သီတင်း ကျွတ်ကာလပွဲတော်များအတွင်း ဘုန်းကြီးကျောင်းများအား အဓိက ထားဖောက်ခွဲ တိုက်ခိုက်မည်ဟူသော ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့(ွRSO)၏ ခြိမ်းခြောက်မှုသတင်း ကြောင့် မောင်တောဒေသတွင် အောက်တိုဘာ ၁ ရက်မှ စပြီးလုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်း ကြိမ် ချောင်းရဲစခန်းမှ သိရသည်။မောင်တောမြောက်ပိုင်းကျီးကန်း ပြင်စစ်ဆေးရေးဂိတ်တွင်ွRSO သင်တန်းဆင်း တပ်ဖွဲ့ဝင်သုံးဦးကို စက်တင်ဘာ ၂၆ ရက်က ဖမ်းဆီးရမိ ပြီးနောက် ကျေးရွာလုံခြုံရေးကင်းစခန်းများတွင် လုံခြုံရေးဦးရေတိုး မြှင့်ချထားခြင်းဖြစ်ကြောင်း တောင် ပြိုနယ်ခြားစောင့်တပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦး၏ပြောပြချက်အရ သိရသည်။
''ဗုဒ္ဓဘာသာဝင်တွေ သီတင်း ကျွတ်ကာလအတွင်း စိတ်နှလုံးတုံး တုံးချ တရားဘာဝနာပွားများနိုင် အောင်နဲ့ ပွဲတော်တွေကျင်းပနိုင် အောင်လုံခြုံရေးတိုးမြှင့်ချထားတာ ပါ။ စစ်တပ်လုံခြုံရေးက ကျွန်တော်တို့ ကျေးရွာမှာအရင်ငါးဦး၊ အခုတော့ ရှစ်ဦးထိတိုးချဲ့ချထားပါတယ်ွRSO ခြိမ်းခြောက်မှုသတင်းကြောင့် ဒေသခံ တချို့က မြို့ကိုတက်သွားနေကြသလို တချို့ကလည်း ပင်မလုံခြုံရေးစခန်း တွေရှိတဲ့ ကျေးရွာများမှာခိုလှုံရှောင် တိမ်းနေထိုင်မှုတွေရှိနေတယ်''ဟု မင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းထွန်းက ပြောသည်။
မောင်တောဒေသတွင်းနေထိုင် သူတချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အယ်လ်ခိုင်ဒါ၊ တာလီဘန်အဖွဲ့ အစည်းများ၏ ကျောထောက်နောက် ခံပြု RSO အကြမ်းဖက်အဖွဲ့အစည်း တွင် သင်တန်းတက်နေကြောင်း၊ တချို့မှာသင်တန်းဆင်းပြီး ဒေသတွင်း တွင် အကြမ်းဖက်လှုပ်ရှားမှုများပြု လုပ်မည်ဟူသော သတင်းကြောင့် မောင်တော နယ်ခြားစောင့်တပ်ဖွဲ့မှ မောင်တော မြို့နယ်အတွင်းနေထိုင် သူများအားစိစစ်နေကြောင်း သိရ သည်။
''လုံခြုံရေးအတွက်တော့ မစိုး ရိမ်တော့ပါဘူး။ စခန်းမှာလုံခြုံ ရေးငါးဦး ထပ်တိုးချထားလာတာကို တွေ့ရပါတယ်။ မကြောက်တော့ဘူး'' ဟု မောင်တောမြောက်ပိုင်းမင်းခ မောင်းကျေးရွာနေ ဦးထွန်းတင်မောင် ကပြောသည်။
အယ်လ်ခိုင်ဒါခေါင်းဆောင်က ဇန်နဝါရီ၌ အိန္ဒိယတိုက်ငယ်တွင် အယ်လ်ခိုင်ဒါအဖွဲ့သစ်ကို ထူထောင် ပြီး အိန္ဒိယအပါအဝင် မြန်မာ၊ ဘင်္ဂ လားဒေ့ရှ်နိုင်ငံများကို အကြမ်းဖက် တိုက်ခိုက်မည်ဟု စက်တင်ဘာ ၃ ရက် က သတင်းထုတ်ပြန်ထားသည်။
Democracytoday
Monday, October 6, 2014
သီတင်းကျွတ်ကာလအတွင်း ဘုန်းကြီးကျောင်းများအား ဖောက်ခွဲမည့် သတင်းကြောင့် မောင်တော၌လုံခြုံရေးတိုးမြှင့်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment