲ့ အဓိက အားအနည်းဆုံး နေရာကတော့ နောက်တန်းနဲ့ ဂိုးသမားလို့မြင်မိတယ် ။ Skill ပိုင်းမှာ မသိသာပေမယ့် တည်ငြိမ်မှု မရှိတာ ကို တွေ့ရတယ် ။ Vietnam နဲ့ HBC Final ပွဲ Thai နဲ့ ASEAN U-19 SemiFinal တွေမှာ မြန်မာအသင်း နောက်တန်းရဲ့ လျော့တိလျော့ရဲ ကစားပုံ တည်ငြိမ်မှု မရှိတာတွေကနေ တဆင့် မပေးသင့်တဲ့ ဂိုးတွေ ပေးထားရတာကိုတွေ့ရတယ်။ မှတ်တမ်းတွေ ပြန်ရှာ ကြည့်လိုက်တော့ မြန်မာ ဂိုးသမားက ဂိုးပေါက် ၂.၅ကြိမ် တည့်ရင် တစ်ဂိုးနှုန်း ပေးထားရတာ တွေ့ရတယ်။ အဲ့ဒီ အချက်ဟာ မြန်မာ အသင်း အောင်မြင်မှု အတွက် အဓိက အဟန့်အတား ဖြစ်မယ်လို့ ကျွန်တော်တော့ သုံးသပ်မိတယ်။
သက္ကရာဇ်
အသင်း အပေါ် အမြင် ကတော့ မျိုးလှိုင်ဝင်း တို့ နောက်ပိုင်း မြန်မာ အသင်းထဲမှာ အကောင်းဆုံးလို့မြင်ပါတယ် ကစားအားရော စိတ်ဓါတ်ပိုင်းရောပေါ့ skill ပိုင်းမှာပါပေါ့။ ဖလားမရခဲ့တောင် ကမ္ဘာ ဖလား ၀င်ခွင့်တော့ရစေချင်တယ်။ ကိုယ့် မြေ ကိုယ့် ကွင်းမှာ ကန်ရမှာဆိုတော့ သန့်သန့်ရှင်းရှင်း စိတ်ဓါတ် ကောင်းကောင်းနဲ့ ကန်စေချင်တယ် ။ အားပေးကြမယ့် ပရိတ်သတ် တွေ လည်း စနစ်တကျ အားပေးစေချင်ပါတယ်။
ဝေထွန်း
Thursday, October 9, 2014
အာရှ ယူ-၁၉ ပြိုင်ပွဲဝင် မြန်မာ့ လူငယ်အသင်း အတွက် ပရိသတ်များ၏ ရင်ဖွင့်စကားသံ (FAN TALK)
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment