Thursday, October 2, 2014

စစ်လက်နက်ပစ္စည်း ရောင်းဝယ်ခွင့် အမေရိကန် ဆက်ပိတ်ထားဦးမည်

မြန်မာ အစိုးရအပေါ် ကလေးစစ်သား အသုံးပြုမှုနှင့်ပတ်သက်၍ ဒဏ်ခတ်ပိတ်ဆို့ ထားမှုကို ဆက်လက်ထားရှိရန် အမေရိကန် သမ္မတ အိုဘားမားက စက်တင်ဘာ ၃၀ ရက်တွင် ဆုံးဖြတ်လိုက်သည်ဟု အေအက်ဖ်ပီ သတင်းက ဆိုသည်။



၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်က ပြုလုပ်ကျင်းပသည့် ၆၉ ကြိမ်မြောက် တပ်မတော်နေ့တွင် စစ်အင်အားပြသသည့် စစ်လက်နက် ပစ္စည်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

အမေရိကန်နိုင်ငံခြားရေးဌာနမှ နှစ်စဉ် ထုတ်ပြန်သော ကလေးစစ်သား ကာကွယ်ရေး ဥပဒေ (CPSA) စာရင်းဝင် နိုင်ငံကိုးခုတွင် မြန်မာနိုင်ငံနှင့်အတူ ဆီးရီးယားနိုင်ငံ၊ ဆူဒန်နိုင်ငံတို့ ပါဝင်နေသည်။အဆိုပါဥပဒေအရ စာရင်းဝင်နိုင်ငံများကို အမေရိကန်နိုင်ငံမှ စစ်ရေးအရ အကူအညီပေးခြင်းနှင့် စစ်ဘက် ဆိုင်ရာ ပစ္စည်း ရောင်းချခွင့်ကို တားမြစ်မည် ဖြစ်သည်။

ကလေးသူငယ် အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာရေးနှင့် အစီရင် ခံတင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) ၏ အဖွဲ့ဝင်ကုလသမဂ္ဖ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ကမူ မြန်မာ့တပ်မတော်၏ ကလေးစစ်သားပ ပျောက်ရေးလုပ်ဆောင်မှုများကို စက်တင်ဘာ ၂၅ ရက် ကြေညာချက်တွင် ချီးကျူးထားသည်။

CTFMR အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ယူနီဆက်ဖ်(မြန်မာ) ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဘိန်း ဘဲလ်က “ယနေ့ အထိရခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော်တို့ ချီးကျူးပါတယ်” ဟု ကြေညာချက်တွင် ထုတ်ဖော်ပြောဆိုထားသည်။

အစိုးရနှင့် ယနေ့တိုင် ပြည်နယ်အဆင့်ပင် အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဒု-ဗိုလ်မှူးကြီး တာဘုန်းကျော်ကမူ မြန်မာ့တပ်မတော တွင် ကလေးစစ်သားများ အသုံးပြုနေဆဲဟု မဇ္ဈိမကို ပြောသည်။

CTFMR ၏ စာရင်းတွင် တပ်မတော်အပါအ၀င် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ ကချင်လွတ်လပ် ရေးအဖွဲ့၊ ကရင် အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ ငြိမ်းချမ်းရေး ကောင်စီ၊ ကရင်နီတပ်ဖွဲ့၊ “ဝ” ပြည်နယ် ညီညွတ်ရေးတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်တပ်ဖွဲ့ တောင်ပိုင်းတို့၌ ကလေးစစ်သား အသုံးပြု နေသည်ဟု ပါဝင်သည်။

မြန်မာအစိုးရသည် ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းစီမံချက်ကို CTFMR နှင့် ၂၀၁၃ ခုနှစ် လက်မှတ် ရေးထိုးပြီးချိန်မှစ၍ စက်တင်ဘာလ ၂၅ ရက်အထိ အရွယ်မရောက်သေးသည့် ကလေးစစ်သား ၄၇၂ ဦး နုတ်ထွက်ခွင့် ပြုထားသည်ဟု ယူနီဆက်ဖ်(မြန်မာ)က ကြေညာထားသည်။


မဇ္ဈိမ

0 comments:

Post a Comment