Thursday, October 2, 2014

နိုင်ငံတကာသို့ ၃၀ ကျပ်ဖြင့် SMS ပေးပို့နိုင်ဟု Telenor ပြော



Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းလိုင်းများဆီသို့ SMS (စာတိုစနစ်) ပေးပို့နိုင်ကြောင်း၊ ထိုကဲ့သို့ SMS ပေးပို့ရာတွင် ဈေးနှုန်းအနေဖြင့် ၃၀ ကျပ် သတ်မှတ်ထားကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်လိုက်သည်။လက်ရှိအချိန်၌ Telenor သည် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများအတွင်း နိုင်ငံ ၅ နိုင်ငံဆီသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် Roaming ကွန်ရက်ကို ဖွင့်လှစ်ပေးထားပြီး နိုင်ငံတကာသို့ မိုဘိုင်းဖုန်း ခေါ်ဆိုမှု အဖြစ် နိုင်ငံပေါင်း ၂၃၄ နိုင်ငံဆီသို့ ခေါ်ဆိုမှုပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သော Telenor ဆင်းမ်ကတ်များသည် နိုင်ငံပေါင်း ၂၄၃ နိုင်ငံဆီသို့ အထွက်ခေါ်ဆိုမှု ပြုလုပ်လိုပါက နိုင်ငံအပေါ်မူတည်၍ တစ်မိနစ်လျှင် အနည်းဆုံး ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ကျသင့်မည်ဟု Telenor က သတင်း ထုတ်ပြန်ထားသည်။ နိုင်ငံပေါင်း ၂၃၄ နိုင်ငံအနက် ခေါ်ဆိုမှုပြုလုပ်ရန် ခက်ခဲသည့် အက်စတိုးနီးယားနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိနစ်လျှင် ၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး ခေါ်ဆိုမှုပြုလုပ်ရန် လွယ်ကူသည့် ကနေဒါနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိလျှင် ၁၀၀ ကျပ်သာ ကျသင့်မည်ဟုလည်း သိရသည်။

Telenor သည် မန္တလေးမြို့၌ ဆင်းမ်ကတ်များကို စတင်ရောင်းချခဲ့ပြီဖြစ်ပြီး ပြည်တွင်း SMS စနစ်အတွက် တစ်စောင်လျှင် ၁၅ ကျပ် သတ်မှတ်ထားသည်။ အသံခေါ်ဆိုမှုအတွက် မည်သည့်အော်ပရေတာ ကိုမဆို ခေါ်ဆိုသည့်အခါ တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်သည်ဟု သိရသည်။Telenor ၏ ပြိုင်ဘက်အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းခေါ်ဆိုမှုကို ၎င်း၏ အော်ပရေတာတူ ဖုန်းလိုင်း အချင်းချင်း ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားသော အော်ပရေတာ၏ မိုဘိုင်းဖုန်းလိုင်းကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

Ooredoo ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအချက်အလက်အရ ၎င်းတို့ မိုဘိုင်းဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ပြည်ပနိုင်ငံများနှင့် Roaming ကွန်ရက်ရရှိရန် ကြိုးစားနေကြောင်း၊ Roaming ကွန်ရက်ကို ရရှိပါက ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Internet Journal

0 comments:

Post a Comment