Miss Grand International 2014 ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။
Miss Grand International 2014 ပြိုင်ပွဲကို Miss Golden Land Myanmar Organization မှ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် M ဂျာဆိုင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယင်းပြိုင်ပွဲ၏ ဆန်ခါတင် အယောက် ၂၀ ရွေးချယ်မှုနှင့် Top 5 Finalist Miss Grand International 2014 ရွေးချယ်မတှု ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ ကျူဘား၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့ ပါဝင်ခဲ့သော်လည်း မြန်မာနိုင်ငံသည် ပါဝင်ခြင်း မရှိခဲ့ပေ။Miss Grand International 2014 ဆုကို ကျူးဘားနိုင်ငံမှ မစ်ဒါရန် နီးလီးစ် ၂၀၁၄ က ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲ၏ နိုင်ငံ့ဝတ်စုံကိုယ်စားပြု ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံတို့က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ကြသည်။
မြန်မာနိုင်ငံမှအလှမယ် M ဂျာဆိုင်းသည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲများနှင့် နိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ ငြိမ်းချမ်းစေရေးအတွက် ရည်ရွယ်ပြီး ဆန်းသစ်တီထွင်ထားတဲ့ သိန်း ၅၀ တန်ဖိုး ရှိသည့် ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နိုင်ငံ့ကိုယ်စားပြုဝတ်စုံဆုကို ဗီယက်နမ်နိုင်ငံက ရရှိခဲ့သည်။
အလှမယ် M ဂျာဆိုင်း ယှဉ်ပြိုင်ခဲ့သည့် ဝတ်စုံသည် ကချင်ဝတ်စုံချုပ်သည့်နည်းဖြင့် ဒီဇိုင်းနာကိုယ်တိုင် လက်ဖြင့်အနုစိတ် ပြန်ထိုးကာ ကချင်ငွေမောင်းကွင်းများနှင့် အလှဆင်ထားပြီး မြန်မာချိတ်ဒီဇိုင်းဖြင့် ချုပ်လုပ်ထားသည်။ ယင်းအပြင် နတ်သမီး ခေါင်းဆောင်းကိုလည်း ကချင်ရိုးရာ အငွေ့အသက်များ ပါဝင်စေရန် ဆန်းသစ်ထားသည်။
ညနေခင်း မင်္ဂလာဝတ်စုံဆုကို အင်ဒိုနီးရှားနိုင်ငံက ရရှိခဲ့ပြီး အကောင်းဆုံး ရေကူး ဝတ်စုံဆုကို ထိုင်းနိုင်ငံကရှရှိခဲ့ကာ အကောင်းဆုံး လူမှုဆက်ဆံရေး မီဒီယာဆုကို ဂျပန်နိုင်ငံ က ရရှိခဲ့သည်။
Miss Grand International 2014 ဆုအတွက် ထင်ပေါ်ကျော်ကြားဆုံးဆု၏ ဒုတိယ နေရာတွင် မြန်မာနိုင်ငံက ရပ်တည်ခဲ့သော်လည်း ယင်းဆုကို ကမ္ဘောဒီးယားနိုင်ငံက ရရှိခဲ့သည်။
အွန်လိုင်းမှ မဲပေးရာ၌ မြန်မာနိုင်ငံအတွက် မဲပေးမှုတွင် မဲလိမ်မှုများရှိခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
Wednesday, October 8, 2014
M ဂျာဆိုင်း Miss Grand International 2014 ဆု လွဲချော်
မဇ္ဈိမ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment