Tuesday, October 7, 2014

ကိုလံဘီယာတွင် ရိုးရာ ဘာသာရေး ပွဲတော်တစ်ခု၌ မိုးကြိုးပစ်ချပြီး လူ(၁၁)ဦး သေဆုံး


ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားစဉ်

ကိုလံဘီယာ နိုင်ငံတွင် ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေစဉ် မိုးကြိုးပစ်မှုကြောင့် လူ(၁၁)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဝေးလံသီခေါင်ပြီး လူသူအရောက်အပေါက် နည်းပါးသည့် တောတောင်ဒေသ ကျေးလက် လူ့အဖွဲ့အစည်း တစ်ခုတွင် ရိုးရာ ဘာသာရေးပွဲတော်တစ်ခု ကျင်းပနေစဉ် မိုးကြိုးပစ်ချခြင်း ဖြစ်သည်။ နိုင်ငံမြောက်ပိုင်းတွင် နေထိုင်သည့် ဝီဝါတိုင်းရင်းသား မျိုးနွယ်စု တစ်ခုသည် ရိုးရာ ဝိညာဉ်ပူဇော်ပွဲ တစ်ခုကို ကျင်းပနေခဲ့ခြင်း ဖြစ်သည်။အောက်တိုဘာ(၅)ရက် ညပိုင်းက ဖြစ်ရပ်တွင် လူအများ စုရုံးနေချိန် မိုးကြိုးပစ်ချသဖြင့် လူ(၁၁)ဦး သေဆုံးကာ (၁၅)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ဒဏ်ရာရရှိသူများကို စစ်တပ် ရဟတ်ယာဉ်များပေါ် တင်ဆောင်ကာ ဆန်တာမာတာမြို့ရှိ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ကိုလံဘီယာမြောက်ပိုင်း ဆီရာနီဗာဒါးရှိ တောင်ပေါ်မြို့ ဂူယန်ချာကာရှိ သက်ငယ်မိုး ဝတ်ပြုကျောင်းဆောင် တစ်ခုတွင် ဝီဝါတိုင်းရင်းသား (၆၀)မျှ စုရုံးပြီး ဘာသာရေးပွဲတော် ကျင်းပနေစဉ် မိုးကြိုးတည့်တည့် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ဝတ်ပြုကျောင်းဆောင်အဖြစ် အသုံးပြုထားသည့် တဲငယ်မှာ လုံးဝ မီးလောင် ပြာကျသွားကြောင်းလည်း သိရှိရသည်။

_Ref: BBC

7Day Daily

0 comments:

Post a Comment