Thursday, October 2, 2014

ဗိုလ်မှူးကြီး တိုက်ဂါးကို အမှုဖွင့်

အစိုးရတပ်မတော်နှင့် တင်းမာမှုဖြစ်ပွားပြီးနောက် တိမ်း ရှောင်နေသည့် KNU/KNLA-PC မှဗိုလ်မှူးကြီးတိုက်ဂါးကို လက်နက်ဥပဒေဖြင့် မြ၀တီမြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း နေပြည်တော်မှ သတင်းရရှိသည်။မြ၀တီမြို့၊ အမှတ် (၃) ရပ် ကွက် KNU/KNLA-PC ၇၀၉ ဗျူဟာဝင်းအတွင်းရှိ ဗိုလ်မှူးကြီး တိုက်ဂါးနေအိမ်သို့ စက်တင်ဘာ ၂၈ ရက်က အမှတ် (၁၀၂၂) နယ် ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အ ဖွဲ့တို့က ၀င်ရောက်စစ်ဆေးရာ လက်နက်ခဲယမ်းများ တွေ့ရှိသောကြောင့် အထူးနှင့် အထွေထွေဥပဒေပေါက်ကွဲ (၅) ပုဒ်မဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

ယင်းအိမ်တွင် လူနေထိုင်ခြင်းမရှိ၍တစ်ဦးမျှ ဖမ်းမိထားခြင်းမရှိဘဲ ဗိုလ်မှူးကြီးတိုက်ဂါးမှာမူထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟု ယူဆထားကြောင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အမှတ် (၁၀၂၂) နယ်ခြားစောင့်တပ်ဖွဲ့ ရဲအရာရှိ ကြီးတစ်ဦးက ပြောသည်။

မြ၀တီမြို့တွင် စက်တင်ဘာ ၁၈ ရက်က အစိုးရတပ်၏ ပစ်ခတ် မှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ် ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီးနောက် KNU/KNLA-PC မှ ဗိုလ်မှူးကြီး တိုက်ဂါးက ကရင်ပြည်နယ်အ တွင်း အစိုးရတပ်များ ၀င်ရောက် ရာတွင် လိုက်နာရမည့်အချက် များ ထုတ်ပြန်ခဲ့သည်။

KNU/KNLA-PC ခေါင်း ဆောင်ပိုင်းက ဗိုလ်မှူးကြီးတိုက် ဂါး၏ အစိုးရတပ်အား သတိပေး ချက်မှာ အဖွဲ့နှင့် မသက်ဆိုင် ကြောင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။

ဗိုလ်မှူးကြီးတိုက်ဂါးကို အ စိုးရဘက်မှ အမှုဖွင့်ထားခြင်းကို တိုက်ရိုက်သုံးသပ်ချက်မပေးလို သော်လည်း ငြိမ်းချမ်းရေးယူထား သည့် လက်နက်ကိုင်အဖွဲ့ဝင်တစ် ဦးအား လက်နက်ဥပဒေဖြင့် အမှု ဖွင့်ထားခြင်းမှာ မသင့်လျော်ဘဲ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အေး အေးအေးချမ်းချမ်း ဖြစ်စေလို ကြောင်း DKBA မှ ဗိုလ်ကြီး စော စိုးမြင့်က ပြောသည်။

7Day Daily

0 comments:

Post a Comment