Thursday, October 2, 2014

အမျိုးသားရေးဝါဒီ ဦးဝီရသူသတင်းကြောင့်ဧရာဝတီသတင်းဌာန ခြိမ်းခြောက်ခံနေရ



အမျိုးသားရေးဝါဒအစွဲရှိသူ ဗုဒ္ဓဘာသာဘုန်းတော် ကြီးများအားတစ်ယူ
သန်အစွန်းရောက်များအဖြစ်ရေးသားဖော်ပြမှုအပေါ်အမျက်ဒေါသထွက်
နေသည့်အီလက်ထရွန်နစ် ပဉ္စမံ(ဟက်ကာ)များ၏ နှောင့်ယှက်မှုကြောင့်
ဧရာဝတီအွန်လိုင်းသတင်းဝက်ဘ်ဆိုက်မှာ အောက်တိုဘာ၂ ရက်တွင်
ထုတ်လွှင့်မှု ပြတ်တောက်ခဲ့ရကြောင်း သိရသည်။ဟက်ကာများ၏တိုက်ခိုက်မှုကြောင့် ဧရာဝတီသတင်း ဌာန၏ အင်္ဂလိပ်
ဘာသာသတင်းဝက်ဘ်ဆိုက် ထုတ်လွှင့်မှု ခေတ္တပြတ်တောက်ခဲ့ရပြီး သီရိ
လင်္ကာအမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးများနှင့် မြန်မာအမျိုးသားရေးဝါဒီ
ဘုန်းတော်ကြီး ဦးဝီရသူတို့၏ တွေ့ဆုံဆွေးနွေးပွဲများအကြောင်းရေးသား
ထားသော မြန်မာဘာသာဘလော့ဂ်တစ်ခုလည်း အပိတ်ခံ ခဲ့ရကြောင်း
သတင်းများ၌ ဖော်ပြထားသည်။

ထို့အပြင် ဧရာဝတီသတင်းဌာနသည် ဘာသာရေး စစ်ပွဲ(ဂျီဟတ်)နှင့်မွတ်
စလင်အစွန်းရောက်များအားထောက်ခံနေသည့်သတင်းဝက်ဘ်ဆိုက်ဖြစ်ပြီး
လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို ခုတုံးလုပ်၍ဗုဒ္ဓဘာသာကိုစော်ကား
နေကြောင်းဟက်ကာများက စွပ်စွဲထားသည်။

အလားတူအမျိုးသားရေးဝါဒအစွဲရှိသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား
တစ်ယူသန်အစွန်းရောက်များအဖြစ်ဖော်ပြထားသောသတင်းဆောင်းပါးကြောင့်
သတိပေးခြိမ်းခြောက်မှုများရရှိထားကြောင်းဧရာဝတီသတင်းဌာနကပြော
ကြားသည်။၂၀၁၀ ပြည့်နှစ်မှစ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်
ကို စတင်လုပ်ဆောင်ခဲ့သော မြန်မာနိုင်ငံ၌ လူမျိုးရေးနှင့်ဘာသာရေးအမုန်းစိတ်
အခြေခံဟောပြောမှုများနှင့် လူနည်းစုဝင် မွတ်စလင်များတိုက်ခိုက်ခံရမှုများမြင့်
တက်လာခဲ့ရာအစ္စလာမ္မစ်ဘာသာရေးစစ်ပွဲဝါဒီတို့၏ခြိမ်းခြောက်မှုကိုအကြောင်း
ပြု၍လူမျိုးရေးပဋိပက္ခများပေါ်ပေါက်စေရန်အမျိုးသားရေးဝါဒီသံဃာတော်အချို့
ကတွန်းအားပေးနေကြောင်းဝေဖန်သူများက စွပ်စွဲထားသည်။


စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment